ရခိုင်ပြည်နယ်အတွင်း ရေကြောင်းလိုင်းတခုဖြစ်သည့် စစ်တွေ- ဘူးသီး တောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်းတွင် AA အဖွဲ့ ဖမး်ဆီးခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ ရွှေနဒီ အမြန်ရေယာဉ်သည် ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က စစ်တွေဆိပ်ကမ်းမှနေ ထွက်ခွာသွားပြီး ရသေ့တောင်မြို့နယ် အလွန် တနေရာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ခရီးသည်မိသားစုဝင်များက ပြောသည်။
ရွှေနဒီအမြန်ရေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည် မိသားစုဝင် တဦးက “ဒီနေ့ ကျနော် အစ်မတယောက်က ဘူးသီးတောကို လိုက်ပါသွားပါတယ်။ မနက်ပ်ိုင်းမှာ အဲဒီ သတင်းကြား ရလို့ ရွှေနဒီ လက်မှတ်ရောင်းတဲ့ ဌာနကို ဖုန်းဆက်မေးတော့ သူတို့လည်း သတင်းကြားလို့ သင်္ဘောမှာ ပါသွားတဲ့ စာရေးကို ဖုန်းဆက်တာ အဆက်အသွယ်မရေသေးဘူးလို့ ပြောတယ် ။ ရသေ့တောင်ဆိပ်ကမ်းကို မနက် ၉နာရီလောက်မှာရောက်ပြီး ပြန်ထွက်သွားကတည်းက ဖုန်းအဆက်အသွယ် မရတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို ဖမ်းဆီးခံရသည့် ရွှေနဒီ အမြန်ရေယာဉ်တွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ လိုက်ပါသွားသည့်အတွက် AA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းလည်း ဒေသအတွင်း သတင်းများ ပျံ့နှံနေသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ “အဲဒီ သတင်းကို ကျနော်တို့ မသိသေးဘူး။ စုံစမ်းနေတုန်းပဲ ရှိသေးတယ် ” ဟု ဆိုသည်။
အနောက်ပိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ ဖြစ်စဉ်ကို မသိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
You may also like these stories:
မွန်နှင့် ကရင် ငြိမ်းချမ်းရေး သဘောတူညီမှုအပြီး နောက်နေ့တိုက်ပွဲ ပြန်ဖြစ်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို
ဘူးသီးတောင်တွင် နယ်ခြားစောင့် ရဲယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ ၂ ဦးသေ၊ ၇ ဦးဒဏ်ရာရ
ကျောက်တော် အမြောက်တပ်ကို AA တိုက်ခိုက်