သတင်း

ရွှေတိဂုံရင်ပြင်က MyTel ဆက်သွယ်ရေးအားမြှင့်စက်များ ပြန်လည်ဖြုတ်သိမ်း

Want create site? Find Free WordPress Themes and plugins.

ရွှေတိဂုံစေတီတော်ရင်ပြင်တော် မြောက်ဘက်မုဒ် နှင့် တောင်ဘက်မုဒ်ရှိ ရေတိုင်ကီများတွင် တပ်ဆင်ထားသော ဆက်သွ ယ်ရေး အော်ပရေတာ MyTel ၏ ဆက်သွယ်ရေးအားမြှင့်စက် (Small Cell) များကို ဖြုတ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

ရွှေတိဂုံရင်ပြင်တော်ပေါ်မှ အဆိုပါ MyTel ဆက်သွယ်ရေးအားမြှင့်စက်များသည် ငှားရမ်းခ ပေးချေထားခြင်း မရှိဘဲ တပ်ဆင်ထားခြင်း ဖြစ်သဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖြုတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

MyTel ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်ထက်ထက်ဝင့်လွင် က “ဂေါပကအဖွဲ့က ကိစ္စတွေ ရှုပ်ထွေးနေလို့ ပြန်ဖြုတ်ပေးပါ ဆိုလို့ ကျမတို့ ဒီစက်တွေကို ပြန်ဖြုတ်ပေးထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်တော် ဘုရားဖူးရန် ရွှေနန်းတော်၊ စိန်ရွှေရတနာဆိုင်မှ ဒေါက်တာ အောင်ကျော်ဝင်းနှင့် အဖွဲ့ဝင် ၂ ဦး တို့ကို တက်ရောက်ခွင့် ခွင့်ပြုခဲ့ခြင်းကြောင့် ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသည်။

ထိုသို့ရပ်ဆိုင်းခံရမှုနှင့် ပတ်သက်ပြီး ဦးထွန်းအောင်ငွေ က MyTel ဆက်သွယ်ရေး လွှင့်အားမြှင့်စက်များကို ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် နေရာငှားရမ်းခ မယူဘဲ ခွင့်ပြုထားမှုသည် ရွှေတိဂုံ ဂေါပကအဖွဲ့အနေဖြင့် တရားမဝင်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့သော တိုင်ကြားစာတွင် ပါရှိပြီးနောက် ယခုကဲ့သို့ ဖြုတ်သိမ်းသွားခြင်းဖြစ်သည်။

MyTel ကုပ္မဏီဘက်ကတော့ သုံးစွဲသူအများပြည်သူများအား ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ရရှိနိုင်ရန် ရည်ရွယ်၍ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က ယာယီတပ်ဆင်ခွင့် ပေးထားခြင်း ဖြစ်ပြီး ငွေကြေးရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လုပ်ဆောင်နေဆဲ ကာလဖြစ်နေခြင်းကြောင့် နေရာငှားရမ်းခ မပေးချေရသေး ခြင်းဖြစ်ကြောင်း ပြန်ရှင်းပြသည်။

ဒေါ်ထက်ထက်ဝင့်လွင် က “ကျမတို့က အရင်ကတည်းက စာချုပ်စာတမ်းနဲ့ ပိုလုပ်ချင်တာပေါ့။ ဒါပေမဲ့ ဂေါပကအဖွဲ့ ကလည်း စာချုပ်စာတမ်းနဲ့ ဆိုရင် ကိစ္စတခုခုဖြစ်ရင် အခုလိုမျိုး ချက်ချင်းပြန်ဖြုတ်ခိုင်းတာမျိုးလုပ်လို့ရမှာမဟုတ်ဘူူးလေ အဲ့ဒါကြောင့်သူတို့က ယာယီ စမ်းသပ်ကာလသဘောမျိုးပဲ ခွင့်ပြုထားတာ” ဟု ဆိုသည်။

ယင်းအပြင် MyTel အနေဖြင့် ရွှေတိဂုံစေတီတော် ကုန်းတော်၌ ဆက်သွယ်ရေးလွှင့်အားမြှင့်စက်များ တပ်ဆင်ခွင့်ရရှိရ န်အတွက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် စာချုပ်ချုပ်ဆိုနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း MyTel က ထုတ်ပြန်ထားသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး ဦးထွန်းအောင်ငွေက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ၎င်း၏ သတင်းစာရှင်း လင်းပွဲတွင် အသေးစိတ်ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆက်သွယ်ရေး စွမ်းအားမြှင့်စက်များ တပ်ဆင်ထားမှုသည် အချိန် ၁၀ လခန့် ရှိကြောင်း ဆက်သွယ်ရေးအော် ပရေတာ MyTel ထံမှ သိရသည်။

ဆက်သွယ်ရေးအော်ပရေတာ တခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည်လည်း  ရွှေတိဂုံစေတီတော် ရင်ပြင်တော်တွင် ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်ထားခဲ့ဖူးပြီး နောက်ပိုင်းတွင် ဂေါပကအဖွဲ့က ပြန်လည်ဖြုတ်သိ မ်းခိုင်းခဲ့ဖူးသည်။

MyTel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီ နှင့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်ပိုင် Star High ကုမ္ပဏီ နှင့် Myanmar National Telecom Holding အများပိုင်ကုမ္ပဏီတို့က ရှယ်ယာထည့်ဝင်ကာ ပူးပေါင်းလုပ်ဆောင်နေသည့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီဖြစ်သည်။

You may also like these stories:

MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ဝန်ကြီးဌာန သတိပေး

Mytel က 5G ဆက်သွယ်ရေး ကွန်ရက် မိတ်ဆက်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် 5G ကွန်ရက်ကို MyTel စမ်းသပ်

Did you find apk for android? You can find new Free Android Games and apps.
Loading