• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်ဟိုတယ်ဝန်ဆောင်မှု အလုပ်နေရာ ၇၀ မြန်မာနိုင်ငံကို ကမ်းလှမ်း

by ဇော်ဇော်ထွေး
9 October 2019
in သတင်း
A A
ဂျပန်နှင့် မြန်မာနိုင်ငံတို့သည် သင့်တော်အရည်အသွေးမီသော နိုင်ငံသားများကို ဂျပန်တွင် အလုပ်လုပ်ခွင့်ပြုရန် ပူးပေါင်းဆောင်ရွက်မှုကို မတ်လက ထူထောင်ခဲ့သည် / Reuters

ဂျပန်နှင့် မြန်မာနိုင်ငံတို့သည် သင့်တော်အရည်အသွေးမီသော နိုင်ငံသားများကို ဂျပန်တွင် အလုပ်လုပ်ခွင့်ပြုရန် ပူးပေါင်းဆောင်ရွက်မှုကို မတ်လက ထူထောင်ခဲ့သည် / Reuters

7.5k
VIEWS
Share on FacebookShare on Twitter

ဂျပန်ဟိုတယ်နှင့် နေထိုင်မှုဆိုင်ရာကဏ္ဍဆိုင်ရာ စစ်ဆေးရေးဌာနသည် အလုပ်နေရာ ၇၀ ခန့်အတွက် လျှောက်ထားသူ ၂၅၀ ခန့်ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျွမ်းကျင်မှု စစ်ဆေးသွားမည်ဖြစ်သည်။

ထိုစစ်ဆေးရေးဌာနသည် ဂျပန်နိုင်ငံမှ လစ်လပ်သော အလုပ်နေရာများကို ဖြည့်ဆည်းမည်ဖြစ်ပြီး ဂျပန်ဟိုတယ် အသင်းနှင့် အခြားဂျပန် ဟိုတယ်အသင်းများကို ကိုယ်စားပြုသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
52
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
49
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
592

ကျွမ်းကျင်မှုစစ်ဆေးခံရန် လျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည် ဖြစ်သည်။

သို့သော် အောက်တိုဘာ ၇ ရက်နေ့ နံနက်တွင်ပင် သတ်မှတ်ထားသည့် လျှောက်လွှာအရေအတွက် ၂၅၀ ကို လက်ခံရရှိခဲ့သည်ဟု ထိုစစ်ဆေးရေးဌာနကပြောသည်။

ဂျပန်နှင့် မြန်မာနိုင်ငံတို့သည် သင့်တော်အရည်အသွေးမီသော နိုင်ငံသားများကို ဂျပန်တွင် အလုပ်လုပ်ခွင့်ပြုရန် ပူးပေါင်းဆောင်ရွက်မှုကို မတ်လက ထူထောင်ခဲ့သည်။

ပြုစုစောင့်လျှောက်ရေးလုပ်ငန်း၊ အစားအစာဝန်ဆောင်မှု၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း၊ စက်မှုဆိုင်ရာစက်ယန္တရားများ၊ အီလက်ထရွန်းနစ်နှင့် သတင်းနည်းပညာ၊ ဆောက်လုပ်ရေး၊ သင်္ဘောကျင်းနှင့်သင်္ဘောစက်ပိုင်းဆိုင်ရာ၊ စိုက်ပျိုးရေး၊ ငါးနှင့်ရေလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေး၊ လေကြောင်း၊ သန့်ရှင်းရေးနှင့် စက်အစိတ်အပိုင်းနှင့် ကိရိယာနှင့် ဧည့်ခံဖျော်ဖြေရေးလုပ်ငန်းများအတွက် လျှောက်ထားသူများကို ဖိတ်ခေါ်ထားသည်။

ဂျပန်နိုင်ငံသည် ဟော်တယ်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းနယ်ပယ်အတွက် မြန်မာကျွမ်းကျင်အလုပ်သမားများကို ဦးစွာ ခေါ်ယူမည်ဖြစ်သည်။

“ဂျပန်သံရုံးမှာပြုလုပ်မယ့် ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲကို လူတိုင်းအတွက်လျှောက်ထားခွင့်ပေးထားပါတယ်။ စစ်ဆေးမှု အောင်မြင်သူတွေကို အလုပ်အကိုင်အေဂျင်စီကနေတဆင့် အလုပ်ခန့်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ အသင်းချုပ် ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်ကပြောသည်။

ယခုနှစ် ဂျပန်နိုင်ငံ ဟော်တယ်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွင် အလုပ်နေရာ ၇၀ ခန့်ရရှိမည်ဖြစ်ပြီး လာမည့်နှစ်တွင် အလုပ်နေရာပိုမိုရရှိမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

လုပ်ငန်းကျွမ်းကျင်မှုစစ်စာမေးပွဲ လျှောက်ထားသူများသည် ဂျပန်နိုင်ငံမှ လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး ငါးနှစ်ပြည်ဝင်ခွင့်နှင့် သာမန်အလုပ်သမားထက် ပိုမိုသောလုပ်အားခရမည်ဖြစ်ကြောင်း ထို အသင်းချုပ်က ပြောသည်။

ဟိုတယ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုစာမေးပွဲကို စောလျှင်စွာလျှောက်ထားသူ ၂၅၀ အတွက်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ဝင်ခွင့်ဌာနက ထုတ်ပြန်ထားသည်။

လျှောက်ထားသူများသည် ဟော်တယ်ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံရှိရမည်ဖြစ်ပြီး ဂျပန်ဘာသာစကားစစ်ဆေးမှု N3 အောင်မြင်သူများဖြစ်ရန်လိုသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှ အလုပ်အကိုင်အေဂျင်စီပေါင်း ၂၃၅ ခုအား ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ရှိသော်လည်း အေဂျင်စီ ၁၂၀ ကသာ ဂျပန်သို့ အလုပ်သမားစေလွှတ်နေသည်။

အခြားလိုင်စင်ရ အေဂျင်စီများအနေဖြင့် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်ဝန်ထမ်းစေလွှတ်လိုပါက အလုပ်သမားဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကဆိုသည်။

(Zaw Zaw Htwe ၏ 70 Japanese Hospitality Jobs Offered to Myanmar Applicants ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ဂျပန်ဟော်တယ်ဝန်ဆောင်မှုအလုပ်နေရာ
ဇော်ဇော်ထွေး

ဇော်ဇော်ထွေး

Contributor

Similar Picks:

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ယူကရိန်းတွင် ဖျက်ဆီးခံထားရသည့် ရုရှားတင့်ကားတစီး / AFP

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

by ဧရာဝတီ
6 June 2023
15.5k

မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင် ဒုံးကျည်အစိတ်အပိုင်းများကို ရုရှားက ပြန်လည်တင်သွင်းသည့် မှတ်တမ်းများကို တွေ့ရသည်။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

စစ်ရှုံး အရှက်

စစ်ရှုံး အရှက်

by လူထုစိန်ဝင်း
24 February 2024
3.9k

အကဲ့ရဲ့ ခံရမယ့် အရှက်တကွဲ အဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားကြတာ…

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

by ဧရာဝတီ
6 June 2024
3.8k

မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NUG သည် ဘုံသဘောတရားများ ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဟွန်ဒါ စူပါကပ် ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်တဲ့

ဟွန်ဒါ စူပါကပ် ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်တဲ့

by ဧရာဝတီ
16 November 2024
3.3k

ကောက်စာ - ဟွန်ဒါဟာ စူပါကပ် ဆိုင်ကယ်တွေကို ၁၉၅၈ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ကမာ္ဘပေါ်မှာ ထုတ်လုပ်မှု အများဆုံး ဆိုင်ကယ် အဖြစ် အစီးရေပေါင်း သန်း ၁၀၀ ကျော် ထုတ်လုပ်ပြီးခဲ့ပြီလို့ သိရပါတယ်။

Next Post
ဒီတခါ ဒို့အလှည့်

ဒီတခါ ဒို့အလှည့်

တရုတ်ဆင်ဆာမူဝါဒကို ဝေဖန်ခဲ့တဲ့ “South Park” ကာတွန်း

တရုတ်ဆင်ဆာမူဝါဒကို ဝေဖန်ခဲ့တဲ့ “South Park” ကာတွန်းဖန်တီးရှင်များ  ပြန်လည်တောင်းပန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate