တောင်ကိုရီးယား နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် စမတ်စီးတီး (ဒလမြို့သစ်စီမံကိန်း) တခုကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအကောင်အထည် ဖော်ရန်အတွက် Korea Land and Housing Corporation နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကြား နားလည်မှုစာခွျှန်လွှာ MoU ရေးထိုးခြင်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ကျနော်တို့ တည်ဆောက်မယ့် ဒလမြို့သစ်စီမံကိန်းဟာ စမတ်စီး တီးကြီးတခုလို မျှော်လင့်ပါတယ်။ ရန်ကုန်မြစ်ရဲ့ အနောက်ဖက်ကမ်းဟာ အခွင့်အလမ်းကောင်းတွေ ရှိနေသေး တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုရီးယား–မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်ပါတယ် ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ ကိုရီးယား–မြန်မာ ချစ်ကြည်ရေးတံတား (ဒလမြစ်ကူးတံတား) က စတင်တည်ဆောက်နေပြီဖြ စ်တဲ့အတွက် ဒီတံတားကြီးပြီးသွားရင် ဒလဘက်ဟာ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေရှိနေပါတယ်။ ဒီဖွံ့ဖြိုးတိုး တက်မှုအတွက် အခုချိန်ကတည်း စပြီး ကြိုတင်ပြင်ဆင်ထားရမယ့် အခြေအနေဖြစ်ပါတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဒလမြို့သစ်စီမံကိန်းအတွက် ကနဦးလေ့လာဆောင်ရွက်မှုများ လုပ်ဆောင်နေပြီဖြစ်ပြီး ယင်းမြို့သစ် စီမံကိန်းတွင် အိမ်ရာစီမံကိန်းများ၊ အခြေခံအဆောက်အအုံစီမံကိန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့် ဆိပ်ကမ်းစီမံကိန်းတခုလည်း ပါဝင်ကြောင်း သိရသည်။
ယင်းစီမံကိန်း နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏများနှင့် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အ လက်များကို ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
Korea Land and Housing Corporation (LH) အမှုဆောင်အရာရှိချုပ် Mr.Byun Chaung Heum က “ ဒီဒလမြို့သစ် စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့မြေယာ၊ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှာ မှတ်ကျောက်တိုင်တခုအနေဖြင့် တည်ရှိမယ်လို့ ထင်မိပါတယ်” ပြောသည်။
၎င်းကဆက်၍ “ကျနော်တို့ အဖွဲ့အစည်းအနေရဲ့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု အိမ်ယာဖော်ဆောင်ရေးလုပ်ငန်းတွေက အတွေ့ အကြုံများကို မြန်မာနိုင်ငံမှာသာ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့မြို့ပြနဲ့ အိမ်ရာပြဿနာများကို အလျှင်မြန်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ပါလိမ့်မယ်” ဟု ဆိုသည်။
မြို့သစ်စီမံကိန်းလုပ်ငန်းများတွင် တောင်ကိုရီးယားသည် ကမ္ဘာ့အကောင်းဆုံး အသိအမှတ်ပြုခံထားရသည့် နိုင်ငံ တနိုင်ငံဖြစ်သည်။
ယခုမြို့သစ်စီမံကိန်း ပူးပေါင်းအကောင်အထည်ဖော်မည့် ကိစ္စရပ်သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ၏ မွန်ဂျေအင်း ခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းတခုဖြစ်သည်။
သမ္မတ မွန်ဂျေအင်း၏ ခရီးစဉ်အတွင်း မြန်မာ–ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ကျင်းပခြင်းနှင့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင်စက်မှုဇုန်ရှိ မြေဧက ၅၇၀ တွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တသိန်းကျော် ဖန်တီးပေးနိုင်မည့် ကိုရီးယား–မြန်မာစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး စက်မှုဇုန်စီမံကိန်းကိုလည်း စတင်နိုင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက် သိထားတာမရှိသေးဘူး။ ဒီဟာက တိုင်းအစိုးရ Project Bank ထဲက စီမံကိန်းတခု ဆိုရင်လည်း ဘယ်လို စံနှုန်းတွေနဲ့ စစ်ဆေးထားလဲ မသိရဘူး။ MoU ထိုးတဲ့ အဆင့်ရောက်ရင်တောင် လွှတ်တော်ကို ပြောတာမဟုတ်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
စီမံကိန်းတိုင်းကို လွှတ်တော်သို့ တင်ပြခိုင်းခြင်း မဟုတ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အရေးကြီးသည့် စီမံကိန်းအချို့ကိုတော့ လွှတ်တော်သို့ အသိပေးသင့်ကြောင်း သို့မှသာ ထိုစီမံကိန်းများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များမှ လေ့လာပြီး ထိုမှတဆင့် ပြည်သူလူထုထံ စီမံကိန်းအခြေအနေ ရှင်းပြနိုင်မည်ဖြစ်သည်ဟု ထောက်ပြသည်။
ဒေါ်စန္ဒာမင်းက “တခုခုဆိုရင် ပြည်သူတွေက တိုင်းအစိုးရဝန်ကြီးတွေကို လာမေးမှာ မဟုတ်ဘူးလေ ကိုယ့်နဲ့ နီးစပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ လာမေးမှာလေ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိထားဘူး ဆိုရင် ပြည်သူတွေကို ဘယ်လိုပြန်ပြောရမလဲ။ သူတို့ဒေသကို ဒါကြီးလာလုပ်မယ် မြေကြီးတွေ သိမ်းလိုက်လို့သူတို့အတွက် အကျိုးယုတ်သွားမှာလား။ ကျနော်တို့အတွက် ဘယ်လောက် အကျိုးကျေးဇူး ရှိမှာလဲဆိုတဲ့ဟာက ပွင့်လင်းမြင်သာတဲ့ စီမံကိန်းတွေ ဖြစ်ဖို့လိုတယ်” ဟု ထောက်ပြပြောဆိုသည်။
You may also like these stories:
မန္တလေးမြို့တော် ASOCIO Smart City Award 2019 ဆု ထပ်မံ ရရှိ
ဒလတံတား ရန်ကုန်ဘက် တည်ဆောက်ရေး သြဂုတ်လ အတွင်း စမည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ရန်ကုန်တိုင်းအစိုးရက မြေထုတ်ရောင်းမည်