မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲ၌ သက်ထား သူဇာသည် သီရိလကာၤမှ ပရာမိုဒီကာကို နှစ်ပွဲပြတ်နိုင်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း သွားပြီး ယနေ့တွင် အိန္ဒိယ ကြက်တာင်မယ် ရှရူတီ မန်ဒါဒါနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာက သီရိလကာၤကြက်တောင်မယ် ပရာမိုဒီကာ ကို (၂၁-၁၅၊ ၂၁-၁၂)နှင့် အနိုင်ရလိုက်သည်။
သက်ထားသူဇာသည် တဦးချင်း ပွဲစဉ်တွင် အနိုင်ရခဲ့သော်လည်း အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်တွင်မူ ရှုံးနိမ့်ခဲ့ သည်။
Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။
သက်ထားသူဇာသည် ယခုအခါ ပြိုင်ပွဲပေါင်း ၇၄ပွဲယှဉ်ပြိုင်ထားရာ ၅၅ပွဲနိုင်ထားပြီး ၁၉ပွဲရှုံးထား ကြောင်း သိရသည်။
အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေသည့် သက်ထားသူဇာသည် ယခုဆိုလျှင် အမှတ်ပေါင်း ၂၄၄၃၀ရှိပြီး ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိသွားပြီဖြစ်သည်။
ကြက်တောင်မယ် သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ဆု ရရှိ ထားသော် လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့မြေတွင် ကျင်းပသည့် Myanmar International Series 2019 ကြက်တောင် ပြိုင်ပွဲ၌မူ အင်ဒိုနီးရှား ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ ကို နှစ်ပွဲပြတ်ရှုံးနိမ့်ကာ တတိယဆုဖြင့် သာ ကျေနပ်ခဲ့ရသည်။
You may also like these stories:
သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ
အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ
ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်
ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်