• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟားခါးတွင် ဗိုလ်ချုပ်ကြေးရုပ် အပြင် ချင်းခေါင်းဆောင် ၃ ဦး ရုပ်တုများ ထားရှိရေး စီစဉ်

by လဲ့လဲ့
4 October 2019
in သတင်း
A A
ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ဗိုလ်ချုပ်ရုပ်တု / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ဗိုလ်ချုပ်ရုပ်တု / အောင်ကျော်ထက် / ဧရာဝတီ

14.4k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု အပြင် ပင်လုံစာချုပ် ချုပ်ဆိုရာ တွင် ပါဝင်ခဲ့သည့် ချင်း ခေါင်းဆောင် ၃ ဦး၏ ရုပ်တုများကိုပါ ထားရှိရေး စီစဉ်နေကြောင်း ပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

ယခင် ဟားခါးမြို့လယ်ရှိ ဗိုလ်ချုပ်ပန်းခြံမှ ဗိုလ်ချုပ်ပုံ ကွန်ကရိ ရုပ်တုကို အလှူရှင်များ၏ လှူဒါန်း ငွေကျပ်သိန်း ၃၀၀ အကုန်အကျခံကာ ကြေးသွန်းရုပ်အဖြစ် ပြန်လည် သွန်းလုပ်ထား ကြောင်း၊ ထို့ပြင် ချင်းခေါင်း ဆောင် ၃ ဦး ၏ ရုပ်တုများ ထားနိုင်ရေးက အလှူရှင်နှင့် ဒေသခံများ ကူညီပါက ဗိုလ်ချုပ်ကြေးရုပ်နှင့် ပုံစံတူ၊ အရွယ်တူ ရနိုင် ကြောင်း ဝန်ကြီး ဦးစိုးထက်က ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် ချင်းမီဒီယာများနှင့် တွေ့ဆုံ ပွဲတွင် ပြောခြင်း ဖြစ်သည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
57
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
176
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
18

ပင်လုံသဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ကြသည့် ချင်းခေါင်းဆောင် ၃ဦးဖြစ်သော Pu Hlur Hmung (ဦးလျံမုန်း၊အေတီအမ်၊ ဖလမ်း)၊ Pu Thawng Za Khup(ဦးသောင်ဇာခမ်း၊ အေတီအမ်၊ တီးတိန်)၊ Pu Kio Mang(ဦးကျိုမိုင်း၊ အေတီအမ်၊ ဟားခါး)တို့၏ ရုပ်တုများ ကိုလည်း စိုက်ထူရန် စီစဉ်ထား ခြင်းဖြစ်သည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(CNLD)မှ ပူးတွဲဥက္ကဌ ဦးငိုင်ဆာခ့်က “တကယ့်ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည်ထောင်စုစာချုပ် ဖက်ဒရယ်အတွက်ကို ဦးစားပေး မလုပ်ဆောင်ဘဲနဲ့ ကြေးရုပ် ကိုပဲ ဦးစားပေး လုပ်ဆောင်တာကတော့ မူအားဖြင့် လက်မခံပါဘူး။ ဒါပေမယ့် ချင်းတိုင်းရင်း သား ခေါင်းဆောင်တွေရဲ့ ကြေးရုပ်ကို ဂုဏ်ပြု ချင်တဲ့ စိတ်ဓာတ်နဲ့ ချင်းတောင်မှာ ထားမယ် ဆိုတာကတော့ ကောင်းပါ တယ်။ ကောင်းတဲ့ အလုပ်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

ပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးသည့် ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးလျံမုန်း၊အေတီအမ်၊ ဖလမ်း(Chinfuture)

“ပထမတော့ သူတို့က ဗိုလ်ချုပ်ကြေးရုပ်ကို အရင်လုပ်မယ်ဆိုတာ စဉ်းစားတယ်။ အားလုံးက ဝိုင်း ကန့်ကွက်တဲ့ အခါကျတော့ ကျန်တဲ့ ခေါင်းဆောင်တွေပါ ထားမယ်ဆိုတော့ ဒါကတော့ တဖက်က ပြောမယ်ဆိုရင် ဗိုလ်ချုပ် ကြေးရုပ်ထက် ပင်လုံမှာ ပေးထားတဲ့ ကတိကဝတ်တွေ၊ သဘောတူထားတဲ့ ကတိကဝတ် တွေ ဒါတွေကို အဓိက အကောင်အထည်ဖော်ဖို့ လိုတာ” ဟု သူက ဆက်၍ သုံးသပ်သည်။

စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော ဟားခါးအရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် (HCSN) ၏ ဒုတိယ အကြိမ် အစည်းအဝေးတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမည့်ကိစ္စ နှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ် ရာတွင် တက်ရောက်လာသူ ၂၇ ဦး ရှိရာ ထောက်ခံသူ ၈ မဲ၊ ကန့်ကွက် ၁၃ မဲ၊ ကြားနေ ၂ မဲ နှင့် မဲမပေးမီ ထွက်ခွာသွားသူ ၄ ဦးတို့ ရှိခဲ့ရာ ကန့်ကွက်မဲ များခဲ့သည်။

အရပ်ဖက် အဖဲ့ွအစည်းများ ကန့်ကွက်ရခြင်းမှာ ၎င်းတို့ အမြင်၌ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အတွက် သမိုင်းဝင် သူရဲကောင်းတဦး ဖြစ်သော်လည်း တိုင်းရင်းသားများအတွက် အဓိက ပင်လုံစာချုပ်တွင် ပါဝင်ခဲ့သော ချင်း၊ ကချင်၊ ရှမ်းအတွက် သူရဲကောင်း မဟုတ်သည့် အတွက်ကြောင့် လည်းကောင်း၊ ဗိုလ်ချုပ် ရုပ်တု စိုက်ထူမည့်အရေးက ချင်းပြည်သူက တောင်းဆို သည့်ကိစ္စ မဟုတ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

HCSN ၏ လက်ထောက်တာဝန်ခံ ဆလိုင်း ဗန်သင်လျန်က“တကယ်လို့ ဗိုလ်ချုပ်ရုပ်တုက ထားမယ်ဆိုလည်း ဘာမှ မဖြစ်ဘူး။ မထားလည်း ဘာမှ မဖြစ်ဘူး။ အလှူရှင်ရှိလို့ မှန်ပေမယ့် ဘတ်ဂျက် ကုန်တယ်။ ဒီငွေတွေရှိရင် တခြား ဖွံ့ဖြိုးရေးလုပ်ငန်းမှာ သုံးရင် အဆင်ပြေတာပေါ့” ဟု ထောက်ပြသည်။

ပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးသည့် ဦးသောင်ဇာခမ်း၊ အေတီအမ်၊ တီးတိန်(zomidaily)

“ကျနော်တို့ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်။ လွတ်လပ်ရေး ဖခင်လို့ အကုန် လုံးက သတ်မှတ်တယ်။ သို့သော်လည်း ဗိုလ်ချုပ်ရဲ့ကတိကဝတ်ကို မလုပ်ပေးဘဲ နဲ့ သူ့အရုပ် လုပ်ပေးတာက ကျနော်တို့ တိုင်းရင်းသားတွေအတွက် ဘာအကျိုးရှိလဲ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဟားခါးမြို့နယ်တွင် ခရစ်ယာန် ဘာသာဝင် အများအပြား ရှိသည့်အတွက် ဘာသာရေး အရ ရုပ်တု ထားရှိခြင်းမျိုး မရှိသည့်အတွက် ဘာသာရေးရှူဒေါင့်က ကြည့်ပါက မသင့်တော်သည့် အတွက်ကြောင့် ဖြစ်သည်ဟု စသည့် အချက်များ အပါအဝင် ကန့်ကွက်ရသည့် အချက် ၁၀ချက် ရှိသည်ဟု (HCSN)မှ သိရသည်။

ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့ တာဝန်ခံ ပူကိမ်းတွောင်က “ဗိုလ်ချုပ်ကြေးရုပ် ထားရှိလာမှာကို ခါးခါးသီးသီး ငြင်းပယ်စရာ မရှိပါဘူး။ ဒီအချိန်မှာ ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားက ထားရှိတဲ့ ပင်လုံ ကတိကဝတ်တွေ လက်တွေ့အကောင်အထည် ဖော်ဆောင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်ဖို့ပဲ တိုက်တွန်း ချင်တယ်။ ကြေးရုပ်ကိစ္စကို သိပ်ဦးစားမပေးကြပါနဲ့” ဟု ပြောသည်။

ချင်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းအချက်အလက်ရှာဖွေစုဆောင်းမှု တာဝန်ခံ ဆလိုင်းတေရ ကလည်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိနေရေးနှင့် ပတ်သက်ပြီး ကန့်ကွက်မှု မပေးသကဲ့သို့ အားပေးခြင်းလည်း မရှိကြောင်း၊ အစိုးရအနေဖြင့် ချင်းပြည်သူ၏သဘောထားကို လေးစားစေလိုကြောင်း ဆိုသည်။

ပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးသည့် ဦးကျိုမိုင်း၊ အေတီအမ်၊ ဟားခါး(Ramlengchinmi)

“တကယ်တော့ ဗိုလ်ချုပ်ကြေးရုပ်က အစိုးရ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ အဲဒါက တကယ်ဒေသခံတွေ လုပ်ရ မယ့် ကိစ္စဖြစ်တယ်။ ဒေသခံတွေက တောင်းဆိုလို့ လိုအပ်လို့ လုပ်တာမျိုးပဲ ဖြစ်သင့်တယ်။ အခုအစိုးရလုပ်တဲ့ ဖြစ်စဉ်က မှားတယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူရန်အတွက် မြေနေရာ ရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အနည်းဆုံး ၆ လမှ ၁ နှစ်ဝန်းကျင်ခန့် ကြာနိုင်ကြောင်း၊ အဆိုပါကိစ္စကို ဆောင်ရွက်မည့် မြို့မိမြို့ဖများနှင့် စိတ်ပါဝင်စားသူများ ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က ရှင်းလင်းထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

ချင်းပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူမည့် စီမံချက် ဖျက်သိမ်း 

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြည်သူအများစု ဆန္ဒကို ရှေးရှုဆောင်ရွက်ရန် KNPP တိုက်တွန်း

ဗိုလ်ချုပ် ရုပ်တု ပြဿနာ NCA ထိုးရန် အဟန့်အတား ဖြစ်စေဟု KNPP ပြော

Your Thoughts …
Tags: ချင်းခေါင်းဆောင်ပင်လုံဗိုလ်ချုပ်ကြေးရုပ်
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့

ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့

by ဧရာဝတီ
12 February 2022
9.5k

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အကျပ်အတည်းများ၊ အတိဒုက္ခမျိုးစုံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစာချုပ် ကတိသစ္စာအပေါ် သွေဖယ်ဆန့်ကျင်မှုကြောင့် ပင်လုံကျိန်စာသင့်နေခြင်းလောဟု စာရေးသူ ခွန်းမတ်ရ်ကိုဘန်က သူ့ရဲ့အမှာစာမှာ မေးခွန်းထုတ်ထားသည်။

စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ / SSPP Info

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်

by ဧရာဝတီ
21 December 2022
5.4k

စစ်ရေးလေ့လာသူတဦးကလည်း စစ်ကောင်စီဘက်က SSPP အား တပ်ဆုတ်ပေးရန် အကြိမ်ကြိမ်ပြော နေ သည်ကို ကြည့်ပါက စစ်ကောင်စီသည် ဆနင်းဒေသကို လိုချင်နေပုံရကြောင်း၊ ဆနင်းနှင့် မိုင်းကိုင်ရှိ RCSS တပ်များကို SSPP မှ တိုက်ထုတ်ကာ နေရာယူပြီးနောက်...

မူလစာတမ်းအတိုင်း ပြန်လည် ပြင်ဆင်လိုက်သည့် ကျောက်တိုင် / Sai Lynn Myat

ပင်လုံပြည်ထောင်စု ကျောက်တိုင်က စာသားကို မူလအတိုင်းပြန်ပြင်ပြီ

by ဇင်လင်းထက်
10 January 2020
10.6k

ကျောက်တိုင်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ်ဆိုသည့် စာသားတွင် တောင်တန်းဆိုသည့် စာသားကို ရှေ့တင်ပြီး တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ဟု ပြန်လည် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြသူများ  / ခွန်းအသန်း

ဗိုလ်ချုပ်ကြေးရုပ်နောက်ကွယ်က ကယားနိုင်ငံရေး

by ထွန်းခိုင်နှင့် ဖဒူထွန်းအောင်
22 July 2018
16.6k

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်နေကြသူတွေဟာ NLD ကို ရွေးကောက်ပွဲ အနိုင်ရအောင် ကြိုးစားပေးခဲ့ကြတဲ့သူတွေပါ။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန်း / ထက်ဝေ / ဧရာဝတီ

“တိုက်ခိုက်မယ့်အစား ဆွေးနွေးခွင့်ရတော့ ပိုအဆင်ပြေတယ်”

by နန်းလွင်နှင်းပွင့်
14 July 2018
8.4k

ငြိမ်းချမ်းရေး မလုပ်ဟု ပြောဆိုထားသည့် MNDAA ၊ TNLA နှင့် AA တို့နှင့်လည်း ဆွေးနွေးမှုများ ပြေလည်ကြောင်း သိရသည်။ ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်...

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို / ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

ဗိုလ်ချုပ်ကြေးရုပ် အကြောင်းပြ ဆူပူမှုများအား တပ်ဖြင့် ထိန်းမည်ဟု ကယားဝန်ကြီးချုပ် ပြော

by ထွန်းခိုင်
21 July 2018
20.4k

လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာပါက တပ်မတော်ကို ကိုင်တွယ်ရန် တာဝန်ပေးရမည်ဟု ကယားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Next Post
“ဝ” တပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးရမိသော မူးယစ်ဆေးနှင့် လက်နက်များ (ဓာတ်ပုံ-Nyi Rang/Facebook)

“ဝ” တပ်ဖွဲ့နှင့် မူးယစ်ဂိုဏ်း ထပ်မံ ပစ်ခတ်မှုဖြစ်၊ သေဆုံး ၆ ဦးနှင့် ဆေးပြား ၃ သန်း ဖမ်းမိ

အမှုကို လက်ခံစစ်ဆေးနေသည့် ပုဗ္ဗသီရိမြို့နယ် တရားရုံး  / မိုးမိုး / ဧရာဝတီ

Eleven ဂျာနယ်ကို တရားစွဲထားမှု ကျေအေးရန် မရှိဟု ပြန်ကြားရေး ပြော

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate