• English
Wednesday, December 6, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လက်ရှိ လုပ်ငန်းများ ရွှေ့ပြောင်းရန် စီစဉ်

          by ဒီလှိုင်းဝင်း
          15 September 2019
          in သတင်း
          Reading Time: 1 min read
          A A
          မန္တလေး မရမ်းခြံဆိပ်ကမ်း  / ဒီလှိုင်းဝင်း / ဧရာဝတီ

          မန္တလေး မရမ်းခြံဆိပ်ကမ်း / ဒီလှိုင်းဝင်း / ဧရာဝတီ

          5.4k
          VIEWS
          Share on FacebookShare on Twitter

          မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း စတင်နိုင်ရန် ဆိပ်ကမ်း၌ လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းများ အခြားနေရာသို့ ယခုလအတွင်း ရွှေ့ပြောင်းမည်ဟု ဆိပ်ကမ်း နေရာချထားရေး လုပ်ငန်း ကော်မတီက ပြောသည်။

          မရမ်းခြံ ဆိပ်ကမ်းသည် မန္တလေးမှ မင်းကွန်းနှင့် အခြားနေရာ ဒေသများသို့ နိုင်ငံခြား ခရီးသွားများ ပို့ဆောင် ပေးနေသည့် ပုဂ္ဂလိက ရေယာဉ်များ ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်ပြီး အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းများ ရွှေ့ပြောင်းနိုင်ရေး အတွက် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီးဖြစ်ကြောင်း သိရသည်။

          RelatedPosts

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          6 December 2023
          182
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          6 December 2023
          10.1k
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          5 December 2023
          3.1k

          “မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေစဖို့ဆိုရင် လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရွှေ့ပြောင်း ပေးဖို့ လိုပါတယ်၊ ဒါကြောင့်ဆိပ်ကမ်းမှာရှိတဲ့ သဲလုပ်ငန်းတွေ၊ ဝါးလုပ်ငန်းတွေ၊ ကုန်တင်ကုန်ချ လုပ်ငန်းတွေကို ရွှေ့ပြောင်းရေး ညှိနှိုင်းထားပြီးပါပြီ၊ အားလုံးကလည်း လက်ခံသဘောတူကြပါတယ်”ဟု ဆိပ်ကမ်းနေရာချထားရေး လုပ်ငန်း ကော်မတီ ဥက္ကဌ မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ပြောပြသည်။

          မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့်နေရာ၌ ရှိသည့် သဲလုပ်ငန်းများကို ချော်ဆိပ်၊ ပေပင်ဆိပ်သို့ လည်း ကောင်း၊ ဝါးလုပ်ငန်းများကို ၁၉လမ်း (View Point) မြောက်ဘက်သို့ လည်းကောင်း၊ ကုန်တင်ကုန်ချ လုပ်ငန်းများကို ရွှေကြက်ယက် ဆိပ်ကမ်းသို့ ပြောင်းရွေ့ပေးသွားမည်ဟုလည်း ဆိုသည်။

          “ကျနော်တို့ နေရာချထားရေး ကော်မတီကနေ တင်ပြထားတဲ့ အတိုင်းကို မန္တလေး တိုင်းဒေသကြီး ဆိပ်ကမ်းကြီးကြပ်မှု ကော်မတီက ခွင့်ပြုလိုက်တယ်၊ အဲဒီတော့ လျာထားတဲ့နေရာအတိုင်းကို လုပ်ငန်းရှင်တွေကို အခွန်ဆောင်ခိုင်းထားပါတယ်၊ သူတို့ အခွန်ဆောင်ပြီးတာနဲ့ ကျနော်တို့အနေနဲ့ ကွင်းဆင်းတိုင်းတာပြီးတော့ နေရာတွေ ချထားပေးရတော့မှာ ဖြစ်ပါတယ်၊ ဒီလထဲမှာကို အပြီး လုပ်ဆောင်ပေးရမှာပါ”ဟု ဦးဇော်ဇော်အောင်က ဆက်လက်ပြောသည်။

          အဆိုပါ ဆိပ်ကမ်း သာယာလှပရေး အတွက် နယ်သာလန် နိုင်ငံ Royal Haskoing Consultant Co .,Ltd မှ Master Plan ရေးဆွဲပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ရာ အပြီးသတ် Master Plan ရေးဆွဲ အကောင် အထည် ဖော်မည့် စီမံကိန်းတခု ဖြစ်ကြောင်း သိရသည်။

          “နယ်သာလန် နိုင်ငံမှ Royal Haskoing ဆိုတာက ဆိပ်ကမ်းသာယာလှပရေး အတွက် ဒီဇိုင်းတို့၊ တည်ဆောက်ပုံ တို့ကို ရေးဆွဲပေးရုံ သက်သက်ပဲ၊ လုပ်မယ့်ကုမ္ပဏီ မဟုတ်ဘူး၊ မရမ်းခြံကို ဘယ်ကုမ္ပဏီနဲ့ လုပ်မယ်ဆိုတဲ့ အခန်းကဏ္ဍတော့ မရောက်သေးပါဘူး၊ အဲဒါကို တိုင်းဒေသကြီး အစိုးရက လုပ်ထုံးလုပ်နည်းနဲ့ တင်ဒါခေါ်ယူပြီး လုပ်မယ့်အပိုင်းဖြစ်သွားတယ်၊ ကျနော်တို့က မရမ်းခြံဆိပ်ကမ်း စီမံကိန်းစမယ်ဆိုရင် ဒီအထဲမှာ လုပ်ငန်းတွေ မရှိဖို့လိုအပ်လို့ ဒီနှစ်မှာ လုပ်ငန်းတွေကို ပြန်ချမပေးတဲ့ သဘောပါပဲ”ဟု ဦးဇော်ဇော်အောင်က ပြောသည်။

          ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး ဆိပ်ကမ်းကြီးကြပ်မှု ကော်မတီကို မန္တလေးတိုင်း အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။

          မန္တလေး ဆိပ်ကမ်းတခုလုံးအား အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရာတွင် ရေလမ်းကြောင်းမှ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုကောင်း မွန်စေရန်၊ အခြေခံ အဆောက်အအုံကဏ္ဍ မြှင့်တင်ရန်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

          မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကလည်း“ဧရာဝတီ မြစ်ကမ်း သာယာ လှပရေး အတွက် ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်ရတာက ကုန်စည်ပို့ဆောင်ရေး စနစ် ပိုကောင်း လာအောင် အခြေခံ အဆောက်အအုံပိုင်းတွေ အဓိကထား လုပ်သွားမယ်၊ နည်းပညာတွေ တိုးတက်လာနဲ့ အမျှ ဆိပ်ကမ်း တွေလည်း တိုးတက်ပြောင်းလဲသင့်တယ်၊ ဒါကြောင့် ဒီစီမံကိန်းမျိုးကို ဆောင်ရွက်နိုင်ဖို့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေကို ပညာရှင်တွေနဲ့ လုပ်ဆောင်ခဲ့တယ်”ဟု ပြောသည်။

          မန္တလေးဆိပ်ကမ်းသည် အရှည် ပေပေါင်း ၁၄၉၈၁ ပေ ရှိပြီး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် နေရာချထားမှုများ အတွက် ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ရာ မရမ်းခြံဆိပ်ကမ်းရှိ သဲလုပ်ငန်း၊ နုန်းလုပ်ငန်း၊ ထင်း၊ ဝါး စုပုံခြင်းနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို ယခုလအတွင်း အပြီးရွေ့ပြောင်းမည့်အပြင် ကျုးကျော် နေထိုင်မှု များကိုလည်း ဒုတိယ အဆင့်အနေဖြင့် လုပ်ဆောင်သွားမည်ဟု သိရသည်။

          မရမ်းခြံ ဆိပ်ကမ်း ဧရိယာ ဧက၂၀ နှင့် ကွန်တိန်နာဝင်း ၁၀ ဧက စုစုပေါင်းဧက ၃၀ ခန့်တွင် ကွန်တိန်နာများ၊ ကုန်ပစ္စည်း သိုလှောင်ရုံ ၂၉၅၄၀ စတုရန်း မီတာ၊ ဆိပ်ခံတံတား ၁၈၀ မီတာ၊ ချဉ်းကပ်တံတား၂ စင်း ၂၃၈ မီတာ၊ ၁၃၈ မီတာ နှင့် အဝင် လမ်း ၃၀၄ မီတာတို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ စတင်ချိန်မှ ၂၂ လ ကျော် ကြာမည် ဖြစ်ကြောင်း သိရသည်။

          မရမ်းခြံဆိပ်ကမ်း ပြီးစီးသွားပါက ကုန်တင် ကုန်ချ လုပ်ငန်းအနေဖြင့် ထိခိုက်မှုအနည်းငယ် ရှိနိုင်သော်လည်း အခြား ကမ်းနား တလျှောက် ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ အလုပ်အကိုင်ရရှိလာနိုင်မည့်အပြင် မန္တလေးမြို့အတွက် ခေတ်မီ ကုန်တင်ကုန်ချ ဆိပ်ကမ်းကြီး တခု ပေါ်ပေါက်လာမည်ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ဖြစ်လာနိုင်မည်ဟု ဆိုသည်။

          မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကမ်း တခုလုံး သာယာလှပရေး အတွက် ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ မှစ၍ လုပ်ဆောင်ခဲ့ပြီး ကွင်းဆင်း စစ်ဆေးမှု များ ပြုလုပ်ရာတွင် ရာသီအလိုက် ဧရာဝတီ မြစ်ကြောင်း၏ အခြေအနေ၊ ဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် သင်္ဘော အရေ အတွက်၊ သင်္ဘော အမျိုးအစား၊ ဆိပ်ကမ်း ကုန်တင်ကုန်ချမှု၊ ကုန်စည် အမျိုးအစားများ၊ ဆိပ်ကမ်းလုံခြုံရေး၊ စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်များ စသည့် ခေါင်းစဉ်များအလိုက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

          ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ်သလို မန္တလေးမြို့ရှိ ဧရာဝတီ မြစ်ဆိပ်ကမ်းများသည် လိုအပ်မှုများ ရှိနေရာ ထိုလိုအပ်မှုများကို နိုင်ငံတကာရှိ ခေတ်မီ ဆိပ်ကမ်းများကဲ့သို့ ပြုပြင်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

          လက်ရှိ အခြေအနေ၌ ဧရာဝတီမြစ်ရေ တက်လာလျှင် မန္တလေးတွင် ဆိပ်ကမ်းရှားပါးသလို ဆိပ်ကမ်း ဧရိယာအတွင်း ကျူး ကျော်တဲများ ရှိနေခြင်းကြောင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆိပ်ကမ်း ကုန်တင်ကုန်ချ သတ်မှတ် သည့် နေရာများတွင် လမ်းများ ပျက်စီးနေသလို ရွှေကြက်ယက် ဆိပ်ကမ်းတွင် လောင်စာဆီ အတင်အချပြုလုပ်ရန် ခွင့်ပြု ထားသဖြင့် ဆီတင်သင်္ဘောများနှင့် ဆီတင် ဘောက်ဆာကားများ ပုံမှန်ဝင်ထွက်နေသည့် အတွက် မီးဘေးအန္တရာယ် စိုးရိမ် နေရသည်ဟု ဆိပ်ကမ်းအနီး နေထိုင်သူများထံက ပြောသည်။

          “ဆိပ်ကမ်း ဖွံ့ဖြိုးဖို့အတွက် လုပ်ဆောင်တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် အဓိကကျတာတွေကို တာဝန်ရှိ ဌာနတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေတော့ လိုအပ်တယ်၊ အဲဒီလို လုပ်ပေးနိုင်မယ်ဆိုရင် ဆိပ်ကမ်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း တွေ အားလုံး ကောင်းမွန်လာပြီး ဆိပ်ကမ်းတင်မဟုတ်ဘဲ မြို့ရဲ့စီးပွားရေး ကဏ္ဍကိုပါ အထောက်အကူ ဖြစ်လာမယ်လို့ မြင်ပါ တယ်”ဟု မရမ်းခြံ ဆိပ်ကမ်းအနီး နေထိုင်သူ ဦးမောင်မြင့်က ပြောဆိုသည်။

          ယခုအခါ မန္တလေးဆိပ်ကမ်းအတွင်း ကုန်တင်ကုန်ချ ပြုလုပ်သည့်နေရာများ၊ သဘောၤများ ရပ်နားရန် နေရာများ၊ ကုန်လှောင်ရုံ များနှင့်အတူ ဆိပ်ကမ်းစီမံခန့်ခွဲမှု အားနည်းနေခြင်းများကို မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရေရှည် စီမံကိန်းအဖြစ် အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်မှုများ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။

          မြန်မာနိုင်ငံ၏ မြစ်ကြောင်းများရှိ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ၆၆၅၀ ကီလိုမီတာ အရှည်သည် ရေကြောင်းခရီး အဖြစ် သွားလာနိုင်ပြီး ဧရာဝတီမြစ်သည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အတွက် အဓိကကျသည့် မြစ်တခုဖြစ်ကာ ၂၁၇၀ ကီလိုမီတာ ရှည်လျားပြီး ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်များ သွားလာလျက် ရှိကြောင်း သိရသည်။

          You may also like these stories: 

          မူဆယ်-မန္တလေး- ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ခ ဈေးမြင့်တက်

          Your Thoughts …
          Tags: JICAဆိပ်ကမ်းမန္တလေးမရမ်းခြံဧရာဝတီမြစ်
          ဒီလှိုင်းဝင်း

          ဒီလှိုင်းဝင်း

          Reporter

          Similar Picks:

          စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

          စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

          by ဧရာဝတီ
          16 August 2023
          9.4k

          စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် ခြိမ်းခြောက်လျက်ရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများ၊ မိသားစုဝင်များကို ဖမ်းဆီးရန်၊ သတ်ဖြတ်ရန်များအပါအဝင် ပိုင်ဆိုင်မှုများကိုပါ သိမ်းယူရန်အထိ လှုံ့ဆော်နေ

          ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

          ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

          by ဧရာဝတီ
          28 November 2023
          7.8k

          ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

          ဒိုးပင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများကြောင်း မန္တလေး PDF ပြော

          ဒိုးပင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများကြောင်း မန္တလေး PDF ပြော

          by မိုင်းခြိူဝ်းဇာရ်
          16 October 2023
          7.1k

          မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အစပ်က ဒိုးပင်ရွာ အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိသွားသလို လက်နက်ခဲယမ်းတွေအများအပြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောပါတယ်။

          မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

          မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

          by ဧရာဝတီ
          22 August 2023
          6.5k

          မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်းနှင့် ၄၂ လမ်းထောင့်ရှိ မင်္ဂလာပုဂ္ဂလိကဆေးရုံကို CDM ဆရာဝန်များ အလုပ် လုပ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် သြဂုတ် ၂၅ ရက်မှစ၍ စစ်ကောင်စီက ၃ လ ယာယီပိတ်သိမ်းလိုက် ကြောင်း...

          မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

          မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

          by ဧရာဝတီ
          21 September 2023
          5k

          လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရထားလမ်း ဘေးဝဲယာမှ ကျေးရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေ

          စက်သုံးဆီ ဈေးကျသော်လည်း အကန့်အသတ်နှင့် ရောင်းသဖြင့် တန်းစီဝယ်နေရ

          by ဧရာဝတီ
          9 October 2023
          1.5k

          စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းကြောင့် ရန်ကုန်၊ မန္တလေးမြို့တို့ရှိ ဆီဆိုင်တချို့မှာ ယာယီအရောင်း ရပ်နားခြင်းနှင့် အကန့်အသတ်ဖြင့်သာ ရောင်းချ

          Next Post
          သရုပ်ဆောင် ဒါရိုက်တာလူမင်း  / ချစ်ပိုး / ဧရာဝတီ

          “ညစ်တွန်း”ရုပ်ရှင်က အိန္ဒိယဇာတ်ညွန်းကို တရားဝင် ဝယ်ယူပြီး ရိုက်ခဲ့တာလို့ လူမင်းပြော

          ကြယ်ရောင်စုံညတွေကို ခံစားရင်း တည်းခိုနိုင်မယ့် အဆန်းကြယ်ဆုံး ဟိုတယ်ဖြစ်လာတော့ မှာပါ

          ကမ္ဘာ့မြောက်ပိုင်းအကျဆုံး မြောက်ဝန်ရိုးစွန်းဒေသမှာ ဖွင့်လှစ်တော့မယ့် Igloos Hotel

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          7 days ago
          10.8k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved