• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးမိုး(အင်းလျား)၇၅နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ နှုတ်ခွန်းဆက် စကားပို့

by လဲ့လဲ့
25 October 2019
in သတင်း
A A
စာရေးဆရာမ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာ ပွဲတော် / မျိုးမင်းစိုး / ဧရာဝတီ

စာရေးဆရာမ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာ ပွဲတော် / မျိုးမင်းစိုး / ဧရာဝတီ

9.2k
VIEWS
Share on FacebookShare on Twitter

ကွယ်လွန်သွားပြီဖြစ်သည့် စာရေးဆရာမ မိုးမိုး(အင်းလျား)၏ ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ် သည့် မြန်မာစာပေနှင့် အနုပညာပွဲတော်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ  နှုတ်ခွန်းဆက် မေတ္တာစကားကို ယနေ့ ပေးပို့ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ဆရာမကြီးရဲ့စာအုပ်တွေ ဖတ်တဲ့ အခါကျတော့ ဆရာမကြီး ဖြတ်သန်းခဲ့ရတဲ့ လူ့အသိုင်းအဝိုင်းကို ပိုပြီးတော့ ထင်ထင်ရှားရှား မျက်လုံးသစ်တွေနဲ့ မြင်နိုင်စေခဲ့ပါတယ်။ ဒီလ ကြည့်ခြင်းအားဖြင့် အတွေးကမ္ဘာတွေ အများကြီး ကျမတို့တည်ဆောက် နိုင်ခဲ့ပါတယ်။ ဒါက ဆရာမကြီးရဲ့ အထူး လေးစားစရာကောင်းတဲ့ အရည်အချင်းတခုပဲလို့ ကျမအနေနဲ့တော့ ဒီလိုပဲ သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့ သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
48
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
154
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
154

ယနေ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ ဗဟိုပုံနှိပ် စက်ရုံ တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာစာပေနှင့် အနုပညာပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင် ခံ မှ မေတ္တာစကား ပြောကြားထားသည့် ရုပ်သံဖိုင်ကို ပရိုဂျက်တာဖြင့် ဖွင့်ပြခဲ့ခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ ပြည်သူလူထုတွေ စိတ်ဓာတ်တွေ၊ သာမာန်ပြည်သူတွေ ရဲ့ခံစားချက် တွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အများကြီး ပိုသိရပါတယ်။ ဒီအပြင်မှာ ကျမ ဘာသတိထားမိလဲ ဆိုတော့ ဆရာမကြီး ဖြတ်သန်းခဲ့တဲ့ ခေတ်ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖော်ထုတ်နေတဲ့အခါမှာတောင် မှ ခိုင်မာတဲ့စိတ်ဓာတ်ကို ပြသွား တယ်ဆိုတာကို တွေ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

စာရေးဆရာမကြီး မိုးမိုး(အင်းလျား) သာ အသက်ရှင်သန်လျက် ရှိနေမည်ဆိုပါက ဒီမိုကရေစီ အကူး အပြောင်း ခေတ်ကာလကို မည်သို့ သရုပ်ဖော်မည်နည်းဟု တွေးမိကြောင်း၊ အနာဂတ်မျိုးဆက်များကလည်း စာပေ၊ အနုပညာဘက်တွင် ရှင်သန်နိုင်ကြစေရန် ဆုတောင်းမေတ္တာပို့ပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြား သွားခဲ့သည်။

“မသုဓမ္မစာရီ ဝတ္ထု”ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကြည်စိုးထွန်းကလည်း မိုးမိုး (အင်းလျား)က မိခင်ဆန်သော မိန်းမ၊ မြန်မာမိန်းမနှင့်တူသောမိန်းမဟု မှတ်ချက်ပြုခဲ့သည်။

ယခုကဲ့သို့သော မြန်မာစာပေပွဲတော်လုပ်ခြင်းအားဖြင့် မိုးမိုး(အင်းလျား)ကဲ့သို့ လူ့သဘာဝအကြောင်းကို အတွင်းကျကျ၊ စာနာပြီး သရုပ်ဖော်ရေးသားနိုင်သည့် စာရေးဆရာ၊ ဆရာမများ ပေါ်ပေါက်လာစေရန် မျှော်လင့်မိကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ အခမ်းအနား ပထမနေ့တွင် “မိုးမိုး အကြောင်း ပြောရအောင်”စကားဝိုင်းကို ဆရာမ ကြူကြူသင်း၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မစန္ဒာ၊ မနှင်းဖွေး တို့က ဝိုင်းဖွဲ့ပြောကြပြီး၊ ပန်းချီ ဖေညွန့်ဝေက “မိုးမိုး(အင်းလျား)ကို ပန်းချီဖြင့် ခံစားခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာတမ်းရှင် နတ်မောက် အနီချိုက စာတမ်းဖတ်ကြားခြင်းကို လည်းကောင်း၊ “ယနေ့ခေတ် လူငယ်နှင့် ရသ စာပေ”ခေါင်းစဉ်ဖြင့် သုတေးစစ်၊ ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)၊ ပုလဲခေတ် ဒိုရေမီ မိုရ်လွင်တို့က ဝိုင်းဖွဲ့ ဆွေးနွေးခြင်းနှင့် ကဗျာဆရာမ မအိနှင့် အဖွဲ့က အမှတ်တရ ကဗျာ ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

မိုးမိုး( အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကို ယနေ့ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်ထိ ၃ ရက်တိုင် ကျင်းပမည်ဖြစ်သည်။

၁၉၇၄ ခုနစ်တွင် မိုးမိုး(အင်းလျား)ပထမဆုံးရေးသားခဲ့သည့် “ပျောက်သောလမ်းမှာ စမ်းတဝါး” လုံးချင်း ဝတ္ထုရှည် သည် အမျိုးသားစာပေဆု ရရှိခဲ့သည့်အပြင် ရုရှားဘာသာဖြင့် လည်းကောင်း၊ ဂျပန်ဘာသာဖြင့် လည်းကောင်း ပြန်ဆိုခံခဲ့ရသည်။

မိုးမိုး(အင်းလျား)သည် ၁၉၇၄ ခုနစ်တွင် ပျောက်သောလမ်းမှာ စမ်းတဝါး၊ ၁၉၈၀ မဂ္ဂဇင်း ဝတ္ထုရှည်များ စာအုပ် ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုုပ်ဆုနှင့် ၁၉၈၆ ခုနှစ် တွင် ဝတ္ထုတိုများ -၂ စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။

၎င်းရေးသားခဲ့သည့် ဝတ္ထုများအနက်မှ “မှတစ်ပါး အခြားမရှိပြီ” ၊“မသုဓမစာရီ” နှင့်“ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား” ဝတ္ထုကို ရုပ်ရှင်ဗီဒီယိုအဖြစ် ရိုက်ကူးခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – စာရေးဆရာမ မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့ မြန်မာစာပေ နှင့် အနုပညာပွဲတော် ကျင်းပမည်

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ပွဲတော်းမိုး(အင်းလျား)မြန်မာစာပေ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
တီကျစ် ကျောက်မီးသွေးစက်ရုံ / နန်းဆိုင်နွမ်

တီကျစ် ကျောက်မီးသွေး စက်ရုံ EIA အစီရင်ခံစာ ဘက်လိုက်မှုများ ရှိနေဟု ဆို

ထိုင်းလက်ရွေးစင် ဘောလုံးအသင်း(Bangkok Post)

ဆယ်စုနှစ်တခုအတွင်း ထိုင်းလက်ရွေးစင်အသင်း ဘောလုံးအသင်း ထိပ်ဆုံးသို့ရောက်လာ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate