• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော် အမြောက်တပ်ကို AA တိုက်ခိုက်

by မင်းအောင်ခိုင်
23 October 2019
in သတင်း
A A
ကျောက်တော်မြို့ ဆိုင်းဘုတ်  / မင်းအောင်ခိုင်  / ဧရာဝတီ

ကျောက်တော်မြို့ ဆိုင်းဘုတ် / မင်းအောင်ခိုင် / ဧရာဝတီ

32k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမှတ် ၃၇၇ အမြောက်တပ်ရင်းကို ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က AA အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိသည်။

ကန်စောက်ကျေးရွာသား ၁ ဦးက “ ဒီနေ့ မနက် ၄ နာရီလောက် ရှိမယ်ထင်တယ်။ အဲဒီဘက် (တပ်)က လက်နက်ကြီး အသံတွေ ကြားရတယ်၊ နောက် လက်နက်ငယ် ပစ်သံတွေလည်း ကြားရတယ်၊ ကျနော်တို့ကြားတာကတော့ တိုက်ပွဲ အပြန်အလှန် ဖြစ်ကြတယ်လို့ ကြားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
204
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
9
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.1k

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့မှ လာရောက် ပစ်ခတ် သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ပြောမယ်ဆိုရင်တော့ ၆၀ မမ စိန်ပြောင်းနဲ့ လာပစ်တာ။ သုံး၊ လေး လုံးလောက် ပစ်သွား တယ်။ လာပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်ရတာပေါ့၊ ခဏပဲ ဖြစ်ခဲ့တာ။ ပြောချင်တာက လာပြီးတော့ ရန်စတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ တပ်မတော်တပ်ရင်းကို လာရောက်တိုက်ခိုက်ခြင်းသည် AA အဖွဲ့အနေဖြင့် ရန်စခြင်း ဖြစ်ပြီး ၊ တပ်မတော် ထိုးစစ်ဆင်၍ ပြန်လည်ခုံခံ တိုက်ခိုက်ရသည်ဆိုသည့် ပြောဆိုခြင်းမှာ အပြောနှင့်အလုပ် ကိုက်ညီမှု မရှိကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆက်လက်ပြောသည်။

၎င်းက “AA ဘက်က အမြဲပြောနေကျ စကားတခွန်း ရှိတယ်။ တပ်က ထိုးစစ်ဆင်လို့ သူတို့ မိမိကိုယ်ကိုယ် ခုခံတဲ့ သဘောနဲ့ ပြန်လည် တိုက်ခိုက်ရတာပါဆိုပြီး ပြောတယ်။ အခု အမြောက်တပ်ကို လာတိုက်တာ ခံစစ်လား ၊ ထိုးစစ်လား ၊ သူပြောတဲ့စကားတွေက ရှေ့ နောက်မညီဘူး၊ ဒါပဲ ပြောချင်တယ်” ဟု ဆိုသည်။

ယင်း အမြောက်တပ်ရင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး  ဧရာဝတီမှ ရက္ခိုင့်တပ်တော် ( AA ) သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “   ကျနော်တို့ ဒီနေ့ မနက် မိုးလင်းအာရုံမှ ကန်စောက်အခြေစိုက် အမြောက်တပ်ကို ၁၀၇ မီလီမီတာ ဒုံးတွေနဲ့ သတိပေး ပစ်ခတ်ခဲ့မှုတွေ လုပ်ဆောင်ခဲ့တာ ရှိတယ်၊ ဘာကြောင့် ဒီလို သတိပေး ပစ်ခတ်ရလဲဆိုလို့ ရှိရင် ဒီအမြောက်တပ်တွေက ကျေးရွာတွေ ၊ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီးတော့  ရမ်းသမ်း ပစ်ခတ်တာတွေ ၊ ရမ်းကား ပစ်ခတ်တာတွေ တောက်လျှောက် လုပ်နေတာ  ရှိတယ်။ ဒီလိုမျိုး မဆင်မခြင် တရားလက်လွတ် လုပ်နေတာတွေ များလာတော့  ကျနော်တို့ကလည်း ပြန်ပြီးတော့  သတိပေး ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်  ”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုုဖြစ်စဉ်ကြောင့် အနီးအနားရှိ အပေါက်ဝရွာသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် အသက် ၇၀ အရွယ် အမျိုးသား ၁ ဦးနှင့် ၁၁ နှစ်ရှိ လူငယ် ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန် တွင် အပေါက်ဝတိုက်နယ် ဆေးရုံတွင် ကုသမှုများ ခံယူနေရကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ကန်စောက်တောက်ခြေတွင် အမှတ် ( ၅၃၉ ) ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၇၇) အမြောက် တပ်တို့ တည်ရှိပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ၎င်းတပ်ရင်းများမှနေ၍ အမြောက်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ကြောင်း လည်း သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မြိုှု့နယ်များ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်ရန် ဆေးနွေးနေကြသော်လည်း တိုက်ပွဲများက လက်ရှိ အချိန်အထိလည်း ပြင်းထန်နေဆဲ ဖြစ်သည်။

You May Also Like These Stories:

AA က အားကစား ဝတ်စုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ခွဲရခက်လာဟု တပ်မတော် ပြော

ဘူးသီးတောင်တွင် လက်နက်ကြီး ကျ၍ အမျိုးသမီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

မြောက်ဦးတွင် တပ်မတော်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

Your Thoughts …
Tags: AAကျောက်တော်တပ်မတော်ရခိုင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကမ္ဘာ့ဆေးခြောက်ပွဲတော်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်နေပါတယ်

လာမယ့်နှစ်မှာ ကမ္ဘာ့ဆေးခြောက်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်နေတဲ့ ထိုင်းနိုင်ငံ

ဂျပန်နိုင်ငံက အသက်အရှည်ဆုံး အဘွားအို Tanaka Kane

အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၇ သောင်းကျော် ရှိနေတဲ့ ဂျပန်နိုင်ငံ

No Result
View All Result

Recommended

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate