• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ

by အောင်သီဟ
23 October 2019
in သတင်း
A A
၂၀၁၉ ခု အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်တိုင်း အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို အလုပ်သမားများအား ပြန်လည်ရှင်းပြနေသည့် အလုပ်သမားခေါင်းဆောင်တဦး / မျိုးမင်းစိုး /  ဧရာဝတီ

၂၀၁၉ ခု အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်တိုင်း အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို အလုပ်သမားများအား ပြန်လည်ရှင်းပြနေသည့် အလုပ်သမားခေါင်းဆောင်တဦး / မျိုးမင်းစိုး / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရုံးရှေ့တွင် ဆန္ဒပြနေသည့် အထည်ချုပ်စက်ရုံ ၅ ရုံမှ အလုပ်သမားများ အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်သည့် မြို့နယ်ဖြန်ဖြေရေးအဖွဲ့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုများဖြင့် ပြန်လည် ညှိနှိုင်းကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အလုပ်ရှင် အလုပ်သမား စာချုပ်ပါ အချက်အလက်များ ချိုးဖောက်ခြင်းနှင့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်နေ ခြင်းကြောင့် အောက်တိုဘာလ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် လာရောက် တောင်းဆို ဆန္ဒပြခဲ့ကြ ခြင်းဖြစ်ပြီး၊ ယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန်တိုင်း ဝန်ကြီး ချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ အလုပ်ရှင်နှင့် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၃ မြို့နယ်မှ စက်ရုံ အလုပ်သမားများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
7
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
1k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
242

ယင်းသို့ တွေ့ဆုံ ဆွေးနွေးမှု၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများသည် မြို့ နယ် ဖြန်ဖြေရေး အဖွဲ့တွင်ပင် ဖြေရှင်းနိုင်သည့် ကိစ္စများ ဖြစ်ခြင်းကြောင့် အဆိုပါ အဖွဲ့များကို သေချာဖြေရှင်းပေးရန် ညွှန် ကြားပေးမည် ဖြစ်ကြောင်းနှင့် အလုပ်ရှင်များကိုလည်း ဥပဒေ အချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် ပြောဆို လိုက်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အလုပ်သမား ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

SDI အထည်ချုပ် စက်ရုံမှ အလုပ်သမား ခေါင်းဆောင် ကိုအောင်နိုင်ဝင်းက “အခုကတော့ ဝန်ကြီးချုပ် ကိုယ်တိုင် အမိန့်ပေးလိုက်တာ ဆိုတော့ ပြောင်းလဲသွားမယ်လို့ ထင်တယ်။ အလုပ်ရှင်ဘက်ကလည်း ကတိပေးတယ်။ ဒီ မြို့နယ် ဖြန်ဖြေရေးရုံးက ဆုံးဖြတ်တာတွေကို လက်ခံမယ်ပေါ့” ဟု ဆိုသည်။

၎င်းက ဆက်လက်ပြီး “အရင်ကလည်း ဖြန်ဖြေရေးရုံးက ဆုံးဖြတ်တွေကို ဖောက်ဖျက်လို့ ဒီကို ရောက် လာတာလေ။ အခု လည်း သူ့အမိန့်ကို မနာခံရင်ဘဲ အရင်လို ထပ်ဖြစ်မယ် ဆိုရင်တော့ ဒီကို ထပ်လာရုံပဲ ရှိတယ်” ဟု ပြောဆိုသည်။

ယခု အလုပ်သမား အလုပ်ရှင် ပြဿနာ ဖြစ်ပွားနေပြီး တိုင်းအစိုးရ အဖွဲ့နှင့် ဝင်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့သော စက်ရုံ ၅ ရုံ မှာ SDI အထည်ချုပ် စက်ရုံ၊ Young Clothing 2 စက်ရုံ၊ ကိုင်ချန်း စက်ရုံ၊ Natural Garment စက်ရုံနှင့် မြန်မာလပ်ကီး အထည်ချုပ် စက်ရုံတို့ ဖြစ်သည်။

အဆိုပါ စက်ရုံများတွင် လတ်တလော ဖြစ်ပွားသော အလုပ်သမား၊ အလုပ်ရှင် ပြဿနာများမှာ အလုပ်ရှင်များဘက်မှ အငြင်းပွားမှု ဥပဒေပါ အချက်များနှင့် မြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့များတွင် ညှိနှိုင်းထားသော အချက်အလက်များကို လိုက်နာမှု မရှိခြင်း၊ အလုပ်သမား ခေါင်းဆောင်များကို ခြိမ်းခြောက်ခြင်း၊ အလုပ် ထုတ်ပယ်ခြင်း၊ အလုပ်သမား သမဂ္ဂအဖွဲ့ များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရခြင်းများအပြင် လစာ၊ အချိန်ပိုကြေး၊ ကျွမ်းကျင်မှုကြေးနှင့် အခြား ခံစားခွင့်များ မညီမျှ ခြင်းတို့ ဖြစ်ကြောင်း ယင်းစက်ရုံ အလုပ်သမားများထံက သိရသည်။

Natural Garment စက်ရုံမှ အလုပ်သမား ခေါင်းဆောင် တဦး ဖြစ်သည့် မသန္တာဖြိုးက “ဒီနေ့ တွေ့ဆုံမှုမှာတော့ အလုပ် သမားတွေအတွက် ကျေနပ်စရာတွေပါပဲ။ ဥပဒေတွေ အတိုင်း အောက်က ဖြန်ဖြေရေးရုံးတွေကို စနစ်တကျဖြစ်ဖို့နဲ့ ဒီရုံးတွေ က ဒီလို ပြဿနာတွေကို ဖြေရှင်းပေးဖို့ကို သူ ညွှန်ကြားပေးခဲ့တယ်” ဟု ပြောဆိုသည်။

သို့သော်လည်း အဆိုပါ ဖြန်ဖြေရေး အဖွဲ့များတွင် အလုပ်သမား အလုပ်ရှင် ပြဿနာများကို ယခင်လို မဟုတ်ဘဲ အမှန် တကယ် ဖြေရှင်းလာနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တွေ့ဆုံခွင့် ရရှိရန် ဆန္ဒပြ အလုပ်သမား ၂၀၀ ကျော် သည် အောက်တိုဘာလ ၂၂ ရက် နေ့လယ်ပိုင်းမှ စတင်ကာ တညလုံး တိုင်းရုံးရှေ့တွင် အိပ်စက် စောင့်ဆိုင်းခဲ့ကြပြီး အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၁ နာရီမှသာ တွေ့ဆုံခွင့် ရရှိခဲ့ကြသည်။

ယင်းသို့ ပြေလည်မှု ရရှိသွားပြီ ဖြစ်သဖြင့် ရန်ကုန်တိုင်းရုံးရှေ့တွင် ဆန္ဒပြမှုများကို ပြန်လည် ရုပ်သိမ်းလိုက်၍ မနက်ဖြန်တွင် ယင်းအလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

You May Also Like This Story:

အလုပ်သမားစာချုပ်ချိုးဖောက်ခံရမှု ရန်ကုန်တိုင်းအစိုးရ ဖြေရှင်းပေးရန် လုပ်သားများတောင်းဆို

Rainbow ဆပ်ပြာစက်ရုံ အလုပ်သမား သပိတ် ၁ လကျော် အထိ မပြေလည်သေး

အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ် သတ်မှတ်နိုင်ရန် ဆွေးနွေးမှုများ စတင်

Your Thoughts …
Tags: စက်မှုဇုန်ရန်ကုန်တိုင်းအလုပ်သမားပြဿနာ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

by ဧရာဝတီ
13 August 2024
2k

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
1.9k

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက်ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ကြောင်း၊...

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

by ဧရာဝတီ
19 December 2024
1.5k

လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် လုပ်ငန်းများအတွက်သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာ လုပ်ငန်းရှင်များဘက်က ပေးနိုင်ကြောင်း၊ မီးမပြတ်ရန်အာမခံချက်သာ လိုကြောင်း ပြောကြားခဲ့သော်လည်း...

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.3k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

by ဧရာဝတီ
19 December 2023
1.2k

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စက်သုံးဆီ ဝယ်ယူရာတွင် ဆီဖိုး ငွေမချေနိုင်သဖြင့် ဆီမရဖြစ်ကာ အထည်ချုပ်လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နားလာရ

Next Post
ဗစ်တိုးရီးယားအမှုကို စစ်ဆေးနေသည့် ဒက္ခိဏခရိုင် တရားသူကြီး / မိုးမိုး / ဧရာဝတီ

ကိုအောင်ကြီး အာမခံ ရရှိရေး လျှောက်ထားချက် ပယ်ချခံရ

အစာအဆိပ်သင့်သည့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကုသမှု ခံယူနေသည့် လပွတ္တာမြို့ ၃ မိုင်ဆေးရုံ  / ဧရာဝတီ

လပွတ္တာမြို့၌ ကျောင်းသား ၃၄ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate