• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုင်းခုတ် ကျောက်မီးသွေး စီမံကိန်း ဒေသခံများ ကန့်ကွက် ဆုတောင်းပွဲပြုလုပ်

by ဇူးဇူး
24 October 2019
in သတင်း
A A
၂၀၁၉ခု အောက်တိုဘာ ၂၂ရက်က  မိုင်းခုတ်မြို့နယ် မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ဆန့်ကျင်ကန်ကွက် ဆုတောင်းပွဲ ပြုလုပ်စဉ်( ) / စိုင်းခေးဆိုင်

၂၀၁၉ခု အောက်တိုဘာ ၂၂ရက်က မိုင်းခုတ်မြို့နယ် မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ဆန့်ကျင်ကန်ကွက် ဆုတောင်းပွဲ ပြုလုပ်စဉ်( ) / စိုင်းခေးဆိုင်

26.2k
VIEWS
Share on FacebookShare on Twitter

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
54
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
35
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
66

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်တွင်း ကျောက်မီးသွေး တူးဖော်ခြင်းနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆု တောင်းပွဲ တခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲကို မိုင်းခုတ်မြို့နယ် အတွင်းရှိ မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းများကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမည့်  ကျောက်မီးသွေးနှင့် စပ်လျဉ်းနေသော လှုပ်ရှား ဆောင်ရွက်မှုများ အားလုံးကို ရပ်တန့်ပေးရန် သက်ဆိုင်သူများကို အဓိက တိုက်တွန်း တောင်းဆိုခဲ့ကြောင်း ဖော်ပြ ထားသည်။

မိုင်းခုတ် ဒေသခံ ဦးစိုင်းလုံက “ဒီကနေ့ ကျနော်တို့ ဆုတောင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘေးဘယာ ဝေးကွာပြီး ကျောက်မီးသွေးတွေကို မူလအတိုင်း ထားဖို့ ဖြစ်ပါတယ်။ တကယ်လို့ ဒီကျောက်မီးသွေးတူး ဖြစ်မယ်ဆိုရင် ကျနော်တို့ လုပ်ကိုင် စားသောက်မယ့် မြေနေရာ သစ်တောနဲ့ မြစ်ရေတွေကို ဖျက်ဆီးမှာပါ” ဟု ပြောသည်။

ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် အရ ထိုင်းနိုင်ငံရှိ Sahakol Equipment (SQ) နှင့် မြန်မာနိုင်ငံရှိ Golden Lake ကုမ္ပဏီတို့ကြား နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးထားပြီး ဖြစ်ပြီး ကျောက်မီးသွေး တူး ဖော်ရေး အတွက် ပထမဦးဆုံး ထိုင်းဘတ် သန်း ၃၀၀ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

၂၀၁၉ခု အောက်တိုဘာ ၂၂ရက်က  မိုင်းခုတ်မြို့နယ် မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ဆန့်ကျင်ကန်ကွက် ဆုတောင်းပွဲ ပြုလုပ်စဉ်( စိုင်းခေးဆိုင်)

SQ ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်း၊ Golden Lake ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်း ရယူမည်ဖြစ်ပြီး တနှစ်လျှင် ကျောက်မီးသွေး တန်ပေါင်း ၃ သိန်း ရရှိရန် တူးဖော်မည် ဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ကျောက်မီးသွေး လျှပ်စစ်ဓာတ် အား ပေးစက်ရုံကိုလည်း တည်ဆောက်ကာ ရရှိလာသည့် လျှပ်စစ်များကို ထိုင်းနိုင်ငံအတွင်း တင်ပို့ ဖြန့်ဖြူးသွားမည် ဖြစ် ကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က “ကျောက်မီးသွေးက တနှစ်ကို တန် ချိန်ပေါင်း ၃ သိန်းလောက် ထုတ်မယ်။ အနည်းဆုံး ၂၅ နှစ်လောက် ထုတ်မယ်ဆိုတော့ တဖြည်းဖြည်းနဲ့ ပရောဂျက်က ကျယ်လာပြီ။ သဘာဝ ပတ်ဝန်းကျင်အရ ထိခိုက်နိုင်မှု၊ ယာမြေတွေ ဆုံးရှုံးမှု စသဖြင့် ရွာတွေမှာ ထိခိုက်တာ များလာ တဲ့ အတွက် ဆုတောင်းပွဲတွေ ဒီပရောဂျက်ကို မနှစ်သက်ကြောင်း ဆန့်ကျင်တဲ့ ပွဲတွေ ဖြစ်လာရခြင်း ဖြစ်တယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ် အစိုးရမှ တစုံတရာ ထုတ်ပြန်ပြောထားခြင်း မရှိ ကြောင်း၊ စီမံကိန်းအနီး ဝန်းကျင်၌ ကျေးရွာပေါင်း ၇ ရွာခန့် ရှိပြီး ဒေသခံများ အနေဖြင့် ၎င်းတို့ လုပ်ကိုင် စားသောက် နေသည့် လယ်မြေများ ပျက်စီးဆုံးရှုံး မခံနိုင်ကြောင်း ရှင်းပြသည်။

မြန်မာဘက်၌သာ ယခုကဲ့သို့ လှုပ်ရှားမှုများ ပြုလုပ်ရုံသာမက ထိုင်းဘက်တွင်လည်း ဒေသခံများနှင့် အရပ်ဘက် အဖွဲ့ အစည်းများ ပူးပေါင်းကာ ဆုတောင်းပွဲ သွားလုပ်ရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန် ဧရာဝတီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် သယံဇာတဝန်ကြီးနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်များထံ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း စက်ပိတ်ထားခြင်း၊ ဖုန်းကိုင်မှု မရှိခြင်း တို့ကြောင့် မေးမြန်းခွင့် မရပါ။

၂၀၁၉ခု အောက်တိုဘာ ၂၂ရက်က  မိုင်းခုတ်မြို့နယ် မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ဆန့်ကျင်ကန်ကွက် ဆုတောင်းပွဲ ပြုလုပ်စဉ်( စိုင်းခေးဆိုင်)

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ကျောက်မီးသွေး တူးဖော်ကြမည့် ကုမ္ပဏီမှ တာဝန်ရှိ ကိုယ်စားလှယ် ဆိုသူများ ရောက်ရှိလာပြီး ဒေသခံများကို ယခု ကျောက်မီးသွေး တူးဖော်မည် ဆိုခြင်းမှာ အစမ်းသဘော တူးဖော် ကြည့်ရန်သာ ဖြစ်ကြောင်း၊ လာမည့် ၂၅ ရက်တွင် ၃၂၀၀ ဧကခန့် ထပ်မံ၍ လာရောက် တူးဖော်ကြည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၀၈ တွင် အီတာလျံထိုင်း ကုမ္ပဏီသည် ကျောက်မီးသွေးညို (lignite) တူးဖော်ခွင့် ရခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ပြည် သူများနှင့် ရှမ်းပြည်နယ်ရှိ ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခြင်းကြောင့်  ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းထားရကြောင်း သိရသည်။

မိုင်းခုတ်သည် ထိုင်းနိုင်ငံနှင့် ကီလိုမီတာ ၄၀ သာ ကွာဝေးပြီး လူဦးရေ ၂၅၀၀ ခန့် ရှိကာ ရှမ်း၊ လားဟူ၊ အားခါ တိုင်း ရင်းသားများ နေထိုင်လျက် ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မြိုင်ကလေး ကျေးရွာအုပ်စု ရှိ ကျောက်မီးသွေး လောင်စာသုံး ဘိလပ်မြေ စက်ရုံ အနီးဝန်းကျင် ကျေးရွာများတွင် ရှိသည့် ရေတွင်း၊ အင်းအိုင်၊ ချောင်း မြောင်း တချို့၌ ရေများ အရောင်ပြောင်းလဲခြင်းနှင့် ငါးတချို့ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

ထိုစက်ရုံ လည်ပတ်နေခြင်းကို လုံးဝပိတ်သိမ်းပေးရန် ဒေသခံများနှင့် ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း များက ယခုအပတ်အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုထားသည်။

You May Also Like This Story:

ကျောက်မီးသွေး လောင်စာသုံး မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်သိမ်းရေး ဒေသခံများ တောင်းဆို

မကွေးတိုင်း မင်းလှရှိ ကျောက်မီးသွေးတွင်း ရေဝင်၍ လုပ်သား ၄ ဦး ပိတ်မိ

Your Thoughts …
Tags: ကျောက်မီးသွေးဆုတောင်းပွဲမိုင်းဆတ်လယ်မြေလျှပ်စစ်ဓာတ်အားပေးသဘာဝပတ်ဝန်းကျင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.2k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

by ဧရာဝတီ
28 January 2025
3.8k

သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူနဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကိုရဲနည်က ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်း မီးခိုးမြူပြဿနာအတွက် မြန်မာတိုင်းရင်းသား တပ်များတွင် အဖြေရှိနိုင်

ထိုင်း မီးခိုးမြူပြဿနာအတွက် မြန်မာတိုင်းရင်းသား တပ်များတွင် အဖြေရှိနိုင်

by Surachanee Sriyai
15 March 2024
3.3k

ထိုင်းနိုင်ငံမြောက်ပိုင်းသည် အဆိပ်အတောက်ဖြစ်စေသော မီးခိုးမြူတွင် မွန်းကျပ်နေသော်လည်း ထိုသို့ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းသောလမ်းကြောင်း အကောင်အထည် မပေါ်သေးပေ။

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

by David Scott Mathieson
25 October 2023
3.1k

စစ်အာဏသိမ်းပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပျံ့နှံ့ပေါ်ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုနှင့် ပါဝင်မှုအဆင့်များကို စီစဉ်ရာတွင် စဉ်းစားတွေးခေါ်မှု အများအပြား လိုအပ်သည်။

ခေါင်းဆောင် ၂ ယောက်၊ မိန့်ခွန်း ၂ ခုနှင့် မတူညီသော ကမ္ဘာ့အမြင်များ

ခေါင်းဆောင် ၂ ယောက်၊ မိန့်ခွန်း ၂ ခုနှင့် မတူညီသော ကမ္ဘာ့အမြင်များ

by ဧရာဝတီ
8 March 2025
2.6k

တူညီသော တစုံတခုလည်း ရှိသည်။ နှစ်နိုင်ငံလုံးသည် ပြန်လည်ကြီးမြတ်ရေးကို တမ်းတနေကြသည်။

Next Post
အရှိန်လွန်တိမ်းမှောက်ခဲ့သည့် Alphard ယာဉ်ပေါ်ပါသူများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ် / Myanmar Fire Service Department

အမြန်လမ်းတွင် အိမ်စီးယာဉ်တိမ်းမှောက်ပြီး ၄ ဦးသေ ၅ ဦး ဒဏ်ရာရ

ခရီးထွက်သင့်တဲ့ အာရှက ဒေသများ

နိုဝင်ဘာလမှာ ခရီးသွားသင့်တဲ့ အာရှကဒေသများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate