• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်မြေလုံခြုံမှု မရှိသည့်အတွက် ကုလားတန်စီမံကိန်း ကြန့်ကြာနေဟု ဆို

by မိုးမိုး
11 October 2019
in သတင်း
A A
ကုလားတန် စီမံကိန်းပြ မြေပုံ / ဝီကီပီးဒီးယား

ကုလားတန် စီမံကိန်းပြ မြေပုံ / ဝီကီပီးဒီးယား

6k
VIEWS
Share on FacebookShare on Twitter

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ အမေရိကန် ဒေါ်လာ သန်း၂၅၀ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးရှိ ကုလားတန် စီမံကိန်းသည် နယ်မြေ လုံခြုံမှု မရှိ၍ အချိန်ယူ တည်ဆောက်နေရကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။ 

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က“နယ်မြေလုံခြုံရေး မကောင်းတဲ့အတွက် မြေသားလုပ်ငန်းတောင် ပြီးဖို့ မလွယ်ဘူး။ မြေသားလုပ်ငန်း ပြီးသွားရင်၂ လမ်းသွား  အဝေးပြေး အတွက်ကို နိုင်ငံတကာ အဆင့်မီ လုပ်မှာ။ အဲဒီလို လုပ်ဖို့အတွက် အခု မြေသားလမ်းက တဝက်တောင် မပြီးသေးဘူး။ နယ်မြေ မအေးချမ်းတဲ့အပေါ်မှာ တော်တော် ကြန့်ကြာသွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။ 

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
82
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.3k

ကုလားတန်မြစ် စီမံကိန်း အတွက် အိန္ဒိယဘက်မှ တိုင်းတာ စစ်ဆေးမှုများကို ၂၀၀၂  ခုနှစ် က စတင်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးထားသည့် စီမံကိန်း တခုဖြစ်သည်။ 

“စီမံကိန်းတန်ဖိုးက အမေရိကန် ဒေါ်လာ သန်း ၂၅၀လောက် နဲ့ လုပ်တယ်လို့ သိထားတယ်။ ၃ နှစ်အတွင်း အပြီးလုပ်ဖို့ ရှိ တယ်။ ၂၀၂၀ ဒီဇင်ဘာမှာ စီမံကိန်း တခုလုံး ပြီးသွားမှာ ဖြစ်တယ်။ အခုဟာ ထင်သလို လုပ်လို့မရဘူး။ မိုးတွင်းမှာ လည်း ခဏ ရပ်ထားရတာ ရှိတယ်”ဟု ဦးစိုးထက်က  ရှင်းပြသည်။ 

အဆိုပါ စီမံကိန်း ဆောင်ရွက်နေစဉ် နယ်မြေ မအေးချမ်းသည့် အတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေသော ကုမ္ပဏီဝန်ထမ်းများ၊ ဒေသခံ ပြည်သူများကို ဖမ်းဆီး အနှောင့်အယှက် ပေးခြင်းများ ရှိသဖြင့် လုပ်ငန်းများ ရပ်တန့်ရသည့် အချိန်များလည်း ရှိကြောင်း သိရသည်။

ကုလားတန် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တပ်မတော်ဘက်ကို လုံခြုံရေးပိုင်း ဆိုင်ရာ အကူအညီတောင်းရမှုများ ရှိနေကြောင်း၊ စီမံကိန်း ပြီးမြောက်ရန် အတွက် သုံးရာသီစလုံး ဆောင်ရွက် လျက် ရှိကြောင်း လည်း ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယူက ဧရာဝတီသို့ ပြောသည်။ 

ယင်း စီမံကိန်းသည် အိန္ဒိယ အစိုးရ၏ ဘတ်ဂျက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည့် အတွက် အိန္ဒိယ နိုင်ငံဘက်မှလည်း အမြန် အပြီး သတ်ချင်သလို၊ မြန်မာနိုင်ငံဘက်မှလည်း ဒေသတွင်း နယ်မြေ မအေးချမ်းသည့် အတွက် စီမံကိန်း လုပ်ငန်းများ ရှေ့ဆက် နိုင်ရန် အခက်အခဲများ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရထံက သိရသည်။ 

ဝန်ကြီး ဦးစိုးထက်က“နယ်မြေ မအေးချမ်းတဲ့ အတွက် ကုမ္ပဏီတွေကလည်း ဝင်မလုပ်ရဲဘူး။ ဒေသခံတွေက တောရှင်း တာတွေက အစ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်”ဟု ပြောသည်။ 

ကုလားတန် စီမံကိန်းတွင် ပါဝင်သည့် ပလက်ဝ  မြစ်ကူးတံတား စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းသည် ၆၈ ရာခိုင် နှုန်း ခန့် ပြီးစီးပြီ ဖြစ်သဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ထားကြောင်း လည်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောဆိုထားသည်။ 

ပလက်ဝ တံတား တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ယင်း တံတားအတွက် ကုန်ကျငွေ ကျပ် ၂၇ ဘီလီယံ အသုံးပြု၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ် ဒေသအတွင်း လုံခြုံရေး  စိုးရိမ်ရသည့် အနေအထားဖြစ်သည့်အပြင် ရာသီဥတု အခြေအနေကြောင့် လည်း စီမံကိန်း လုပ်ငန်းများ ကြန့်ကြာမှု ရှိနေကြောင်း ပလက်ဝ ဒေသခံလည်းဖြစ် တိုက်ပွဲရှောင်များအား ကူညီ ဆောင်ရွက် ပေးနေသူ တဦးလည်းဖြစ်သည့် ဦးကျော်အောင်က ပြောသည်။ 

ဦးကျော်အောင်“သူတို့ ဘယ်လိုဗျူဟာ လုပ်ပြီး ဘယ်လို ဘတ်ဂျက်၊ ဘယ်လို နည်းပညာနဲ့ လုပ်ထားလဲ ဆိုတာတော့ မှန်းလို့ မရဘူးပေါ့။ ဒါပေမယ့် တွေ့ရတဲ့ ပုံစံအရဆိုရင် သူတို့ ပြောတဲ့ ၂၀၂၀ ချင်းအမျိုးသားနေ့ကို ပြီးနိုင်မယ်လို့ လုံးဝ ကို မမြင်ပါဘူး”ဟုလည်း ပြောဆိုသည်။ 

ပလက်ဝမြို့မှ  ကုလားတန် မြစ်ကူးတံတား တည်ဆောက်မှု ၆၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ရာ စစ်တွေ ရေနက် ဆိပ် ကမ်းမှ ပလက်ဝသို့ ကုန်စည်များ ပို့ဆောင်မည်ဆိုပါက ပလက်ဝမှ အိန္ဒိယနိုင်ငံ အရှေ့ဘက်ရှိ မီဇိုရမ် ပြည်နယ်ကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ အလယ်ဗဟို အထိ ရောက်ရှိပြီး ကားဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရထံမှ သိရသည်။ 

ကုလားတန်မြစ် စီးပွားရေး စီမံကိန်းဟု ခေါ်ဆောင်ရခြင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ပြီး ယင်းဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝကို သင်္ဘောငယ်များဖြင့် တင်ဆောင်နေခြင်း ဖြစ်သည်။

ကုလားတန် စီမံကိန်းသည် ချင်းပြည်နယ် ပလက်ဝမှ တဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့လည်းကောင်း၊ ယင်းနေရာမှ အိန္ဒိယ အရှေ့မြောက်ဘက် ပြည်နယ်များဆီသို့ ပင်လယ်ရေကြောင်း၊ မြစ်ကြောင်း၊ ကားလမ်း များဖြင့် လည်းကောင်း ပေါင်းစီး ဆက်သွယ်ပေးမည့် ဘက်စုံသုံး စီမံကိန်းတခု ဖြစ်သည်။

You may also like these stories: 

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော် စနေနေ့ စမည်

ချင်းပြည်နယ်၌ ရေအားလျှပ်စစ် ထုတ်ရန် တရုတ်ကုမ္ပဏီ၂ ခု ရင်းနှီးမြှုပ်နှံမည်

ချင်းနှင့် စစ်ကိုင်းအကြား နယ်ခြားကျောက်တိုင်များ ပြန်လည် စိုက်ထူမည်

Your Thoughts …
Tags: ကုလားတန် စီမံကိန်း
မိုးမိုး

မိုးမိုး

...

Similar Picks:

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး

အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး

by ဧရာဝတီ
3 March 2024
6.8k

အိန္ဒိယ အထက်လွှတ်တော် ကိုယ်စားလှယ် မစ္စတာ ကေ ဗန်လယ်ဗီနာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရက္ခိုင့်တပ်တော်နှင့် မြန်မာနိုင်ငံအတွင်း တွေ့ဆုံခဲ့သည်

မြန်မာပြည်တွင်းစစ်တွင် အိန္ဒိယ အခက်၊ တရုတ် အချက်

မြန်မာပြည်တွင်းစစ်တွင် အိန္ဒိယ အခက်၊ တရုတ် အချက်

by Junaid Kathju
6 April 2024
6.7k

စစ်ကောင်စီသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMT) ကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည်။

ရခိုင်ပြည်နယ်ရှိ  ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

by ဧရာဝတီ
28 June 2024
3k

လက်ရှိအချိန်တွင် AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့ ကိုးမြို့ကို သိမ်းပိုက်ပြီး ယခုအခါ ကျော်ကြားသည့် ငပလီကမ်းခြေရှိရာ သံတွဲကို ချဉ်းကပ်လာနေသည်။

မီဇိုရမ်ပြည်နယ်၊ လောင့်ဂ်လိုင်မှ မြေပိုင်ရှင်များက ကုလားတန် စီမံကိန်းအတွင် လျော်ကြေး တောင်းဆိုနေကြသည်

အိန္ဒိယ၏ ကုလားတန် စီမံကိန်း ပြဿနာသစ်များ ရင်ဆိုင်နေရ

by Rajeev Bhattacharyya
17 June 2022
7.8k

နောက်ဆုံး သတ်မှတ်လိုက်သည့် စီမံကိန်းပြီးစီးရမည့်နေ့သည် ၂၀၂၃ ခုနှစ် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ စီမံကိန်းကို အပြီးသတ်ရန် ခက်ခဲနေသည်။

ကုလားတန်မြစ် စီမံကိန်းပြ မြေပုံ / ဧရာဝတီ

အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)

by နန်းလွင်နှင်းပွင့်
16 March 2020
66.8k

၂၀၂၀ ပြည့်နှစ်အတွင်းမှာ မီးချောင်းဝ ဗျူဟာကုန်းအပြင် ကုလားတန်မြစ် အထက်ဘက်က နုန်းဘူး စခန်း ၂ ခုကို လည်း လာတိုက်နေတာ ရှိပေမယ့် အကျအဆုံးများပြီး အရေးနိမ့်လို့ AA စစ်သားတွေဟာ ဆုတ်ခွာ ပြေးသွားတယ် လို့လည်း...

Next Post
ပုဂံ ကမ္ဘာ့ အမွေအနှစ် ဒေသသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသား တချို့ကို တွေ့ရစဉ်  / ဧရာဝတီ

ပုဂံ ဒေသ ရေရှည်တည်တံ့ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးရန် လို

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား / Xinhua

တရုတ် စစ်ရေးပြ အခမ်းအနားသည် အမေရိကန်နှင့် ထိုင်ဝမ်ကို ရည်ရွယ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate