လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ ဇူလိုင်လအတွင်း လျှစ်စစ်ဓာတ် အားသုံးစွဲမှု ယူနစ် ပေါင်း၂၁ ဒသမ ၉ သန်း လျော့နည်းသွားခဲ့ပြီး မီတာခမှာမူ ယခင်လထက် ငွေကျပ် ၃၆ ဒဿမ ၈ ဘီလီယံကျော် ကောက်ခံ ရရှိခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း (YESC) က သိရသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ YESC မှ အထွေထွေ မန်နေဂျာ ဒေါ်စိုးစိုးနွယ်က ပြောသည်။
ဒေါ်စိုးစိုးနွယ်က “ကျမတို့ မီတာခတွေ မတိုးခင်မှာ ဇွန်လပိုင်းမှာ ဆိုရင် ငွေကျပ် ၅၅ ဘီလီယံ ရှိပြီး တော့ အခု ဇူလိုင်လ ပိုင်းမှာ ၉၁ ဘီလီယံပေါ့။ ၃၆ ဘီလီယံ တိုးပြီးတော့ ရရှိပါတယ်” ဟု ပြောသည်။
ထိုသို့ တိုး၍ရရှိသည့် ဓာတ်အားခများသည် အိမ်သုံးမဟုတ်သည့် အမျိုးအစားများမှ အများစု ဖြစ် သည့်အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူများသည် ဓာတ်အားခပေးဆောင်ရာ တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ကြောင်းလည်း YESC က အချက်အလက် ထုတ်ပြန်မှုတွင် ထည့်သွင်း ထုတ်ပြောဆိုခဲ့သည်။
YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က “စက်မှုလုပ်ငန်းသုံးတွေကတော့ လုပ်အားခတို့ ဘာတို့ သူတို့ ကုန်ထုတ်လုပ်မှုအပေါ် အဲဒါတွေပေါ် မူတည်ပြီးတော့ နည်းနည်း အကျိုးသက်ရောက်မှုတော့ ရှိမှာပေါ့။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ကတော့ ဒါကို ဆိုးဆိုးရွားရွား မရှိပါဘူး။ သေသေချာချာ ချွေတာပြီး တော့မှ သုံးမယ်ဆိုရင် အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်” ဆိုသည်။
မီတာခများ ကောက်ခံရာတွင် နေအိမ်သုံးစွဲမှုမှ ယခင်လထက် ငွေကျပ် ၁၂ ဘီလီယံ ပိုမိုရရှိခြင်းဖြစ်ပြီး အိမ်သုံးမဟုတ် သည့် အမျိုးအစားမှ ကျပ်၂၄ ဘီလီယံ ပိုမိုရရှိလာခြင်း ဖြစ်ကြောင်း YESC က သိရသည်။
YESC မှ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ဦးက “နည်းနည်းဈေးပိုပေးရလို့ ထိခိုက်မှုတွေ ရှိပါတယ်။ သို့သော်လည်း ဆင်းရဲတဲ့သူ အတွက် ထိခိုက်တဲ့ ပိုက်ဆံငွေ ပမာဏက နည်းပါတယ်” ဟု ပြောသည်။
ရန်ကင်းမြို့နယ်နေ ဦးသူရိန်က “လူတွေ ယူနစ်ပေါင်း သန်းနဲ့ချီ လျှော့သုံးတာတောင် ဘီလီယံနဲ့ချီ ဝင်ငွေတွေ ပိုလာတာ လေ။ ဒါကိုတောင် လူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါဘူးဆိုတာက အဓိပ္ပာယ်မရှိ ဘူး။ ဝန်ထုတ်ဝန်ပိုး မဖြစ်ဘဲ ဘယ်သူကမှ လျှော့မသုံးဘူး။ ဖြစ်လို့ လျှော့သုံးတာပေါ့”ဟု ပြောဆို သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနကို ၁ ယူနစ်လျှင် ၁၁၀ ကျပ် နှုန်း ပြန်လည်ပေးသွင်းရခြင်းဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားခ ပိုမိုကောက်ခံခြင်း ကြောင့် ပိုမိုမြတ်စွန်းလာခြင်း မရှိကြောင်း YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။
“အရင်တုန်းက ကျနော်တို့က ၁ ယူနစ်ကို ၆၀ ကျပ်နဲ့ ဝယ်ရပါတယ်။ အခုက ၁၁၀ နဲ့ ဝယ်ရပါတယ်။ အဓိက စိုက်ထုတ်သုံး စွဲနေရတာက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တ နှစ် တနှစ်ကို ဘီလီယံပေါင်းများစွာ စိုက်ထုတ် သုံးစွဲနေရတဲ့ အတွက်ကို ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှု ထည့်ရတဲ့အခါမှာ နည်း သွားတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လျှပ်စစ်မီတာခ မပြောင်းလဲမီ ဇွန်လက ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသုံးစွဲသူဦးရေ ၁ ဒသမ ၃၈ သန်းရှိရာ ယူနစ် ပေါင်း ၇၁၇ သန်း သုံးစွဲခဲ့ပြီး၊ မီတာခ ပြောင်းလဲသတ်မှတ်လိုက်သည့် ဇူလိုင်လတွင်မူ သုံးစွဲယူနစ်ပေါင်း ၆၉၅ သန်း ယူနစ် သို့ လျော့နည်း သုံးစွဲခဲ့ကြောင်း YESC က သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မီတာခ တိုးမြှင့် ကောက်ခံမှု အမြတ်ရရန် မဟုတ်ဟု ဆို
မီတာခ နှုန်းထားသစ်ကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် စရမည်ဟု ဆို
ယူနစ်ကွဲလွဲမှု မရှိရန် အိမ်တိုင်ရာရောက် လိုက်လံ မီတာဖတ်မှုများ ပြလုပ်နေ
လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ