သတင်း

ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အိန္ဒိယ ကစားသမား Malvika BANSOD အား ရှုံးနိမ့်သွားသဖြင့် ဒုတိယဆုသာ ရရှိခဲ့သည်။

ထိုပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ စပြီးယှဉ်ပြိုင်နေရခြင်း ဖြစ်သည်။

သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က “သူ ရှုံးသွားတယ်။ ကစားတာလည်း သူနည်းနည်းလေး နေတယ်။ ပွဲပန်းတာများတာလည်း ပါတယ်။ လက်ရည်မှာ သူကတောင် သာသေးတယ်။ ပြိုင်ပွဲမှာဖောက်တာ မျိုးက ဖြစ်တတ်ပါတယ်။ လေးနေတော့ ကိုယ်လိုတိုင်းမရောက်ပဲ ဟိုဘက်ကအတိုင်းလိုက် ကစားပေးနေရ တယ်။ နောက် အမှားတွေများတယ်”ဟု ဧရာဝတီသို့ ပြောကြားသည်။

အိန္ဒိယ ကစားသမား Malvika BANSODက နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာအား (၂၁-၁၃၊ ၂၁-၁၁)ဖြင့် အနိုင်ရရှိသွားသည်။

Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။

ယခု International Future Series ပွဲစဉ်များ ပြီးဆုံးပါက သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံ ၌ပင် စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပမည့် International Challenge 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ သူ၏ လက်ရည် အနေအထားနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်ဖတ်ရှု့ရန် 

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်

Loading