သတင်း

တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ

မော်လဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာအားကစားမယ် သက်ထားသူဇာသည် တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့နှင့် ယနေ့ ယှဉ်ပြိုင်ရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာက တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့(၂၁-၇၊ ၂၁-၁၅)နှင့် ၂ပွဲပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွား ခြင်းဖြစ်သည်။

“သူနိုင်သွားပါပြီ။ ဒါက ရှုံးထွက်ပွဲစဉ်ဖြစ်တာကြောင့် ကွာတားဖိုင်နယ်ကို သူတက်သွားပြီပေါ့”ဟု သက်ထား သူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ စပြီး ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။

သက်ထားသူဇာသည် ယခုအခါ ပြိုင်ပွဲပေါင်း ၇၄ပွဲယှဉ်ပြိုင်ထားရာ ၅၅ပွဲနိုင်ထားပြီး ၁၉ပွဲရှုံးထား ကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေသည့် သက်ထားသူဇာသည် ယခုဆိုလျှင် အမှတ်ပေါင်း ၂၄၄၃၀ရှိပြီး ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိသွားပြီဖြစ်သည်။

ကြက်တောင်မယ် သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ဆု ရရှိ ထားသော် လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့မြေတွင် ကျင်းပသည့် Myanmar International Series 2019 ကြက်တောင် ပြိုင်ပွဲ၌မူ အင်ဒိုနီးရှား ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ ကို နှစ်ပွဲပြတ်ရှုံးနိမ့်ကာ တတိယဆုဖြင့် သာ ကျေနပ်ခဲ့ရသည်။

You may also like these stories:

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

Loading