• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

by မိုးမိုး
11 September 2019
in သတင်း
A A
ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

45.3k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အသက် ၃ နှစ်မပြည့်သေးသူ ဗစ်တိုးရီယား ကိုယ်တိုင် ကိုကို အငယ်မှ ရင်ဘတ်ကိုထုပြီး ကိုကို အကြီးမှ ဖင်ဖုကိုဆိပ်သည်ဟု ထွက်ဆိုသွား ကြောင်း တရားလိုဘက်မှ လိုက်ပါဆောင် ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြော သည်။

“ကိုကို အငယ်က သူ့ရဲ့ ရင်ဘတ်ကို ထုတယ်ပေါ့။ ကိုကို အကြီးကတော့ သူ့ရဲ့ ဖင်ဖုကို ဆိတ်တယ်ပေါ့။ အဲ့လိုမျိုး ကလေးလေးက ပြောတယ်။ ကိုကို ညီညီဆိုတဲ့ စကားရပ်မျိုးတော့ မပါဘူး”ဟု တရားခွင် အပြီးတွင် တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်က မီဒီယာများသို့ ပြောသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
623
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
11
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
140

နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်စစ်ဆေးခဲ့သည့် သက်ငယ်မုဒိမ်း မှုသည် ယနေ့တွင် ကာယကံရှင်ဖြစ်သူ ဗစ်တိုးရီးယားကို စတင်စစ်ဆေးခဲ့ပြီး ၆ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည်။

စစ်ဆေးသည့် ပုံစံမှာ ဗီဒီယိုကွန်ဖရင့်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ စစ်ဆေးရာတွင် ကလေးငယ်၊ သူ၏ အဖော်တချို့၊ မိခင်ဖြစ်သူနှင့် စစ်ဆေးသည့် ဦးစီးအရာရှိတို့က ကစားကွင်းကဲ့သို့ ဖန်တီးပေး ထားသည့် အခန်းတခန်းထဲတွင် အတူရှိနေပြီး၊ တရားခွင်ဘက်မှ တရားသူကြီး မေးမြန်းခိုင်းသည့် မေးခွန်းများကို ဦးစီးအရာရှိ အမျိုးသမီးက တဆင့် မေးမြန်းပေးခဲ့ခြင်း ဖြစ်သည်ဟု နှစ်ဘက်ရှေ့နေ များက ပြောသည်။

ကလေးငယ်ကို မေးခွန်းများ မေးသည့် အခါ ဓာတ်ပုံများကို ဖြန့်၍ မေးမြန်းကြောင်း၊ တရားခံဟု စွပ်စွဲ ခံထား ရသည့် ကိုအောင်ကြီး၏ ဓာတ်ပုံကို ပြသရာတွင် အောင်ကြီးကို မသိကြောင်း ကလေးက ထွက်ဆိုကြောင်း တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပြသည်။

၎င်းက “ကျန်တဲ့ သက်သေခံ (ဂ) မှာ ပါတဲ့ဟာတွေကို ပုံတွေ ပြပြီးမေးတဲ့ အခါ သက်သေခံ(ဂ) မှာ တင် တုန်းကလိုပဲ သူ့ဖင်ဖုကို ဆိပ်တဲ့သူတွေက ဘယ်သူပါဆိုပြီး ဆွဲထုတ်ပြတယ်” ပြောသည်။

သက်သေခံ (ဂ) တွင် ဗီဒီယို ၃ ဖိုင်ပါဝင်ပြီး ယင်းဖိုင်များထဲများ၌ ဆရာမ နှင်းနု၊ ကိုကို၊ ညီညီ၊ အောင်ကြီးနှင့် ကိုကို၊ ညီညီ တွဲရိုက် ထားသည့် ဓာတ်ပုံ ၅ ပုံတို့ ပါဝင်ကြောင်း၊ ယင်းဓာတ်ပုံများ ကို ယနေ့ ဗီဒီယို ကွန်ဖရင့်ဖြင့် ပြုလုပ်သည့် တရားခွင်တွင် တရားရုံး အမျိုးသမီး ဦးစီးအရာရှိက ပြသခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၅ ကြိမ်မြောက် ရုံးချိန်းတွင် ပါဝင်သည့် ဗီဒီယိုဖိုင် ၃ ဖိုင်ကို သက်သေခံ ( ဂ) အဖြစ် ရုံးတော်မှ လက်ခံထားခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ဖင်ဖုကို ဆိပ်သည့်သူများ၏ ဓာတ်ပုံများကို ဆွဲထုတ်၍ ပြသခဲ့သည့် ဖိုင်ကို ရုံးတော်က လက်ခံခဲ့ခြင်းဖြစ်သည်။



ထိုသို့ ဓာတ်ပုံများကို ပြ၍ စစ်ဆေးနေစဉ် ယင်းဓာတ်ပုံများကို ကြည့်၍ ကလေးက ခြေထောက်နှင့် ပေါက်ကြောင်း၊ ယနေ့ ဗစ်တိုးရီးယား၏ ထွက်ဆိုချက်မှာ ယခင်ထွက်ဆိုထားသည့် အချက်များထက် ပို၍ တိကျကြောင်း၊ ဆရာမနှင်းနုက ဖင်ဖုကို ရေဆေးပေးရာတွင် မည်သည့် နေရာကို ဆေးပေးသည် ကအစ လက်ဖြင့် ကိုင်ပြနိုင်ကြောင်း ကလေးငယ်၏ ထွက်ဆိုချက်များကို ဒေါ်ရွက်နုအောင်က ပြန် ပြောပြသည်။

သံသယတရားခံ ဖြစ်သူ အောင်ကြီး၏ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “ဗီဒီယိုဖိုင်၊ ဓာတ်ပုံတွေ ပြပြီး မေးတာ ကိုအောင်ကြီးနဲ့ ပတ်သက်ပြီး တခုမှ ထွက်မသွားဘူး။ ဘယ်သူကလို့ ပြော တယ်။ အဲဒါတွေက အတိအကျဖြစ်တယ်။ မှတ်တမ်းလည်း ဝင်သွားပါတယ်။ ရုံးတော်က ထည့်သွင်း စဉ်းစားရမယ့် စာရွက်စာတမ်းတွေလည်း ဖြစ်သွားပါပြီ” ဟု မီဒီယာများကို ပြောသည်။

လာမည့် ၇ ကြိမ်မြောက် ရုံးချိန်း၌ ကလေးငယ်တက်သည့် Wisdom Hill မူကြိုကျောင်းဘက်မှ ဝန်ထမ်း ၂ ဦးကို စစ်ဆေးသွားမည်ဟု နှစ်ဘက်ရှေ့နေများထံမှ သိရသည်။

အောင်ကြီး၏ဖခင်က “ရှေ့နေတွေ ပြန်ထွက်လာတဲ့အချိန်မှာ သိရတာက ကလေးက အောင်ကြီးကို မသိဘူးပေါ့။ ကလေးက ကိုကို ၂ ယောက်ကို ပြတယ် ပြောတယ်။ အဲဒီအပေါ်မှာ ဖခင်တယောက် အနေနဲ့ ဦးရဲ့သား မဟုတ်တဲ့ အတွက် အရမ်းလည်း ဝမ်းသာပါတယ်” ဟုဧရာဝတီသို့ ပြောသည်။

အစိုးရ ရှေ့နေခရိုင် ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကလည်း “အမှန်တရားအတွက် ပူးပေါင်းလိုတယ် ဆိုတာပဲ ပြောချင်ပါတယ်” ဟု တရားခွင်စစ်ဆေးပြီး ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ် သည်။

ယနေ့ ရုံးချိန်းတွင် တရားခွင်ထဲသို့ ပါဝါတင်ထားသည့် နှစ်ဘက်ရှေ့နေများ၊ တရားခံဟု စွပ်စွဲထား သည့် အောင်ကြီးနှင့် တရားသူကြီး ၂ ပါးသာ ဝင်ရောက်ခဲ့ရပြီး၊ မီဒီယာများနှင့် အမှုအားစိတ်ပါ ဝင်စား၍ လေ့လာသူများမည်သူမျှ ပေးမဝင်ခဲ့ပေ။

အဓိကကျသည့် ကလေးကို စစ်ဆေးခြင်း ဖြစ်သဖြင့် ယခင်ထက် လုံခြုံရေးများ အဆင့်ဆင့် ချမှတ် ထားသည်ကို လည်းတွေ့ ရသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်း သူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

ဗစ်တိုးရီးယားကို စစ်ဆေးရန် တရားခွင် ပြင်ဆင်ထားမှု ကျေနပ်ကြောင်း ဖခင်ပြော

ဗစ်တိုးရီးယား ထွက်ဆိုသည့် ဗီဒီယိုဖိုင် ကန့်ကွက်ခံရသော်လည်း တရားရုံး လက်ခံ

ဗစ်တိုးရီးယား အမှုနှင့် ဆက်စပ်သူများ ထွက်မပြေးစေရန် ရဲတပ်ဖွဲ့ အာမခံထားဟု ဆို

ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော

ဆရာမနှင်းနုကို နောက်တိုး တရားခံ အဖြစ် လျှောက်ထားမှု ဥပဒေနှင့် မညီဟုဆို

Your Thoughts …
Tags: ကိုကိုညီညီဗစ်တိုးရီးယား
မိုးမိုး

မိုးမိုး

...

Similar Picks:

ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော

by မိုးမိုး
14 August 2019
41.8k

အဲဒီ အလုပ်ကို ကလေးအဖေက လုပ်သွားတာ တော်တော် စိတ်မကောင်းဘူး။ တော်တော်ကို ဒီကလေးအဖေဟာ မိဘ တယောက် အနေနဲ့ တာဝန်ကျေပါတယ်။ နားထောင်နေရတဲ့သူတွေ ကလေးအဖေရဲ့ ထွက်ချက်ကို ကြည့်ပြီးတော့ ကြက်သီးထရတယ်

ဗစ်တိုရီးယားပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သည့် အကောင့်

ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်

by မိုးမိုး
27 July 2019
40.4k

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ ဓာတ်ပုံများကို ရှာ၍ အများသိအောင် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရှင်းလင်းနေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ

by မိုးမိုး
20 December 2019
46.9k

ဗစ်တိုးရီးယား ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားပြီး စစ်ဆေးခဲ့သည့် DNA မှာ ဆေးရုံနှင့် မှုခင်းတပ်ဖွဲ့ (CID) တို့ကြား ကွဲလွဲမှုရှိနေကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲနိုင်ရေး သမ္မတထံ ခွင့်ပြုမိန့်တောင်းခံ

by မိုးမိုး
14 January 2020
13k

တရားစွဲ ခွင့်ပြုမိန့် ကျမှသာလျင် တရားစွဲဆိုခွင့်ရှိကြောင်း၊ ခွင့်ပြုမိန့် မတောင်းခံဘဲ တရားစွဲဆိုပါကလည်း တရားရုံးဘက်မှာ လက်ခံပြီး စစ်ဆေးပေးခြင်း မရှိကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

Wisdom Hill ကျောင်းတာဝန်ရှိသူတဦးဖြစ်သူ ဦးပညာ / ထက်နိုင်ဇော် / ဧရာဝတီ

သမီးလေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ဆိုတဲ့ Wisdom Hill ကျောင်းအုပ် ဦးပညာ

by ထက်နိုင်ဇော်
9 July 2019
84.6k

Wisdom Hill ကျောင်းမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးပညာက ဧရာဝတီ အပါအဝင် သတင်းဌာန ၅ ခုကို တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါသည်။ သို့သော် ရုပ်သံ ရိုက်ကူးခွင့် မပြုသေးသဖြင့် ဧရာဝတီ နေပြည် တော် သတင်းထောက်များ...

--

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန် လာခေါက်မလဲ

by နန်းဆိုင်နွမ်
10 July 2019
15.2k

ထောင်ချီသော ပြည်သူတွေ လမ်းပေါ်ထွက်လာတဲ့ “Justice For Victoria” လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လှုပ်ရှားမှုတခု ဖြစ်လာပါပြီ။ မိခင်ဖခင်များ အားတက်သရော ပါဝင်လာတဲ့ ဒီလှုပ်ရှားမှုကြီးဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို...

Next Post
ဖယောင်း ဂိုဒေါင် မီးလောင်မှုု ဖြစ်ပွားမှု မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

ဒဂုံဆိပ်ကမ်း ဖယောင်းစက်ရုံ မီးလောင်မှု စုံစမ်းနေ

မန္တလေး - မူဆယ် လမ်းပေါ်က ကုန်ပစ္စည်း သယ်ယာဉ် / ဧရာဝတီ

မူဆယ်-မန္တလေး- ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ခ ဈေးမြင့်တက်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate