ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (FIFA)က နောက်ဆုံး ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်အရ ထိုင်း အမျိုးသား လက်ရွေးစင် ဘောလုံးသင်းသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့အဆင့်သို့ တက်လာသည်။
War Elephants ဟု ခေါ်သော ထိုင်းလက်ရွေးစင်အသင်းသည် ယခုလအတွင်းကျင်းပသည့် ချစ်ကြည်ရေးပွဲ တွင် ကွန်ဂိုအသင်းကို ၁-၁ သရေကစားနိုင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာရပ်စော်ဘွားများနိုင်ငံ (UAE) အသင်းကို ၂-၁ ဖြင့် အနိုင်ရပြီးနောက် အဆင့် ၁၁၄ မှ အဆင့် ၁၀၉ သို့တက်လာသည်။
ထိုအဆင့်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးဖြစ်ပြီး ထိုစဉ်က ထိုင်းအသင်းသည် အဆင့် ၁၀၅ တွင်ရှိသော်လည်း အာစီယံတွင် ဗီယက်နမ်၏ အောက်တွင်သာရှိနေသည်။