• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိ တိုက်ဖျက်ရေး ကော်မရှင် စွပ်စွဲချက် BPI စက်ရုံမှူး ငြင်းဆို

by ထွန်းထွန်း
19 September 2019
in သတင်း
A A
စက်တင်ဘာ ၉ ရက် ရုံးထုတ်တွင် တွေ့ရသော BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်  / မျိုးမင်းစိုး / ဧရာဝတီ

စက်တင်ဘာ ၉ ရက် ရုံးထုတ်တွင် တွေ့ရသော BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော် / မျိုးမင်းစိုး / ဧရာဝတီ

36.7k
VIEWS
Share on FacebookShare on Twitter

သွေးကြောသွင်း ဆေးရည်ဘူးများအား စံချိန်စံညွှန်း မမီသည့် ကော်စေ့များ အသုံးပြုကာ ထုတ်လုပ်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) ၏ စွပ်စွဲချက် အပေါ် အင်းစိန် ဆေးဝါးစက်ရုံ (BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော် က ငြင်းဆိုလိုက်သည်။

တင်ဒါ အောင်မြင်ထားသည့် Suntec ကုမ္ပဏီထံမှ LG Cham ကုမ္ပဏီထုတ် ကော်စေ့များ အစား Lotte ကုမ္ပဏီထုတ် ကော်စေ့ ၂၆ တန် အား အစားထိုးသုံးစွဲခဲ့မှုဖြင့် လုပ်ထုံးလုပ်နည်း မညီဟုဆိုကာ စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

RelatedPosts

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

13 June 2025
71
သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

13 June 2025
32
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
202

ဒေါက်တာ အောင်ဇော်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က“ထုတ်လုပ်မှု ပြည့်မီဖို့ လုပ်တဲ့နေရာမှာ ကုန်ကြမ်း ပြတ်လပ်မှု မဖြစ်အောင် အစားထိုး သုံးတယ်ဆိုတယ်။  ဒီနေရာမှာ ဘာကိုမှ နစ်နာအောင် လုပ်ထားတာ မရှိဘူး၊ ငွေကြေး ရယူထားတာလည်း မရှိဘူး ပြောတယ်။ ဆေးရည်ဘူးတွေမှာ ခဲဓာတ် ပိုနေတယ် ဆိုတာကိုလည်း သူငြင်း ဆန် တယ်၊ တရားဥပဒေနဲ့ အညီ ရင်ဆိုင်မှာပါ”ဟု ပြောသည်။

အစားထိုး သုံးခဲ့သည့် Lotte ကုမ္ပဏီထုတ် ကော်စေ့များသည့် BPI တွင်၂၀၀၇ ခုနှစ်ကတည်းက သုံးခဲ့သည့် Riblene အမျိုးအစား ကော်စေ့ဖြင့် အရည်အသွေး အဆင့်တူ ဖြစ်သည့်အပြင် နမူနာ နှစ်အိတ်ရယူ၍ Blow Mould Test ပြုလုပ် ခြင်း၊ Chemical Test ပြုလုပ်ခြင်း၊ တိရစ္ဆာန်များနှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပြီးမှသာ ကြိုတင်ရယူ အသုံးပြုခဲ့ခြင်း ဖြစ် ကြောင်းလည်း ဒေါက်တာ အောင်ဇော်က ရှင်းလင်းထားသည်။

လက်ရှိတွင် အစားထိုး Lotte ကော်စေ့ဖြင့် ထုတ်လုပ်သည့် သွေကြောသွင်း ဆေးရည်ဘူး ကျပ် သန်း ၅၀၀ ခန့် တန်ဖိုးရှိ ဆေးဘူး ၆ သိန်းကျော်အား ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာနက အသုံးပြုမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

ACC ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက“စံချိန်စံညွှန်းမမီတဲ့ ကော်စေ့နဲ့ ထုတ်လုပ်ခဲ့တဲ့ အတွက် အများပြည်သူ ကျန်းမာ ရေးအတွက် အသုံးပြုရန် မသင့်တဲ့အတွက် ကျန်းမားရေး ဝန်ကြီးဌာနဘက်က အသုံးပြုမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်။ မသုံးတဲ့ အတွက် နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ ထိခိုက်နစ်နာ ဆုံးရှုံးစေလို့ တရားစွဲဆိုတာပါ”ဟု ပြောသည်။

ကုန်ကြမ်းဝယ်ယူရန် အတွက် ၂၀၁၈ ခုနှစ် မီနီဘက်ဂျက်တွင် သုံးငွေ လျော့နည်းခြင်းကြောင့် လက်ကျန် ကုန်ကြမ်း လျော့ နည်းခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ကုန်ကြမ်းရရှိရန် တင်ဒါ လုပ်ငန်းများမှာ ၅ လခန့် ကြာမြင့် သည့် အတွက် ကြားကာလတွင် ကုန်ကြမ်း ပြတ်လပ်၍ ထုတ်လုပ်မှု လျော့နည်းခြင်း မရှိစေရန် ဆေးဝါးလုပ်ငန်း မန်နေ ဂျာ အပါအဝင် တင်ဒါအောင် ကုမ္ပဏီနှင့် ညှိနှိုင်းကာ အစားထိုး ကော်စေ့များ ကြိုတင်ရယူ သုံးခဲ့ရခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်ဇော်က ပြောဆိုထားသည်။

BPI အနေဖြင့် ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပ ကုန်ကြမ်းနှင့် ထုတ်ပိုးပစ္စည်းဝယ်ယူရန် ယူရို ၇.၅ သန်း ရရှိ ထားပြီး လိုအပ်ချက် အရ LDPE(Low Density Polyethylene)ကော်စေ့ ၃၄၃ တန် ဝယ်ယူခွင့် တင်ပြခဲ့သော်လည်း နိုင်ငံခြားငွေ အခက်အခဲကြောင့် ၂၅၀ တန်သာ ဝယ်ယူခဲ့ရသည့်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အထိသာ အသုံး ပြုနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

အမှုနှင့် ပတ်သက်ပြီး ဒေါက်တာ အောင်ဇော်အား စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ် တရားရုံးတွင် ဒုတိယ အကြိမ် ချုပ်ရမန်ရယူခဲ့ပြီး လာမည့် အောက်တိုဘာ ၂ ရက်တွင် ရန်ကုန်တိုင်းတရား လွှတ်တော်၌ တရားစွဲတင် ဖွယ် ရှိကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ဒေါက်တာ အောင်ဇော် တရားစွဲခံရမှုနှင့် ပတ်သက်ပြီး BPI ဝန်ထမ်း ဦးရေ ၁၀၀ ခန့်က စက်တင်ဘာ ၉ ရက်နေ့ ရုံး ထုတ်တွင် ၎င်းအား ထောက်ခံဝန်းရံမှုများ ပြုလုပ်ခဲ့သည့် အတွက် နောက်ရုံးချိန်းများတွင် သွားရောက်ခြင်း မပြုရန် သတိပေး ခံထားရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှ အပ အခြားလုပ်ပိုင်ခွင့် အာဏာ ရှိသူ(သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ပါက ၁၀ နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အင်းစိန် ဆေးဝါးစက်ရုံ (BPI) သည် ဌာနကြီးများ၏ ယခုနှစ် အမှာစာအရ သွေးကြောသွင်းဆေးရည်ဘူး ၅ သန်း ၁ သိန်း ကျော် (၅၁၁၁၇၄၀ ဘူး) ထုတ်လုပ်ရမည် ဖြစ်ပြီး ကုန်ကြမ်းကော်စေ့များ တင်သွင်းရန် Suntec ကုမ္ပဏီက တင်ဒါ အောင်မြင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

BPI စက်ရုံမှူးအမှု နောက်ဆက်တွဲ ဆေးဝါးလုပ်ငန်း MD ကို ရာထူးမှ ထုတ်ပယ်

Your Thoughts …
Tags: BPIကော်စေ့စက်ရုံမှူးသွေကြောသွင်းဆေးရည်အဂတိမှုအင်းစိန် ဆေးဝါးစက်ရုံ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

by ဧရာဝတီ
23 October 2023
14.6k

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းတို့ကို သားဖြစ်သူ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးခဲ့ကြောင်း

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
29 September 2023
9.4k

စစ်ကောင်စီအဖွဲ့ဝင်များကို ရာထူးနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲပြုလုပ်ခြင်း၊ ရာထူးမှဖယ်ရှားခြင်းများ ဆက်တိုက် ပြုလုပ်နေသလို ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အပေါင်းများကိုလည်း အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်း စစ်ဆေး

အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်

အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်

by ဧရာဝတီ
17 August 2023
3k

အားဆေးများ အသည်းရောဂါနှင့် ပတ်သက်သည့် ဆေးများ အရောင်းပိတ်ထားကြောင်း၊ တချို့သော ကုမ္ပဏီများသည် ဆေးအမျိုးအစားလိုက်၍ ပမာဏသတ်မှတ်ကာ ထိန်း၍ ရောင်းချပေးနေသည့် အနေအထားဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားလွှတ်တော်ချုပ်၌ ကြားနာ

by ဧရာဝတီ
12 July 2023
7.1k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲကာ ထောင်ဒဏ်ချထားသည့် အဂတိမှု ၅ မှုနှင့်ပတ်သက်ပြီး ရာဇဝတ်အယူခံအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ယနေ့ နှစ်ဖက်လျှောက်လဲကြားနာခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိ ၅ မှုအတွက် ဒီဇင်ဘာ ၃၀ တွင် အမိန့်ချမည်

by ဧရာဝတီ
26 December 2022
6k

ကယ်ဆယ်ရေး ရဟတ်ယာဉ်အား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျခံသုံးစွဲကာ ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အယူခံမှုများ တရားလွှတ်တော်ချုပ်၌ ယခုလအတွင်း ကြားနာမည်

by ဧရာဝတီ
3 July 2023
10.7k

လာမည့်ဇူလိုင် ၁၂ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား နိုင်ငံတော်ပိုင် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှု ၅ မှုဖြင့် စွပ်စွဲထောင်ချထားမှု အပေါ် အယူခံတင်သွင်းမှုကိုလည်း ဆက်လက် ကြားနာမည်

Next Post

အနုပညာမြောက်လက်ရာတွေဖန်တီးတဲ့ အမျိုးသမီးလုပ်ငန်းရှင်(ရုပ်/သံ)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်  / ထက်နိုင်ဇော် / ဧရာဝတီ

ပုဒ်မ ၅၉ (စ) ကို တပ်မတော် ကာကွယ် ပြောဆို

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate