ထိုင်းနိုင်ငံ ကန်ကရာချန်သစ်တောအတွင်း အသတ်ခံရသည့် ကရင်လူ့အခွင့်အရေးသမား ပေါ်လာဂျီ ဘီလီ၏ အမှုနှင့် ပတ် သက်၍ အဆင့်မြင့် အရပ်ဖက်အရာရှိကြီး တဦးအပါအဝင် အနည်းဆုံး လူလေးဦးအား တရားရုံးသို့ မကြာမီ ဆင့်ခေါ်ဖွယ်ရှိကြောင်း Bangkok Post သတင်းကဆိုသည်။
အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) ဦးဆောင်သော အမှုစုံစမ်းဖော်ထုတ်ရေးအဖွဲ့က လာမည့်သောကြာ နေ့တွင် အစည်း အဝေးပြုလုပ်ပြီးနောက် ဆင့်ခေါ်ရမည့်သူများကို ထုတ်ပြန်ဖွယ်ရှိပြီး၊ တင်မည့်စွဲချက် များတွင် လူသတ်မှု၊ လုယက်မှုနှင့် တရားမဝင်ဖမ်းဆီးမှုများ ပါဝင်သည်ဟု ဆိုသည်။
ထိုသူလေးဦးအတွက် ဖမ်းဝရမ်းတောင်းခံနိုင်အောင်လုံလောက်သည့် အထောက်အထားများ ရရှိသည် ဟု စုံစမ်းစစ်ဆေး ရေးအဖွဲ့က ယုံကြည်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ဒါပေမယ့် သံသယရှိခံရသူ အချို့က အစိုးရအရာရှိတွေဖြစ်နေလို့ သူတို့ကို အနေနဲ့ စွဲချက်ကို အကြောင်းပြန်ဖို့ ခေါ်ယူသွားမှာဖြစ်ပါတယ်” ဟု ဆိုလိုက်ပြီး၊ စုံစမ်းစစ်ဆေးသူများသည် ထိုသူလေးဦး ကို တင်မည့် စွဲချက်များအတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်နေသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်က ပြောကြောင်း Bangkok Post က ရေးသားသည်။
“ဒီလေးယောက်ထဲက အမှုမှာ အရေးပါတဲ့ အခန်းကပါတဲ့ တယောက်ကို အခုချိန်မှာ ရှာမတွေ့ သေး ဘူး” ဟုလည်း သတင်းရင်းမြစ်က ပြောကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ကရင်လူမျိုးတဦးဖြစ်သည့် ပေါ်လာဂျီ ဘီလီသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေး ကြိုးစားဆောင်ရွက်နေသည့် ကန်ကရာချန် သစ်တော အတွင်း နေထိုင်သည် ရှေးရိုးကရင်လူမျိုးများ အား မောင်းထုတ်ခြင်းနှင့် နေအိမ်များ ဖျက်ဆီးခံရ ခြင်းကို ဆန့်ကျင်ကန့်ကွက်ရင်း ၂၀၁၄ ခုနှစ် ဧပြီလက ပျောက်ဆုံးသွား ခြင်း ဖြစ်သည်။
ပေါ်လာဂျီကို ၂၀၁၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပြည်နယ်အရာရှိများ၏ ချုပ်နှောင်မှုတွင် နောက်ဆုံး တွေ့ခဲ့ရသည်။ သူ့ကို ဖမ်းဆီးစဉ်က သူသည် သူ၏ ဆွေမျိုး ကရင်လူမျိုးများ အနေဖြင့် ကန်ကရာချန် အမျိုးသား ဥယျာဉ် အကြီးအကဲဟောင်း ချိုင်ဝပ် လမ်လီကီတက်ဆွန်ကို တရားစွဲရန် ကူညီနေချိန်ဖြစ် သည်။
ထိုအမျိုးသားဥယျာဉ် အကြီးအကဲဟောင်း ချိုင်ဝပ် လမ်လီကီတက်ဆွန်သည် ကရင်လူမျိုးများကို ဥယျာဉ်မှ မောင်းထုတ်မှုများတွင် ၎င်းတို့၏ ဝါးတဲများနှင့် စပါးကျီများကို မီးရှို့ခဲ့သောကြောင့် တရားစွဲခြင်းဖြစ်သည်။
ချိုင်ဝပ်ကမူ ပေါ်လာဂျီသည် သဘာ၀ ပျားရည် လိုက်လံ စုဆောင်းနေသောကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် သတိပေးပြီး ပြန်လွှတ် ခဲ့ကြောင်း ပြောသည်။
ပေါ်လာဂျီ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ချိုင်ဝပ်နှင့်အဖွဲ့ကို လူသတ်မှုဖြင့် တရားစွဲခဲ့သော်လည်း အထောက်အထား မရှိသောကြောင့် နောက်ဆုံးတွင် ပြန်လွှတ်ပေးခဲ့ရသည်။
လက်ရှိ အမျိုးသားဥယာဉ်များ၊ သားရိုင်းတိရစ္ဆာန်များနှင့် အပင်များထိန်းသိမ်းရေးဌာန ညွှန်ကြားရေး မှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် သန်ညာနက်တီသန်မာကူက ပိုလာဂျီ မပျောက်ဆုံးမီ ဖမ်းဆီး ရာတွင်ပါဝင်သည့် အရာရှိများကို ရာထူးနေရာပြောင်းရွှေ့ထားကြောင်း ပြောသည်။
ပြည်သူ့ဝန်ထမ်းကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (PACC) သည် ထိုအမျိုးသား ဥယျာဉ်အကြီးအကဲဟောင်း ချိုင်ဝပ် လမ်လီကီတက်ဆွန်အား စုံစမ်းစစ်ဆေးမှု ရလဒ်များကို DSI သို့လွဲပြောင်းပေးရန် အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
PACC အဖွဲ့သည် တွေ့ရှိချက်များကို အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) သို့ဦးစွာပေးပို့မည် ဖြစ်ပြီး ထိုနောက်မှ DSI သို့ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း PACC အတွင်းရေး မှူးချုပ် ဒုတိယရဲမှူးကြီး ဝမ်နော့ပ်ဆွမ်ဂျင် တန်နာကူ ကပြောသည်။
ပိုလာဂျီက သဘာ၀ ပျားရည်ရှာဖွေသည်ဟု ပုဂ္ဂိုလ်ရေးအရ စွပ်စွဲထားသော အမှုကို ချိုင်ဝပ်၏ မှားယွင်းသော ကိုင်တွယ်ဖြေရှင်းမှုကို PACC က စစ်ဆေးခဲ့ကြောင်း သူပြောသည်။
“မစ္စတာချိုင်ဝပ်အနေနဲ့ ပိုလာဂျီကို အမျိုးသားဥယာဉ်ဥပဒေ ချိုးဖေါက်မှုနဲ့ ဒဏ်ငွေရိုက်ရမယ်။ ကိုယ့်ဟာကိုယ်ဖမ်းထား မယ့်အစား သိမ်းဆည်းထားတဲ့ပျားရည်တွေနဲ့အထူ ကင်ကရာချန် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးရမယ်” ဟုလည်းရှင်းပြသည်။
DSI ကအမှုကို ဆက်လက်စစ်ဆေးနေစဉ်အတွင်း ပိုလာဂျီ၏ မိသားစုသည် တရားရေးဌာရန်ပုံငွေမှု လျှော်ကြေးရရှိမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက အာမခံသည်။
ဆက်စပ်ဖတ်ရှု့ရန် – ပျောက်ဆုံးနေသည့် ကရင် လူ့အခွင့်အရေးလှုပ်ရှားသူ ဘီလီ သတ်ဖြတ်ခံရခြင်းဖြစ်ဟုဆို
ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တောကို ယူနက်စကို အသိအမှတ်ပြုရေး မအောင်မြင်
ကရင်တိုင်းရင်းသားများ အရေး ဖြေရှင်းပေးမည်ဟု ကန်ကရာချန် အုပ်ချုပ်ရေးမှူး ကတိပြု