• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BPI စက်ရုံမှူးအား တိုင်းတရား လွှတ်တော်တွင် တရားစွဲတင်

by ထွန်းထွန်း
1 October 2019
in သတင်း
A A
စတင်ဘာ ၉ ရက် ရုံးထုတ်တွင် တွေ့ရသည့် ဒေါက်တာ အောင်ဇော်  /  မျိုးမင်းစိုး / ဧရာဝတီ

စတင်ဘာ ၉ ရက် ရုံးထုတ်တွင် တွေ့ရသည့် ဒေါက်တာ အောင်ဇော် / မျိုးမင်းစိုး / ဧရာဝတီ

98.7k
VIEWS
Share on FacebookShare on Twitter

ဆေးဝါးစက်ရုံ (အင်းစိန်/BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ယနေ့ တရားစွဲတင်လိုက်ကြောင်း ၎င်း၏ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က ပြောသည်။

ဦးခင်မောင်မြင့်က“နောက်တပတ်မှာတော့ တရားလိုနဲ့ သက်သေတွေ စ စစ်မှာပေါ့။ ချုပ်ရမန်ပေးထားတဲ့ ရက်မပြည့်မီ တရားစွဲတင်ခွင့် ရှိပါတယ်။ ဥပဒေ အရပဲ တရားစွဲတင်တာပါ”ဟု ပြောပြသည်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
3
စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
286
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
195

အမှုတွင် တရားလိုနှင့် တရားလိုပြသက်သေများ စတင်စစ်ဆေးရန် အောက်တိုဘာ ၁၀ ရက်နေ့ကို ရုံးချိန်း ပြန်လည် ချိန်းဆို ထားကြောင်း သိရသည်။

သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရာတွင် တင်ဒါအောင်ထားသည့် ကော်စေ့မဟုတ်ဘဲ အခြား ကော်စေ့ အမျိုး အစားဖြင့် အစားထိုး သုံးစွဲခဲ့သည့် အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို စက် တင်ဘာလ ၆ ရက်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဆေးဘူးများ ထုတ်လုပ်ရန် LG Cham တံဆိပ်ကော်စေ့များ တင်သွင်းခွင့်အား Suntec ကုမ္ပဏီက တင်ဒါအောင်မြင်ထား ခြင်း ဖြစ်သော်လည်း ယင်းကုမ္ပဏီရှိ Lotte တံဆိပ်ကော်စေ့ ၂၆ တန်အား အစားထိုး သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Lotte တံဆိပ်ကော်စေ့ဖြင့် သွေးကြောသွင်းဆေးရည်ဘူး ၆ သိန်းကျော်အား BPI က ထုတ်လုပ်ခဲ့ပြီး ယင်းဆေးဘူး များကို အများပြည်သူ ကျန်းမာရေး အတွက် အသုံးပြုရန်မသင့် ဟုဆိုကာ ကျန်းမာရေးဝန်ကြီးက အသုံးပြုမှု ရပ်ဆိုင်းထား မှုကြောင့် နိုင်ငံတော် ငွေကြေး ကျပ်သန်း ၅၀၀ ခန့် နစ်နာဆုံးရှုံးခဲ့ရသည့် အတွက် အမှုဖွင့်ရခြင်း ဖြစ်ကြောင်းလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက အမှုဖွင့်စဉ်က ပြောဆိုထားသည်။

ယင်းသို့ အစားထိုး သုံးစွဲခဲ့ခြင်းသည် တင်ဒါအရ တင်သွင်းမည့် ကော်စေ့များ မရောက်ရှိသေးချိန်တွင် ဝန်ကြီးဌာနများ၏ ဆေးဘူး အမှာစာများ အချိန်မီ ထုတ်လုပ်ပေးနိုင်ရန် ကုန်ကြမ်း လိုအပ်မှုရှိသည့်အတွက် အခြေအနေအရ အစားထိုး ကော်စေ့ များကို ကြိုတင်ရယူသုံးစွဲခဲ့ရခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်ဇော်ကလည်း ပြန်လည် ရှင်းလင်းထားသည်။

အစားထိုး သုံးစွဲခဲ့သည့် Lotte တံဆိပ်ကော်စေ့သည်လည်း BPI တွင် ယခင်ကသုံးစွဲခဲ့သည့် Riblene အမျိုးအစား ကော် စေ့နှင့် အရည်အသွေးအဆင့် တူညီသည့် အပြင် နမူနာ ၂ အိတ်ရယူ၍ Blow Mould Test ပြုလုပ်ခြင်း၊ Chemical Test ပြုလုပ်ခြင်း၊ တိရစ္ဆာန်များနှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပြီးမှသာ အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင် အနေဖြင့် အဂတိ လိုက်စား မှုနှင့် ပတ်သက်မှု မရှိသော်လည်း တာဝန်ပျက်ကွက်သည် ဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိ သူ (သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ပါက ၁၀ နှစ်ထက် မပိုသည့် ထောင်ဒဏ် ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Your Thoughts …
Tags: BPI စက်ရုံမှူးဆေးဝါးစက်ရုံ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရာထူးမှ ထုတ်ပယ်ခံရသည့် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်  / MOI

BPI စက်ရုံမှူးအမှု နောက်ဆက်တွဲ ဆေးဝါးလုပ်ငန်း MD ကို ရာထူးမှ ထုတ်ပယ်

by ထွန်းထွန်း
13 September 2019
63.2k

ဆေးဝါး စက်ရုံ(အင်းစိန်/ BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား အဂတိ လိုက်စား မှုဖြင့် အမှုဖွင့် အရေး ယူပြီးနောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး (MD) ဦးကိုကို အောင်ကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်...

စက်တင်ဘာ ၉ ရက် ရုံးထုတ်တွင် တွေ့ရသော BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော် / မျိုးမင်းစိုး / ဧရာဝတီ

BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ရုပ်သိမ်းရန် လျှောက်ထားခြင်း ပယ်ချခံရ

by ထွန်းထွန်း
7 November 2019
11k

အဂတိလိုက်စားမှုနှင့် တရားစွဲခံထားရသည့် ဆေးဝါးစက်ရုံ (အင်းစိန်/BPI) စက်ရုံမှူး ဒေါက်တော အောင် ဇော်အမှု ရုပ်သိမ်းရန် လျှောက်ထားမှုအား တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချခဲ့ပြီး၊ အာမခံ‌ပေးရန် လျှောက်ထားမှု ကိုလည်း ယနေ့ ရုံးချိန်းတွင် ပယ်ချလိုက်သည်။

Next Post
အရေးပေါ် လေယာဉ်တံခါးပေါက် ဖွင့်ခံထားရစဉ်

လေယာဉ် အရေးပေါ်တံခါး ဖွင့်ခဲ့သည့် တရုတ်အမျိုးသမီး အဖမ်းခံရ

လက်နက်ကြီးစ ထိမှန်ခဲ့သဖြင့် ကျောက်တော်ဆေးရုံတွင် တက်ရောက်၍ ဆေးကုသနေရသူတဦး  / ဇော်ဇော် / ဧရာဝတီ

ကျောက်တော် မီးဝရွာ လက်နက်ကြီး ကျပေါက်ကွဲ ၅ ဦးဒဏ်ရာရ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate