ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မြိုင်ကလေး ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးလောင်စာသုံး ဘိလပ် မြေစက်ရုံ လည် ပတ်နေခြင်းကို လုံးဝပိတ်သိမ်းပေးရန် ဒေသခံများနှင့် ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက တောင်း ဆိုလိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ မြိုင်ကလေး ဘိလပ်မြေစက်ရုံ အနီးဝန်းကျင် ကျေးရွာများတွင် ရှိ သည့် ရေတွင်း၊ အင်းအိုင်၊ ချောင်းမြောင်း တချို့၌ ရေများ အရောင်ပြောင်းလဲခြင်းနှင့် ငါးတချို့ သေဆုံးမှုများ ဖြစ်ပွား ခဲ့ပြီးနောက် ထိုကဲ့သို့ တောင်းဆိုမှုများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မြိုင်ကလေးရွာ ဒေသခံ ဒေါ်စိုးစိုးဌေးက “ကျမတို့ အနေနဲ့ လုံးဝ ပိတ်သိမ်းစေချင်တယ်။ နှစ်ပေါင်းများစွာ ဘိုးဘွားဘီ ဘင်ထဲက ဒီရေဟာ ဘာမှ မဖြစ်ခဲ့ဘူး။ ဒီနှစ်မှ ဒီကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ဖြစ်တာဆိုတော့ ကျောက်မီးသွေးကို မလိုလားဘူး” ဟု ဧရာဝတီကို ပြောသည်။
ဘားအံမြို့နှင့် ၇ မိုင်ခန့် အကွာ သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် တန် ၄၀၀၀နှင့် တန် ၉၀၀ မြိုင်က လေး ဘိလပ်မြေ စက်ရုံသည် ကျောက်မီးသွေး လောင်စာကို အသုံးပြုကာ စတင် လည်ပတ်ရန် စီစဉ်နေပြီး ကျောက် မီးသွေး သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသည်မှာ ၆ လကျော် ရှိပြီ ဖြစ်ကြောင်း ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်မှ စောဟဲစေးက ရှင်းပြသည်။
“ကျောက်မီးသွေးကို စုပုံတဲ့အခါ သယ်ယူတဲ့အခါမျိုးမှာ စနစ်တကျ သယ်ယူပို့ဆောင်တာတွေ မလုပ်ဘူး။ ပုံတဲ့အခါ မှာလည်း အမိုးအကာတွေ မလုပ်ဘဲ ဒီတိုင်းပုံထားတဲ့ အခါကျတော့ အခုဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ ရေမဲ တာမျိုးတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ကျောက်မီးသွေး လောင်စာသုံးပြီးမှ ဒီစီမံကိန်း မလုပ်ဖို့ တောင်းဆိုတာ” ဟုလည်း ၎င်းက ဆိုသည်။
အောက်တိုဘာ ၁၁ ရက်တွင် ရေများ အရောင်ပြောင်းလဲပြီး ငါးအချို့ သေဆုံးခဲ့သည့် ကျေးရွာများသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် သွားရောက် စစ်ဆေးပြီး ရေတွင်းရေကန်များရှိ ရေများ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ပြသသည့် အနေဖြင့် ၎င်းကိုယ်တိုင် ဒေသခံများရှေ့၌ သောက်သုံးပြခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ တိုင်းတာချက်အရ ရေများတွင် PH 6.9 အထိ ရှိရာ သောက်သုံးနိုင်သည့် အခြေအနေတွင် ရှိပြီး ဘေးအန္တရာယ်နှင့် အဆိပ်သင့်ခြင်း မရှိကြောင်း၊ ကျေးရွာနေ ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို နားလည်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒေသခံ ဒေါ်စိုးစိုးဌေးက “ဝန်ကြီးချုပ်ကတော့ သူ့အနေနဲ့ ရေတွေကို သုံးလို့ ရတယ်၊ သောက်လို့ရတယ်လို့ ပြောတယ်။ သူကိုယ်တိုင်လည်း သောက်ပြသွားတယ်။ ဒါပေမယ့် ရေတွင်းက ၁ တွင်းထဲ မဟုတ်ဘူးလေ။ ရွာတိုင်းရွာတိုင်း မဲနေတဲ့ ရေတွင်းတွေ အင်းတွေအိုင်တွေမှာ မဲနေတယ်။ ငါးတွေ သေနေတယ်။ အဲဒါဆိုတော့ ရွာသားတွေက မသောက်ရဲဘူး လေ။ ရေချိုးရင် ယားတယ်။ မချိုးရဲဘူး” ဟု ပြောသည်။
ရေများ အမဲရောင်သို့ ပြောင်းနေခြင်း အပေါ် ဓာတ်ခွဲစမ်းသပ်မှုများ၊ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပြီး ထွက် ရှိလာသည့် အဖြေများကို အများပြည်သူထံ ချပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောင်မဖြစ်စေရန် ဆောင်ရွက် မည့် အစီအမံများကိုလည်း ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထား သည်။
စောဟဲစေးက “သောက်သုံးဖို့ ရေအတွက် အစိုးရကနေ ရေသန့်ပြီးတော့မှ လုပ်တာတွေ ရှိတယ်။ ဒါပေမယ့် မဲနေတဲ့ ရွာ လေးငါးရွာ ရှိတဲ့အခါကျတော့ ရွာအားလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးဘူး။ သူတို့ လုပ်ထားတဲ့ ရေစမ်းသပ်ချက်က လည်း ခုထက်ထိ အဖြေလွှာ ထုတ်ပြန်တာမျိုး မရှိသေးဘူး။ သောက်လို့ ရတယ်လို့တော့ အဲဒီမှာ ချက်ချင်းစမ်းပြီး ပြော ထားတာမျိုးတော့ ရှိပေမယ့် တိတိကျကျ သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးဘူး” ဟု ရှင်းပြသည်။
အဆိုပါ မြိုင်ကလေး ဘိလပ်မြေ စက်ရုံ လည်ပတ်နေသည်မှာ ၂၀၀၀ ခုနှစ်လောက်ကတည်းက သဘာဝ ဓာတ်ငွေ့ အသုံးပြုကာ လည်ပတ်နေကြောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ပုဂ္ဂလိအနေဖြင့် ပြောင်းပြီးနောက် ကျောက် မီးသွေးဖြင့် လည်ပတ်ရန် ဖြစ်လာခြင်းဟုလည်း ၎င်းက ပြောသည်။
ကရင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဇော်က ကနဦး တိုင်းတာချက်များအရ သေဆုံး သည့် ငါးများမှာ ရေပေါ် ငါးသေးလေးများ ဖြစ်ပြီး အောက်ဆီဂျင် ပြတ်တောက်မှုကြောင့် သေဆုံးသည်ဟု ယူဆ ကြောင်း၊ ဆက်လက်၍လည်း တိုင်းတာမှုများ ပြုလုပ်လျက် ရှိပြီး သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသခံ များအား စိုးရိမ်ပူပန်မှု မရှိစေရန် ပဏာမ ရသည့် အဖြေများအရ ရှင်းလင်း ပြောကြားပြီး ဖြစ်ကြောင်း ပြောဆိုထား သည်။
ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း ၂၀၁၅ အရ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံ ကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း (EIA) မရှိသကဲ့သို့ ပြည်သူလူထုကို ဆွေးနွေးတိုင်ပင်ခြင်း၊ သတင်း အချက်အလက် ပေးခြင်းမျိုး မရှိဘဲ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုစက်ရုံဝန်းကျင်တွင် ကျေးရွာပေါင်း ၃၀ နီးပါးရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများထံက သိရသည်။
စောဟဲစေးက “တခြားရွာတွေက လောလောဆယ် ရေမမဲဘူး ဆိုပေမယ့် ဒီကျောက်မီးသွေးကြောင့် နောက် ဘာဆက် ဖြစ်လာမလဲ ဆိုတဲ့ဟာကို စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ အထူးသဖြင့် နတ်ကုန်းရွာမှာ ငါးတွေ သေတဲ့အခါကျတော့ အဲဒီဒေသက ငါးဆို ဝယ်မစားရဲတော့ဘူး။ နောက်ဆိုရင် ဒီဒေသက ထွက်တဲ့စပါးတွေ သူများ ဝယ်စားပါ့မလားဆိုတဲ့ သူတို့ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ် ဝပ်ကြီးတွင် ပြည်နယ် အစိုးရမှ မဂ္ဂါဝပ် ၁၂၈၀ ကျောက် မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေ သခံနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ကန့်ကွက်မှုများကြောင့် စီမံကိန်း အသက်မဝင်ခဲ့ဘဲ လတ်တလောတွင် ရပ်နားထားကြောင်း သိရသည်။
You may also like these stories:
EITI စံနှုန်း အကောင်အထည်ဖော်မှု အဓိပ္ပာယ်ရှိသော တိုးတက် အဆင့် မြန်မာ ရရှိ
ဘိလပ်မြေစက်ရုံ၌ ကျောက်မီးသွေးသုံးမည့် အစီအစဉ်ရပ်ရန် ဘားအံ ဒေသခံများတောင်းဆို