• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး ဝန်ကြီးချုပ်အား ဂုဏ်သိက္ခာ ကျဆင်းရန် ပြုလုပ်မှုဖြင့် ဖေ့စ်ဘုတ် သုံးသူ ၂ ဦးကို အမှုဖွင့်

by ဒီလှိုင်းဝင်း
18 September 2019
in သတင်း
A A
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ထက်ဝေ / ဧရာဝတီ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ထက်ဝေ / ဧရာဝတီ

18k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဂရုတခုဖွဲ့ကာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၏ ဓာတ်ပုံများကို အသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားပို့စ် တင်ခဲ့သူ အကောင့်ပိုင်ရှင် ၂ ဦးကို ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် စက်တင်ဘာ ၁၆ ရက်နေ့က စတင် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခံရသူမှာ Aung pyae San Win နှင့် Swan Ka Bar အမည်ဖြင့် ဖေ့စ်ဘုတ်အကောင့် အသုံးပြုသူ ၂ ဦး ဖြစ်ပြီး မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ် အမှတ်(၁၁) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
90
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
89
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
79

ထို ၂ ဦးသည် ဖေ့စ်ဘုတ်စာမျက်နှာတွင် We Love Dauk Zaw ဟူသည့် အမည်ဖြင့် ဂရုတခုဖွဲ့ကာ ပြည်သူများ အထင် အမြင် လွဲမှားစေရန် လွန်ကျူးစွာ ရေးသားသည်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးပုညဆွေက အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကိုယ်စား တရားလိုလုပ်ပြီး အမှုဖွင့်တာပါ၊ ဝန်ကြီး ချုပ် ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန်၊ ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် လွန်လွန်ကျူးကျူး ရေးသားသူ တွေကို တရားစွဲခြင်းဖြစ်တယ်”ဟု အမှုဖွင့်ခဲ့သူ ဦးပုညဆွေက မီဒီယာများအား ဖြေကြားသည်။

ထို ၂ ဦးသည် ဒေါက်တာဇော်မြင့်မောင် ၏ ဓာတ်ပုံများကို အသုံးပြုကာ “ပါးချခံရမယ်” ၊ “ငယ်သေးတဲ့ အချစ်မို့ မလေး စား တာလား ပြောပါ ကျနော် သိပ်ချစ်တတ်တာ ကျနော်သာအသိပါ” စသည့် စာသားများ ရေးသားခဲ့သဖြင့် အမှုဖွင့် ရခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး အပြီးတွင် “ပွင့်ပွင့်လင်းလင်းလည်း ပြောရရင် ကျနော် တခု မှလည်း မဖတ်ဘူး၊ ဒီဂရုကို စိတ်လည်း မဝင်စားဘူး၊ ဝင်လည်း မကြည့်ဘူး၊ ဒါကlove ဆိုတဲ့ စကားလုံးကိုသုံးပြီးတော့ လုပ်ချင်ရာလုပ်လို့ မရဘူး၊ ကျနော့်မှာ လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ ဒီကိစ္စက ပုဂ္ဂိုလ်ရေးဖြစ်တဲ့ဟာဆိုရင် ကျနော် မဖြေဘူး၊ နိုင်ငံရေးဆို ဖြေ တယ်၊ နောက်ပြီး ဒါကသတင်း ဖြစ်သလား၊ သိချင်လို့မေးတာပါ”ဟု ပြောသည်။

We Love Dauk Zaw Facebook Group ကို  စက်တင်ဘာ ၁၂ ရက်နေ့က စတင် ပြုလုပ်ခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါ Group တွင် အဖွဲ့ဝင် ၁၂၀၀ ကျော် ရှိကြောင်း သိရသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ အမှတ်(၁၁) နယ်မြေ ရဲစခန်းနှင့် မန္တလေးခရိုင် ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့ ရုံးများသို့ ဆက်သွယ် မေးမြန်းသော်လည်း မည်သည့်ပြန်ကြားချက်မှ မရရှိခဲ့ပါ။

ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်တဦးလည်း ဖြစ်သလို လက်ရှိ အာဏာရ NLD ပါတီ ဗဟို ၏ ဒု ဥက္ကဋ္ဌ တဦးလည်း ဖြစ်သည်။

You may also like these stories:

ဆက်သွယ်ရေး ဝန်ဆောင်မှု ဆိုင်ရာ တိုင်ကြားမှု အများဆုံးဖြစ်

တပ်မတော်ကို အသရေဖျက်သည်ဟု ဆိုကာ မြဝတီမင်းကြီး ဆရာတော်ကို မန္တလေးတွင် တရားစွဲ

Your Thoughts …
Tags: ဒေါက်တာ ဇော်မြင့်မောင်မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.5k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

by ဧရာဝတီ
11 October 2024
2.8k

"ကျနော်တို့ဟာ ဒီမိုကရေစီအတွက် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေမယ်" ဟု ပြည်တွင်းမှ အမည်မဖော်လိုသည့် ဝါရင့် NLD ခေါင်းဆောင်တဦးက ပြောသည်။

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
2.7k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

ကပ်ဘေးကြားက အလွမ်းစာ

ကပ်ဘေးကြားက အလွမ်းစာ

by လင်းငယ်
8 April 2025
1.9k

ယခုအချိန်မှာတော့ လွမ်းမိသည့် ပုဂ္ဂိုလ်တွေထဲက တဦးကမူ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်သည့်နှစ်ဦးကမူ မတရားစွပ်စွဲမှုများစွာဖြင့် ထောင်သွင်းအကျဉ်းကျခံထားရသည်။

Next Post
နမ့်ဆန်မြို့အဝင်  / နမ့်ဆန်သတင်း

TNLA ထိန်းချုပ်ထားသည့် တောင်ရိုး စေတီကုန်း တပ်မတော် ပြန်လည်သိမ်းပိုက်

ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ရုံး  / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံခန့် ထပ်မံ ခွင့်ပြုရန် စီစဉ်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate