• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ဘဏ်ချေးငွေ ၄ မျိုး မန္တလေးတွင် မိတ်ဆက်

by မြတ်ပြည့်ဖြိုး
1 October 2019
in သတင်း
A A
မန္တလေး MRCCI အသင်းရုံး၌ တရုတ် ICBC ဘဏ်မှ တာဝန်ရှိသူများ ရှင်းလင်းမှုများ လုပ်ဆောင်နေစဉ် / (ဓာတ်ပုံ-MRCCI)

မန္တလေး MRCCI အသင်းရုံး၌ တရုတ် ICBC ဘဏ်မှ တာဝန်ရှိသူများ ရှင်းလင်းမှုများ လုပ်ဆောင်နေစဉ် / (ဓာတ်ပုံ-MRCCI)

9.3k
VIEWS
Share on FacebookShare on Twitter

တရုတ် ပုဂ္ဂလိဘဏ်တခုဖြစ်သော Industrial and Commercial Bank of China(ICBC)မှ လုပ်ငန်း ရှင်များ ချေးယူ နိုင်သော ဘဏ်ချေးငွေ လေးမျိုးကို မန္တ လေးမြို့တွင် စတင်မိတ်ဆက်သည်။

ယင်းဘဏ်ချေးငွေ ၄မျိုးမှာ အရင်းအနှီး ချေးငွေ (Working Capital Loan) ၊ စီမံကိန်းချေးငွေ (Project Loan)၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ချေးငွေ (Trade Finance) နှင့် နိုင်ငံခြားဘဏ် နှင့် ပြည်တွင်း ဘဏ် အကျိုးတူဆောင်ရွက်မှုဖြင့် လုပ်ကိုင်မည့် ချေးငွေ (Syndicate Lone) တို့ ဖြစ်ကြောင်း သိရသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
222
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
485
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

ထိုချေးငွေ ၄မျိုး အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော ငွေကြေးဝန် ဆောင်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတွင် ICBC ပြုလုပ်သော တရုတ်-မြန်မာနယ်စပ် ငွေကြေး ဆိုင်ရာ ဆွေးနွေးပွဲ၌ ဘဏ်၏ လက်ထောက် မန်နေဂျာ ဦးကျော်သူဝင်း က ရှင်းပြခဲ့ခြင်းဖြစ်သည်။

ချေးငွေ အမျိုးအစားအလိုက် ကာလအားဖြင့် ၁ နှစ်မှ ၃ နှစ်အထိ အများဆုံး သတ်မှတ်ထားပြီး မြန်မာငွေဖြင့် လည်း ကောင်း၊ အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း ချေးယူနိုင်သော်လည်း အတိုးနှုန်းမှာ မြန်မာ ကျပ်ငွေဆိုပါက တနှစ် လျှင် ၁၃ ရာခိုင်နှုန်း ဖြစ်ပြီး ဒေါ်လာဖြစ်ပါက တနှစ်လျှင် ၆ မှ ၉ ရာခိုင်နှုန်းကြား သတ်မှတ်ထားသည်ဟု သိရသည်။

ချေးငွေ အမျိုးအစားနှင့် ချေးငွေရယူမည့် ကုမ္ပဏီ၏ လည်ပတ်မှု အပေါ် မူတည်ကာ Syndicated Loan ဆိုပါက အများဆုံး ငွေကျပ်သန်း ၁၀၀ အထိ ချေးယူနိုင်မည်ဟု ဆိုသည်။

ဦးကျော်သူဝင်းက “ချေးငွေလျှောက်တဲ့အခါ ကုမ္ပဏီအကြီး၊ အသေး ဆိုတာထက် လုပ်ငန်းလည်ပတ်မှု နဲ့ အလား အလာ ဘယ်လောက် ရှိတယ်။ Financial Statement ဘယ်လောက်ပြနိုင်တယ် ဆိုတဲ့ အပေါ် မူတည်ပြီး အဓိကထား စဉ်းစားတာဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ICBC မှ ချေးငွေရယူလိုသော လုပ်ငန်းရှင်များ အနေဖြင့် အပေါင်ပစ္စည်း အတွက် ဒေသတွင်းဘဏ် များက အာမခံ ပေးလျှင်ဖြစ်စေ၊ မိမိလုပ်ငန်းမှာ တရုတ်ကုမ္ပဏီများနှင့် စပ်တူ လုပ်ကိုင်နေပါက တရုတ်ကုမ္ပဏီဘက်မှ အာမခံပေးလျှင်ဖြစ်စေ ဆောင်ရွက်နိုင်သည် ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြည်တွင်းဘဏ်များ အနေဖြင့် ချေးငွေရယူရာတွင် အချို့မှာ နားလည်မှုဖြင့် သွားသည့် အခါမျိုးရှိသကဲ့သို့ ICBC သည် နိုင်ငံတကာတွင်လည်း ဘဏ်ခွဲများစွာရှိသော နိုင်ငံခြားဘဏ် တခုဖြစ်သောကြောင့် ပိုမိုစနစ်ကျသည်ဟု မန္တလေးတိုင်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ဆိုသည်။

ICBC ဘဏ်သည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် က မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့သော နိုင်ငံခြားဘဏ် ၉ ခုအနက် တခု အပါအဝင် ဖြစ်၍ လက်ရှိတွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားကြောင်း သိရသည်။

မန္တလေးမြို့ခံ စက်မှု လုပ်ငန်းရှင်တဦးဖြစ်သူ ဦးရဲဝင်းအောင်ကလည်း “သူတို့ (ICBC) အတိုးနှုန်းက ပြည်တွင်းဘဏ် အတိုးနှုန်းနဲ့ တူတူပဲဆိုမှတော့ အလုပ်ရှုပ်ခံပြီး သူတို့ဆီက ချေးမနေတော့ဘူး။ ပြီးတော့ အခုလက်ရှိ JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ) ချေးပေးနေ တဲ့ SME ချေးငွေ အတိုးနှုန်းက ဒီထက်အများကြီး သက်သာတယ်” ဟု ဧရာဝတီကို ပြောသည်။

You may also like these stories: 

တရုတ်က စိုက်ပျိုးရေး ချေးငွေ ဒေါ်လာသန်း ၁၀၀ လွှတ်တော်တွင် မေးခွန်းထုတ်

တရုတ် အကြွေး ထောင်ချောက်ထဲသို့ တကျော့ပြန် အထီးကျန် လူမွဲ မြန်မာနိုင်ငံ

အတိုးနှုန်း များသည့် တရုတ် ချေးငွေ အမြန်ဆုံး ပြန်ဆပ်သင့်ဟု ဆို

Your Thoughts …
Tags: ICBCချေးငွေတရုတ်ဘဏ်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
556

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
151

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ရုံးဆင်းလာသည့် နိုင်ငံ့ဝန်ထမ်းများ  / သီဟလွင်  / ဧရာဝတီ

အစိုးရဝန်ထမ်းများကို ၂လစာ အတိုးမဲ့ ထုတ်ချေးမည်

by အောင်သီဟ
1 September 2020
9.9k

အဆိုပါ အတိုးမဲ့ချေးငွေသည် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံး အကျုံးဝင်မည် ဖြစ်ပြီး ချေးငွေကို ဆိုင်းငံ့ကာ လ ၆ သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

အစိုးရဆီမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ SME လုပ်ငန်းရှင် ၆၇၇၉၈  ဦးရှိပြီး အဲဒီအထဲကမှ ချေးငွေရရှိသူ ၃၀၀ ခန့်ရှိ / Reuters

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

by ကောင်းမြတ်မင်း
9 October 2018
19.7k

ယမန်နှစ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် မြန်မာနိုင်ငံက SME များ အစိုးရချေးငွေ မရရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Next Post
အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

Show ပွဲတွေ မဆိုဖြစ်တာ ၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ အဆိုတော် ရေဗက္ကာဝင်း

အာဏာပိုင်တွေဟာ နိုင်ငံတွင်းထုတ်လုပ်ထားတဲ့ ၃၂ လက်မ LCD တီဗီ တွေကို စီမံချက်နဲ့ အခမဲ့ ပေးဝေနေတာ ဖြစ်ပါတယ်

စစ်ရေးပြအခမ်းအနား ကြည့်ရှုဖို့အတွက် တီဗီတွေ အခမဲ့ပေးခဲ့တဲ့ တရုတ်အစိုးရ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate