သတင်း

ဆိုက်ရောက်ဗီဇာ ကင်းလွှတ်ခွင့် ပြည်ပနိုင်ငံသားခံယူထားသည့် မြန်မာများမပါ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသည့် သြစတြေးလျ၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှားနှင့် ဂျာမနီ နိုင်ငံသားများ အနေဖြင့် ကြိုတင်ဗီဇာ လျှောက်ထားစရာမလိုသည့် ဆိုက်ရောက်ဗီဇာကို ယခုလမှစ၍ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုထားခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာကြိုတင် လျှောက်ထားရာ မလိုဘဲ မြန်မာလေဆိပ်ရောက်မှသာ ဗီဇာလျှောက်ထားနိုင်ပြီး ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ နှင့် ရက်ပေါင်း ၃၀ လည်ပတ်နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်း ဆိုင်ရောက်ဗီဇာ ခွင့်ပြုထားမှုတွင် အဆိုပါနိုင်ငံများတွင် နိုင်ငံသား အဖြစ် ခံယူထားသော မြန်မာနိုင်ငံသားများ အနေဖြင့် ရရှိမည်မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် လူမှုရေးဗီဇာ (Social Visit Visa) လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုကန့်သတ်ချက်သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မူဝါဒဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနှင့် သက်ဆိုင်မှုမရှိကြောင်း ယင်းဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဧရာဝတီသို့ ပြောသည်။

ဦးအောင်အေးဟန် က “ကျနော်တို့ဘက်သိသလောက်တော့ ဒီနိုင်ငံတွေရဲ့ Passport ကိုင်ထားတဲ့ သူတွေကို ခွင့်ပြု ထားတယ်ပေါ့။ အမည်ပျက်စာရင်း (Black list) သွင်းထားတဲ့ သူတွေတော့ မပါဘူး” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က “အရင်က မကာအိုတို့ အာရှနိုင်ငံတချို့ကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုတုန်းကလည်း ဒီလိုမျိုးပဲ ကန့်သတ်ထားတယ်။ အခုလဲ ဒီလိုမျိုးပဲပေါ့။ ဒါပေမဲ့ အဲ့ဒီက မြန်မာဖွားတွေရဲ့ ဒုတိယမျိုးဆက်တွေလောက်ကတော့ ဒီဆိုက်ရောက်ဗီဇာခွင့်ပြု ထားတာကို ရရှိနိုင်မယ်” ဟု ဆိုသည်။

ယခုဆိုက်ရောက် ဗီဇာခွင့်ပြုပေးသော နိုင်ငံများသည် မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာပြီး တတိယနိုင်ငံ သားအဖြစ်ခံယူထားသော မြန်မာနိုင်ငံသား အနည်းကျဉ်းသာရှိပြီး အမေရိကန်၊ နော်ဝေးနှင့် ချက်ပြည်သူ့သမ္မတများ တွင်သာ အများဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။

ဦးဘိုကြည် က “သူများနိုင်ငံသားတွေကိုတောင် လွယ်အောင်လုပ်ပေးနေတာ ကိုယ်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားရတဲ့ ကိုယ့်နိုင်ငံသားတွေကိုတော့ ပိုပြီးတင်းကျပ်အောင် လုပ်ထားတာတော့ မကောင်းဘူး။ သူတို့အတွက်လ ည်း မြန်မာနိုင်ငံကို လာလည်ပတ်ဖို့ကို လွယ်ကူအောင် လုပ်ပေးသင့်တယ်” ဟု ပြောဆိုသည်။

၎င်းက ဆက်၍ “နိုင်ငံခြားငွေသုံးရတာချင်းတူတူ ကိုယ့်နိုင်ငံသားတွေက နိုင်ငံခြားသားတွေထက်တောင် ပိုပြီး သုံးကြအုန်းမယ်” ဟု ဆိုသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဌာနအမျိုးမျိုးကို ဖုန်းလွှဲပြောင်းပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်း ခွင့်မရရှိခဲ့ပေ။

၁၉၈၈ လူထုအရေးတော်ပုံဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူများသည် အကြောင်း အမျိုးမျိုးကြောင့် တတိယနိုင်ငံများတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံကာ အချို့မှာ နိုင်ငံသားခံယူခဲ့ကြရသည်။ ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်တော်ပြန်ဝင်လာသူ အချို့ရှိကြသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့လှည်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် ယခုဥရောပ ၆ နိုင်ငံကို ဆိုက်ေ ရာက်ဗီဇာ ခွင့်ပြုပေးထားပြီးအပြင် အာရှနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအို ခရီးသွား များအတွက် ဗီဇာကင်းလွတ်ခွင့် နှင့် လေကြောင်းမှ လာရောက်သော တရုတ်နိုင်ငံသား ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြုခြင်းကို ၂၀၂၀ စက်တင်ဘာလ ၃၀ အထိ စမ်းသပ်ကာလ ၁ နှစ်စီ သက်တမ်းတိုးထားခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လ အထိ ၆ လအတွင်း လာရောက် လည်ပတ်သည့် တရုတ် ခရီးသွားဦးရေ ၃ သိန်း ၂ သောင်း ကျော် (၃၂၀,၈၈၂) အထိ ရှိပြီး ယခင်နှစ်ထက် ၁ သိန်း ၈ သောင်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သော အမေရိကန်၊ ဥရောပ၊ အာရှနိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်ပေါင်း ၉ သိန်းကျော် လာရောက်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading