မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019တွင် ယှဉ်ပြိုင်နေ သည့် မြန်မာ့ကြက်တောင် မယ် သက်ထားသူဇာသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိန္ဒိယကြက်တောင်မယ် ရှရူတီ မန်ဒါဒါကို ၂၁-၁၀၊ ၂၁-၁၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူကာ ဖိုင်နယ်ပွဲစဉ်သို့ တက်လှမ်းသွား ပြီဖြစ်သည်။
“သူ အိန္ဒိယမယ်ကို နိုင်သွားလို့ ဖိုင်နယ်တက်ပြီပေါ့။ ပွဲက မနက်ဖြန်နောက်ဆုံး။ ဒါသူရဲ့ အောင်မြင်မှုပါပဲ”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
သက်ထားသူဇာသည် Maldives International Future Series 2019 အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၌ Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲမှ စပြီးယှဉ်ပြိုင်နေရခြင်းဖြစ်သည်။
ယခု International Future Series ပွဲစဉ်များ ပြီးဆုံးပါက သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံ ၌ပင် စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပမည့် International Challenge 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေခြင်းဖြစ်ပြီး ယခုဆိုလျှင် ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိပြီး ရွှေတံဆိပ် ၆ဆုပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ
အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ
ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်
ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်