• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေဒဏ်ကျ မြန်မာနှစ်ဦးထံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် အားပေး

by ငြိမ်းငြိမ်း
6 September 2019
in သတင်း
A A
၂၀၁၉ ခု သြဂုတ် ၂၉ရက်က လိပ်ကျွန်းအမှုတွင် သေဒဏ်ကျ မြန်မာနှစ်ဦးဖြစ် သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို ရုံးထုတ်လာစဉ်  / Bangkok Post

၂၀၁၉ ခု သြဂုတ် ၂၉ရက်က လိပ်ကျွန်းအမှုတွင် သေဒဏ်ကျ မြန်မာနှစ်ဦးဖြစ် သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို ရုံးထုတ်လာစဉ် / Bangkok Post

40.7k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်ကျ ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ထံ ယမန်နေ့က သွားရောက်ကာ ထိုင်းဘုရင်ထံ အသနားခံစာတင်သွား မည့် အကြောင်း၊ မြန်မာအစိုးရမှ အကူအညီပေး မှု များ ဆက်လက်ရှိပါမည ်ဖြစ်ကြောင်း ပြောဆိုခဲ့ သည်ဟု သိရသည်။

ရှေ့နေဦးအောင်မျိုးသန့်က “သံအမတ်ကြီးပါတဲ့ ၇ ဦးအဖွဲ့ မနေ့ မနက် ၉ နာရီခွဲ ကနေ ၁၀ နာရီခွဲအထိ ဘန်ခဝမ်အကျဉ်းထောင်ထဲမှာ ကလေးတွေကို သွားတွေ့တယ်။ သံအမတ်ကြီးကိုယ်တိုင် အားပေး စကားနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ပြောပြတဲ့ အခါ ဝမ်းသာအားရဖြစ်ပြီး ကလေးတွေ မျက်နှာလေးတွေ ပြုံးပြုံးရွှင်ရွှင် ဖြစ်တာ တွေ့ရပါတယ်။ သူတို့ကလည်း သံအမတ်ကြီးက တဆင့် ကျနော်တို့ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးပါ ပြောတယ်။ အခုလို လူကြီးတွေ လာတွေ့ တယ်ဆိုတော့ သူတို့လည်း ပြုံးရွှင်ပါတယ်။ သူတို့လည်း ဘုရားတရားနဲ့ ကျန်းမာရေး ဂရုစိုက်ပီးနေပါ့မယ် ပြော တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
550
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.7k

ထိုင်းနိုင်ငံ Koh Tao ကျွန်း(လိပ်ကျွန်း) ၌ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က  ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် အသတ်ခံခဲ့ရမှုတွင် ကျူးလွန် ကြောင်း စွပ်စွဲချက်ဖြင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့ကာ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ခဝမ်ဗဟို အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။

သေဒဏ်မှ လွတ်မြောက်ရေးအတွက် အယူခံအဆင့်ဆင့် ဝင်ခဲ့သော်လည်း သြဂုတ်လ ၂၉ ရက်တွင် ထိုင်နိုင်ငံ ဗဟိုတရားရုံးမှ အယူခံကို အောက်ရုံးတော်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်မည်ဟု အမိန့် ချခဲ့သဖြင့် ၎င်းတို့နှစ်ဦး လွတ်မြောက် ရေးအတွက် နောက်ဆုံးနည်းလမ်းဖြစ်သည့် ထိုင်းဘုရင်မင်း မြတ်ထံ အသနားခံစာ တင်ရမည်ဖြစ်သည်။

လိပ်ကျွန်းအမှုတွင် မျိုးဗီဇ DNA  ဆိုင်ရာ ကွဲလွဲချက်များရှိနေခြင်း၊ အမှု စစ်ဆေးစဉ်အတွင်း အတင်း အကျပ် ဝန်ခံခိုင်းခြင်း စသည့် များကြောင့် ၎င်းတို့အား လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်တိုက် ရှိနေသည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းကလည်း ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့တွင် ၎င်းတို့ လွတ်မြောက်ရေး တောင်းဆိုမှုများ ရှိခဲ့သည်။ စက်တင်ဘာ ၂ ရက်နေ့ကလည်း ထိုင်းဘုရင်မှ သက်ညှာပေးပါရန် တောင်းဆိုမှုများ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

သံအမတ်ကြီးက ၎င်းတို့နှစ်ဦးအား သေဒဏ်မှ လွတ်မြောက်ရေးအတွက် တဆင့်ပြီးတဆင့် ဆောင် ရွက်သွားမည့် အကြောင်းများ ရှင်းပြခဲ့သည်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။ ထို့အပြင် ၎င်းတို့ မိဘများနှင့်တွေ့ဆုံနိုင်ရေးအတွက် သံအမတ်ကြီးက ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ကြောင်းလည်း သိရသည်။

“သေဒဏ်ကနေ ကွင်းလုံးကျွတ်လွတ်ဖို့ ဆိုတာကတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ပထမဆုံးအချက်ကတော့ သေဒဏ်ကနေ လွတ်ပြီး တသက် တကျွန်းတို့ ၁၀ နှစ်တို့ ဖြစ်သွားနိုင်ပါ တယ်။”

အမှုနဲ့ပတ်သက်၍ စက်တင်ဘာ ၅ ရက်က သံအမတ်ကြီးနှင့်အဖွဲ့သည် ထိုင်းရှေ့နေများ ကောင်စီနှင့် လည်း တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်သော်လည်း သေဒဏ်စီရင်မှု မလုပ်သည်မှာ ၈ နှစ် ၉ နှစ်ခန့် ရှိပြီးဖြစ်သည်အတွက် ထိုင်းနိုင်ငံရှေ့နေများကလည်း အခြားနိုင်ငံအများအပြားနည်းတူ သေဒဏ်ချမှတ်စီရင်မှု ဖျက်သိမ်းရေး ကြိုးပမ်းမှုများကို ကြားသိရသည့်အတွက် ဝမ်းသာရသည်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။

လိပ်ကျွန်းအမှု အသနားခံစာတင်နိုင်ရေးအတွက် ထိုင်းရှေ့နေများကောင်စီက ယနေ့ စက်တင်ဘာ ၆ ရက်တွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်နေသည်ဟုလည်း သိရသည်။

“ထိုင်းရှေ့နေများကောင်စီက ဒီနေ့ အစည်းအဝေးပြီးရင် ရှေ့လုပ်ငန်းစဉ်တွေကို သူတို့ ထိုင်းနိုင်ငံက မြန်မာသံရုံးကို အကြောင်းကြားပါမယ်။ အဲဒီအခါ ကျနော်တို့က လုပ်သင့်တာတွေကို ဆက်လက် ဆောင်ရွက်ဖို့ပါ၊ လိပ်ကျွန်း အမှုလိုက်တာ ရှေ့နေပေါင်း ၂၀ ကျော်ရှိပါတယ်။ သူတို့ ဒီနေ့မှ အစည်း အဝေးထိုင်မှာပါ။ ဒီ ၂ လအတွင်း မှာ အသနားခံစာ တင်နိုင်ဖို့ အတွက် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဇယား ထွက်လာမှာပါ။ ဒါကို သံရုံးကို အကြောင်းကြားလာပြီးတဲ့ အခါမှသာ ဒါကို ကျနော်တို့ ဘာဆက်လုပ်မယ်ဆိုတာ ပြောလို့ရမှာပါ။” ဦးအောင်မျိုးသန့်က ပြောသည်။

၎င်းတို့နှစ်ဦးအား ထိုင်းအစိုးရအနေဖြင့် သက်ညှာပေးရန်နှင့် ကူညီစောင့်ရှောက်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုအပတ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာထံ မေတာရပ်ခံခဲ့ပြီး၊  မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ၎င်းတို့ရှိရာ ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်၌ အင်္ဂါနေ့က သွားရောက် တွေ့ဆုံခဲ့သေး သည်။

ဆက်စပ်ဖတ်ရှုရန် – လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦးကို သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆို

လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ရှူံးနိမ့်၊ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်

ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး

လိပ်ကျွန်း လူသတ်မှု သေဒဏ်ကျသူများ အယူခံ ရလဒ် စောင့်ရင်း ထိတ်လန့်တုန်လှုပ်နေ

Your Thoughts …
Tags: ဇော်လင်းမြန်မာသံအမတ်ကြီးလိပ်ကျွန်းဝင်းဇော်ထွန်း
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ခွမ်ဗဟိုထောင်ကြီးတွင် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ အကျဉ်းကျနေသည်မှာ ၈ နှစ် ကျော်ခဲ့ပါပြီ

ထိုင်းထောင်တွင်းမှ ပေးစာ တစောင်

by ဧရာဝတီ
11 July 2023
4k

ယခင် ကိုဗစ်မတိုင်မီ၂၀၂၁ ခုနှစ် အစောပိုင်း အချိန်ကာလများက ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ၎င်းတို့ မိဘများမှ ထောင်ဝင်စာ၂ ကြိမ် လာရောက် တွေ့ဆုံခဲ့ဖူးပြီး ယခုနှစ်အတွင်း မိဘများမှ လူကိုယ်တိုင်လာရောက် တွေ့ဆုံနိုင် ရန် စီစဉ်နေသော်လည်း လုပ်ငန်းစဉ်မှာ...

ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

မြန်မာ ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

by ဧရာဝတီ
6 August 2022
9k

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ၂ ဦး လွတ်မြောက်ရေးအတွက် ဩစတြေးလျနိုင်ငံသားရှေ့နေမှ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ

by ငြိမ်းငြိမ်း
20 April 2018
27.4k

သမ္မတအပြောင်းအလဲတွင် မြန်မာပြည်မှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံခြားသားများ ပြန်လွတ်သကဲ့သို့ ၎င်းတို့ကိုလည်း ထိုင်းအစိုးရမှ လွှတ်ပေးရေး စဉ်းစားပေးရန် မျှော်လင့်နေကြသည်ဟုု ဆိုသည်။

ထိုင်းအာဏာပိုင်များ ယုံကြည်ကြသော မြန်မာ အကြားအမြင် ဆရာမ အီးတီ ခေါ် ဒေါ်ဆွေဆွေဝင်း (အလယ်) / Ko Myo ( Myanmarsar) Myo Myint Myint / Facebook

လိပ်ကျွန်း အမှု မြန်မာ အကြားအမြင်ဆရာမ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာပို့

by ကျော်ခ
4 May 2017
27k

ထိုင်းဘုရင်မင်းမြတ်ထံ ပေးပို့လိုသော မေတ္တာရပ်ခံစာကို အကြားအမြင်ဆရာမ အီးတီ ကိုယ်တိုင် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးသို့ သွားရောက်၍ ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း  / Reuters

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်

by ကျော်ခ
24 October 2019
14.4k

ကျနော်တို့ အခုရမယ့် ကိစ္စသည် အလွန်ဆုံး သေဒဏ်က နေပြီးတော့ တသက်တကျွန်း၊ တသက်တကျွန်း သို့မဟုတ် နှစ်ရှည်ထောင်ဒဏ်ပေါ့။ ထိုင်းနိုင်ငံရဲ့ ဥပဒေ သမိုင်းမှာတော့ ကွင်းလုံးကျွတ်လွှတ်တာ မတွေ့ဖူးသေးဘူး

ထိုင်းဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / seniorgeneralminaunghlaing.com.mm

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦးကို သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆို

by ငြိမ်းငြိမ်း
4 September 2019
52.6k

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံ ရှူံးနိမ့်ခဲ့သော မြန်မာနိုင်ငံသား ၂ ဦးကို သက်ညှာခွင့်ပေးရန် အတွက် ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်သည့် ပရာယွတ်ချန်အိုချာထံ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

Next Post
Rap အဆိုတော် Nicki Minaj

ဂီတလောကကနေ အနားယူတော့မယ်လို့ အဆိုတော် Nicki Minaj ကြေညာ

ကမ္ဘာကျော်စောင်းဆရာကြီး အင်းလေးမြင့်မောင် ကွယ်လွန်ခြင်း(၁၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ (ရုပ်/သံ)

ကမ္ဘာကျော်စောင်းဆရာကြီး အင်းလေးမြင့်မောင် ကွယ်လွန်ခြင်း(၁၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate