• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

by မင်းအောင်ခိုင်
15 September 2019
in သတင်း
A A
ကျောက်တော်မြို့ ဆိုင်းဘုတ်  / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်မြို့ ဆိုင်းဘုတ် / မင်းအောင်ခိုင် / ဧရာဝတီ

9.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ယနေ့ နံနက်ပိုင်း ၁ နာရီ အချိန်ခန့် က နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးထိခိုက် ဒဏ်ရာ ရကြောင်း သတင်း ရရှိသည်။

ထိုတိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် ကံစောက်တောင်၏ မြောက်ဘက်တွင် တည်ရှိသော ကံသုံးဆင့် ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဦးနီထွန်းသည် နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ခြေထောက်ဒဏ်ရာ ရရှိ ကာ ဆေးရုံသို့ ပို့ဆောင်စဉ် သွေးလွန်၍ လမ်းတွင် သေဆုံးခဲ့ကြောင်း ကံသုံးဆင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမောင်က ပြောပြသည်။

RelatedPosts

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
127
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
130
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
2.8k

ဦးလှမောင်က“ဒီနေ့ မနက် ၁ နာရီလောက်မှာ ဦးနီထွန်းတို့ နေအိမ်ကို လက်နက်ကြီး လာကျတာပါ။ ဦးနီးထွန်းက နေအိမ် မှာ အိပ်နေတာ။ အဲဒီမှာ ခေါင်မိုးကို ဖောက်ပြီးတော့ ခြေထောက်မှာ လာမှန်တယ်။ ကျနော်တို့ ဆေးရုံကို စက်လှေနဲ့ ယူလာ ရင်း ကန်စောက်ရွာကို ရောက်တာနဲ့ သေဆုံးသွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဦးနီထွန်းတို့ နေအိမ်ကို လာကျသည့် လက်နက်ကြီးသည် ရွာအရှေ့ဘက်မှ ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး နေအိမ် ကို ကျရောက်ပေါက်ကွဲသော လက်နက်ကြီး အစအန များကိုလည်း ရွာသားများ သိမ်းဆည်းထားကြောင်း သိရ သည်။

အလားတူ ကျောက်တော်မြို့နယ်အတွင်း ရန်ကုန်-စစ်တွေ ကားလမ်းမ ကစ္ဆပနဒီ မြစ်ကမ်းဘေးတွင် တည်ရှိသော သင်္ဂန ကျေးရွာနှင့် စံပယ်လှကျေးရွာ၌ နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် အတွက် အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောပြသည်။

စံပယ်လှ ကျေးရွာနေ ကိုကျော်သောင်းက“ဒီနေ့ မနက် ၁ နာရီလောက်မှာ တိုက်ပွဲတွေ ဖြစ်ကြပါတယ်။ ကုလားတန် မြစ်ကြောင်း ကနေ ပလက်ဝကိုသွားတဲ့ တပ်မတော် နေဗီကို တောထဲက လူတွေက လာပစ်ပါတယ်။ အဲဒီ နေဗီက ပြန်ပစ် ပြီးတော့ တက်လာတဲ့ အခါ ကျနော်တို့ ရွာကို လာကျတာပါ။ ရွာသား ၃ ယောက် ဒဏ်ရာရပါတယ်။ အဲဒီမှာ ၂ ယောက် ဒဏ်ရာ တော်တော်ပြင်းတယ်။ ၁ ယောက်ကတော့ ဒဏ်ရာ သိပ်မပြင်းဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ကစ္ဆပဒနီ မြစ်ကြောင်းကနေ ပလက်ဝ ဘက်ကို သွား သည့် တပ်မတော် Navy ၂ စီးကို AA အဖွဲ့က ရန်ကုန်-စစ်တွေ ကားလမ်မ အပေါက်ဝစံပြ ကျေးရွာ အလွန်မှနေ လှမ်း ၍ ပစ်ခတ်တိုက်ခိုက်သည့်အတွက် တပ်မတော် Navy က ပြန်လှန် ပစ်ခတ်ရာတွင် ယင်းသို့ နေအိမ်များသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

အဆိုပါ ဒဏ်ရာ ရရှိသည့် ကျေးရွာသားများမှာ သင်္ဂနကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုရွှေသိန်းမောင်၊ ဇနီးဖြစ်သူ မခိုင်ညိုနှင့် ကျေးရွာသား ၁ ဦး ၊ စံပယ်လှကျေးရွာမှ အသက် ၄၀ အရွယ် ဦးစံလှကျော်၊ သူ၏ ညီမဖြစ်သူ အသက် ၃၀ အရွယ် မပုလဲစိန်နှင့် အသက် ၂၀ အရွယ် ရွာသား ၁ ဦးတို့ အသီးသီး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာ ပြင်းထန်သည့် သင်္ဂနကျေးရွာသား ၁ ဦးနှင့် စံပယ်လှ ကျေးရွာသား ၁ ဦး တို့ကို စစ်တွေ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်လာကြောင်း ကျောက်တော် မြို့ ဖြူစင် မေတ္တာ အရပ်ဘက် သွေးလှူရှင် အသင်း ဥက္ကဋ္ဌ ကိုညီပုက ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်အတွင်း နှစ်ဘက် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီက အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်ရာတွင် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောဆိုသည်။

AA အဖွဲ့မှ သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ ။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပြင်ယောင်းရွာ မြောက်ဘက် တောင်တန်းများတွင် တပ်မတော်နှင့် AA တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ဘူးသီးတောင်မြို့နယ် အမျှက်တောင် ကျေးရွာအနီးတွင်လည်း နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဖြစ်သော်လည်း အောက်ခြေတွင် တိုက်ပွဲများက ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံးမှ ပြောရေဆိုခွင့် ရှိသူ ဦးဇော်ဌေးကတော့ ထို ရှမ်းပြည်နယ် ကျိုင်းတုံဆွေးနွေးပွဲတွင် ရလဒ်မကောင်း ခဲ့ပါက စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သတင်း မီဒီယာများကို ပြောကြားထားသည်။

Your Thoughts …
Tags: AA တိုက်ပွဲတပ်မတော်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.2k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

Next Post
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထိုင်းစတိုင် Fresh Spring Rolls

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထိုင်းစတိုင် Fresh Spring Rolls လုပ်စားရအောင်

မြင်ကွင်းကျယ်မြင်ရအောင် ပြတင်းပေါက်အခုံးတွေ တပ်ဆင်ပေးထားပါတယ်

မြင်နေကျပုံစံတွေကနေ ကွဲထွက်ဖန်တီးထားတဲ့ တိုကျိုကျည်ဆံရထားတွဲသစ် Laview

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate