လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အနေဖြင့် တပ်မတော်၏ အကူအညီ မပါဘဲ အစိုးရ ဖွဲ့ နိုင်ရေး ကြိုးစားသွားမည်ဟု ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာ နန္ဒလှမြင့်က ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရယူထားရာ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၆ ရာခိုင်နှုန်း အနိုင် ရပါက အစိုးရ ဖွဲ့ နိုင်မှာလားဆိုသည့် ဧရာဝတီ သတင်းဌာန၏ မေးခွန်းအပေါ် ယင်းပါတီက အထက်ပါအတိုင်း တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ဒါက ဝေဖန်မှု သက်သက်ပဲ။ ကျနော်တို့က တပ်နဲ့ စာချုပ်ချုပ်ထားတဲ့ နိုင်ငံရေးပါတီ မဟုတ်ဘူး။ ကျနေ်ာတို့က ပြည်သူအတွက် စိတ်တူကိုယ်တူ စုဖွဲ့ ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ကျနော်တို့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့ နိုင်ဖို့က အဓိက ရည်မှန်းချက်ပဲ”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
၎င်းက ဆက်၍ “ဒါကြောင့်လည်း ကျနော်တို့က တပ်နဲ့ ပေါင်းပြီးမှ အစိုးရဖွဲ့ မယ်။ ဟိုလူနဲ့ ပေါင်းပြီးမှ အစိုးရဖွဲ့ မယ် ဆိုတာထက် မိမိပါတီကို ပြည်သူက ယုံကြည် မဲပေးပြီးတော့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့ နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်၊ ယုံ ကြည်ချက်တွေ ရှိတယ်”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် အမှားကိုလည်း မြင်ခဲ့ကြောင်း၊ ကောင်းသည့် ကိစ္စများကိုလည်း လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့ ပါတီ အစိုးရ ဖြစ်ခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း အားသာချက်၊ အားနည်းချက်များ ရှိသလို ယခု ဦးသန်းဌေး ဦးဆောင်သည့် မျိုးဆက်တွင် အမှားများကို သင်ခန်းစာ ယူပြီး နောင်မမှားအောင် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ရန်ကုန်တိုင်း ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးဝင်းဦး ကမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် တိုင်းပြည်ကို ဒီမိုကရေစီ အင်အားစုများက ဆက်ပြီး စီမံခန့်ခွဲသွားရမည် ဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အကြပ်အတည်း လွတ်မြောက်ရန်၊ ပြည် တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ အောင်မြင်ရန် ပြည်သူလူထုတွင် NLD မှ လွဲလို့ တခြား ရွေးစရာ အင်စတီကျူးရှင်း မရှိသေးကြောင်း ပြောသည်။
၎င်းက“ငွေအင်အားရော၊ လူ အင်အားရော၊ တိုင်းပြည်ရဲ့ အာဏာကို လက်မလွတ်ချင်တဲ့ အင်အားစုတရပ်အနေနဲ့ရော လက်ရှိ အာ ဏာရ ပါတီအပေါ်မှာတော့ သူတို့က တကယ့် အတိုက်အခံ အင်အားစုအနေနဲ့ ရှိနေမှာပဲ။ ပြိုင်ဘက်ကောင်းတော့ ဖြစ်လာစရာ မရှိဘူး။ သို့သော် ဒီပွဲကို တကယ် သုံးသပ်ရမှာက လူထုကိုယ်တိုင် ဖြစ်နေတယ်”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် တပ်မတော်က အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် တပ်မတော်က စနစ်တကျ တည်ထောင်ထားသည် နိုင်ငံရေးပါတီ၊ တပ်မတော်ခေါင်းဆောင်ဟောင်းများ ဦးဆောင်နေသည့် ပါတီ၊ နောက်ကွယ်တွင်လည်း အကြီးအကဲဟောင်းများ၊ တပ်မတော် အပေါ်တွင် သြဇာရှိသူများက ယနေ့အထိ ချုပ်ကိုင်ထားသည်ဟု လူတိုင်းနားလည်ထားသည့် အဖွဲ့ အစည်း တခု ဖြစ်ကြောင်း ဒေါက်တာ စိုးဝင်းဦးက သုံးသပ်သည်။
နိုင်ငံရေး လေ့လာသူ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “သူတို့ (ကြံ့ခိုင်ရေး) နိုင်ဖို့ဆိုတာ မလွယ်ဘူး။ နောက်ဆုံး ၂၆ ရာခိုင်နှုန်း ရဖို့ ဆိုတာတောင် မဖြစ်နိုင်ဘူး။ ဒါတောင် သူတို့နဲ့ နီးစပ်တဲ့ တိုင်းရင်းသား မဟာမိတ်တွေ အင်အားကို ယူရင်တော့ ဖြစ်လာနိုင်မလားပေါ့လေ။ မျှော်လင့်ချက်က အဲဒါလေးပဲ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့ခြင်းသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် ပြည်သူ လူထု၏ မျှော်လင့်ချက် အရမ်းကြီး မားခဲ့သဖြင့် ဖြစ်ကြောင်း၊ ယခုအခါ NLD အစိုးရသည် ၎င်း၏ ၅ နှစ် ကာလကို ဖြတ်သန်းနေပြီ ဖြစ်ရာ ပြည်သူလူထုက ယခင် အစိုးရနှင့် ယခု အစိုးရကို ယှဉ်ပြီး သုံးသပ်နိုင်ပြီဟု ကြံ့ခိုင်ရေးဘက်မှ တာဝန်ရှိသူများက ပြောသည်။
“ပြည်ခိုင်ဖြိုးသည် ပါတီဖြစ်တယ်။ ကျနော်တို့ အစိုးရ တာဝန်ယူတယ်။ နာမည်အားဖြင့် ပြည်ခိုင်ဖြိုးပါတီပဲ။ သို့သော် ကျနေ်ာ တို့ ခေါင်းဆောင်မှု ပြောင်းသွားပြီ။ ကျနော်တို့ရဲ့ မစ်ရှင်တွေ ပြောင်းသွားပြီ။ Vision တွေ ပြောင်းသွားပြီ။ ကျနေ်ာတို့ စုဖွဲ့ မှုတွေ ပြောင်းသွားပြီ။ ဒီကနေ့ ဥက္ကဌ ဦးသန်းဌေး ဖြစ်သွားပြီ”ဟု ပါတီမှ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
NLD ပါတီမှ ဗဟို ပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ လုပ်ခါနီး အချိန် အထိ ၎င်းတို့ ပါတီ ခေါင်းဆောင်များသည် ရာခိုင်နှုန်းပြည့် အနိုင်ရမည်ဟု ယခုလိုပင် ကြွေးကြော်ခဲ့ဖူးကြောင်း ပြောသည်။
“အခုလည်း ဒီလိုလည်း သူတို့ဘက်က ပြင်ဆင်ပြီး လုပ်လာတာတွေ ရှိတယ်။ သူတို့ ကြိုးစားတာကို ဘာမှ ပြောစရာ မရှိဘူး။ ပါ တီတွေ ဆိုတာ နိုင်အောင်တော့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြမှာပဲ။ ကျနော်တို့ကလည်း နိုင်အောင်လည်း ကြိုးစားမယ်။ တရား မျှတစွာ ဖြစ်အောင်လည်း ကျနော်တို့ လုပ်မယ်ပေါ့လေ။ နောက်ဆုံး ပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီ စနစ်တွင် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများ အားကောင်းရန် လိုကြောင်း၊ ပြည်ခိုင်ဖြိုးသည် အင်အားတောင့် တင်း သည့် အင်စတီကျူးရှင်းကြီးတခု ဖြစ်သဖြင့် တိုင်းပြည်အတွက် အလုပ်အကျွေးပြုရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ကြံ့ခိုင်ရေးဘက်က ပြောသည်။
ထို့ပြင် တိုင်းပြည်တွင် နိုင်ငံရေး မတည်ငြိမ်မှုများ၊ အကွဲအပြဲများ ဖြစ်ပါက တိုင်းပြည်ကို တာဝန်ယူရသည်မှာ တပ်မတော်ပင် ဖြစ် သဖြင့် စနစ်အရ ရွေးချယ်ပိုင်ခွင့် မရှိခဲ့သည့် ကိစ္စများအတွက် တပ်မတော်ကို မလိုချင်ဘူးဟု ထိုင်အော်နေ၍ မရကြောင်း၊ တပ်မတော် ခေါင်းဆောင်များတွင် အတွေ့ အကြုံများသဖြင့် တိုင်းပြည်၏ လိုအပ်ချက်အရ ၎င်းတို့မှာ နိုင်ငံ၏ ဦးဆောင်မှု ကဏ္ဍတွင် ဆက်ပါနေဦးမည် ဖြစ်ကြောင်း ဒေါက်တာ နန္ဒလှမြင့်က ပြောသည်။
“ဒီနေ့ တပ်မတော်သားတွေ မပါဘူး။ အရပ်သားစစ်စစ်ပါလို့ ပြောတဲ့ ဒီနေ့ NLD မှာ ဒီနေ့ ဝန် ကြီးတွေ ပါတီထိပ်ပိုင်း ခေါင်းဆောင် တွေ အကုန်လုံး တပ်က အငြိမ်းစားတွေချည်းပဲ။ ကျနော်တို့်မှာ ငြင်းပယ်ခွင့် မရှိဘူး။ စနစ်အရ ဖြစ်ပေါ်လာတဲ့ အခြေအနေပါ”ဟု ၎င်းက ပြောသည်။
သို့သော် ကြံ့ခိုင်ရေးသည် တပ်မတော်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ပါတီတခု မဟုတ်ဘဲ တပ်မတော်မှ အငြိမ်းစား ယူပြီးသူ မည်သူ မဆို ၎င်းတို့တွင် ရွေးချယ်ခွင့် ရှိကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်မှ ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပေါက်ဖွား လာသော နိုင်ငံရေး ပါတီတခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်များ အရပ်ဝတ်လဲလှယ်ကာ ယင်းပါတီဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သည်။
သို့သော်၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှုံးနိမ့်သဖြင့် အတိုက်အခံ အဖြစ် ရပ်တည်နေရသည်။
ကြံ့ခိုင်ရေး အစိုးရ တာဝန်ယူခဲ့သည့် ၅ နှစ်တာ ကာလနှင့် လက်ရှိ အစိုးရတို့၏ တာဝန်ယူသည့် ကာလကို နှိုင်းယှဉ် ကြည့်ပြီး အဖြေ ထုတ်ကြရန် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်များက အကြိမ်ကြိမ် ပြောဆိုလေ့ရှိပြီး ယခင်က ၎င်းတို့ လုပ်ခဲ့သည့် အမှားများကို သင် ခန်းစာယူပြီးပြီ ဖြစ်ကြောင်း၊ ပါတီတွင်း ပြုပြင်ပြောင်းလဲမှု မြောက်မြားစွာ ရှိခဲ့ပြီ ဖြစ်ကြာင်း ယင်းပါတီ တာဝန်ရှိသူများက ပြော ဆိုလျက်ရှိသည်။