• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ

by မင်းအောင်ခိုင်
27 October 2019
in သတင်း
A A
၂၀၁၉ အောက်တိုဘာ ၂၆ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းပွဲ တွင် AA. TNLA, MNDAA တို့နှင့် ပတ်သက်၍  ဖြေကြားနေစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

၂၀၁၉ အောက်တိုဘာ ၂၆ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းပွဲ တွင် AA. TNLA, MNDAA တို့နှင့် ပတ်သက်၍ ဖြေကြားနေစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

18.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှနေ တပ်မတော် အရာရှိများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ ဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တပ်မတော် သတင်းပြန်ကြား ရေးအဖွဲ့မှ ထုတ်ဖော်ပြောကြားသည်။

ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များမှာ တပ်မတော်မှ အရာရှိ ၁ ဦး ၊ အခြားအဆင့် ၁၄ ဦး ၊ ရဲတပ်ဖွဲ့မှ အရာရှိ ၁၅ ဦး၊ အခြား အဆင့် ၁၄ ဦး ၊ အကျဉ်းဦးစီးဌာနမှ အရာရှိ ၁ ဦး ၊ အခြားအဆင့် ၁ ဦး စုစုပေါင်း ၄၅ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက် ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
29
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
296

“အားလုံးပေါင်း တပ်ဖွဲ့ဝင် ၄၅ ဦးပါသွားတယ်လို့ သိရတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတဲ့ နောက်ကို ပိတ်ဆို့ရေးနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတာ ရှိတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

စစ်တွေ- ဘူးသီးတောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်အား ရသေ့တောင်မြို့အလွန် မြေယု မြစ်ပေါ်တွင် AA အဖွဲ့က တားဆီးကာ တပ်မတော် အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်နောက် တပ်မတော်က ရဟတ်ယာဉ်ဖြင့် ကင်းထောက်ကာ ခြေလျှင်တပ်များ ဖြင့် ဖမ်းဆီးခဲ့ရသည့် နေရာအနီးဝန်းကျင်အား အရှေ့ အနောက် ပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေးများကို ဆောင်ရွက် နေကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

ထိုသို့ နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့နေရာများ လုပ်ဆောင်လျှက်ရှိရာတွင် ယမန်နေန့ ညနေပိုင်းတွင် ထိတွေ့ တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ကြောင်းပြီး ချောင်းကူးရန် ပြင်ဆင်နေသည့် AA တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကိုလည်း အရှေ့ အနောက် ပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက် ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်း ရွှေနဒီ အမြန်ရေယဉ် ယနေ့ မနက်ပိုင်းက ရသေ့တောင်မြို့နယ်အလွန်တွင် ဟန့်တား စစ်ဆေးကာ တပ်မတော် သားများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ကို ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

ခိုင်သုခက “ဒီနေ့ မနက် ၁၀ နာရီကျော် လောက်မှာ ရသေ့တောင်မြို့ရဲ့ မြောက်ဘက် မေယု မြစ်ထဲမှာ ရွေနဒီ အမြန် ယာဉ်ကို လုံခြုံရေးအရ ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ ရပ်တန့် စစ်ဆေးခဲ့တာ ရှိတယ်။ အဲဒီလို စစ်ဆေးခဲ့တဲ့ အထဲမှာ အရပ်သား ဟန်ဆောင်ပြီး စီးနင်းလိုက်ပါလာတဲ့ လက်နက်ကိုင် တချို့ကိုတွေ့ရတယ်၊ ကျနော်တို့က လုံခြုံရေးအရ ထိန်းသိမ်း စစ်ဆေးခဲ့တာ ရှိတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ စစ်တပ် အရာရှိကြီးတွေ ၊ ရဲအရာ ရှိကြီးတွေ အားလုံး ပေါင်း ၄၀ အထက် ရှိတယ်။ ဒီလူတွေကို လောလော ဆယ်ထိefသိမ်းထားတယ် ။ သူတို့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်သွားဖို့ ရှိတယ် ။ လောလော ဆယ် ဒီလောက်ပဲ ပြောလို့ ရမယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခေါ်ဆောသည့် နောက်ပိုင်တွင် တပ်မတော်က ကျေးရွာအနီးရှိ တောင်တန်းများကို ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း၊ ထိုသို့ ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်များထံ ကျရောက် နိုင်သည့် အတွက် သူတို့၏ အသက် အန္တရယ်မှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း ဦးခိုင်သုခက ဆက်လက်ပြောကြားသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို AAက ဖမ်းဆီးခဲ့ပြီးနောက် ကျန်ခရီးသည်များနှင့် ရေယာဉ်ကို ဘူးသီးတောင်မြို့သို့ ပြန်လည် လွတ်ပေးခဲ့ကြောင်း ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် အဆိုပါ ရေယာဉ်မှာ ဘူးသီးတောင်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်းလည်း ဘူးသီးတောင် မြို့ခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ရေမျက်တောင်၊ ကျောက်တန်း၊ ရေပုတ်တောင် စသည့် ကျေးရွာများအနီး တောင်တန်း များပေါ်တွင် တပ်မတော်က ရဟတ်ယာဉ် ၄ စီးဖြင့် ယမန်နေ့က တိုက်ခိုက်လျှက် ရှိကြောင်းလည်း ဒေသခံ ကျေးရွာ သားများက ပြောသည်။

ကျောက်တန်းရွာနေ မအေးရီက “ကျမတို့ ကျောက်တန်းရွာ ၊ ရေပုတ်ရွာ၊ ရေမျက်တောင် ရွာအထက် ပျံသန်းပြီးတော့ ရွာနားက တောင်တန်းတွေကို ရဟတ်ယာဉ် ၄ စီးနဲ့ ပစ်နေပါတယ်။ ထိခိုက်မှုကိုလည်း မသိရသေးဘူး ၊ ရွာသား အားလုံး အိမ်အောက်မှာ ပုန်းနေကြရလို့ ထိခိုက်မှု ရှိလား မရှိလား ဆိုတာတော့ မသိသေးဘူး။ ပစ်နေတာက အခုထိ လည်း မရပ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ ဘယ်အဖွဲ့ မဆို နိုင်ငံ တကာ ဥပဒေများကို လိုက်နာသင့်ပြီး ပြည်သူကို မထိခိုက်အောင် ကာကွယ်သင့်ကြောင်း ပြောသည်။

ဦးခင်မောင်လတ်က “ကျနော် ပြောချင်တာက ဘယ်အဖွဲ့ မဆို နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာပြီး ပြည်သူကို မထိခိုက်အောင် ကာကွယ်သင့်တယ်။ အခုက တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘဲနဲ့ ရွားနီးအနားတွေ ကို ရဟတ်ယာဉ် ၄ စီးနဲ့ ဗုံးကြဲနေတယ်လို့ ကြားတယ်။ ရခိုင်စစ်ပွဲတလျှောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ တိုက်ခိုက်တယ်ဆို တာ မရှိခဲ့ဘူး၊ ဒါလုပ်လည်း မလုပ်ကောင်းဘူူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားသည့် လုပ်ရပ်များ ကြောင့် တပ်မတော်အနေဖြင့် ပုတီးစိပ်ပြီး ထိုင်မနေဘဲ ဗုံကြဲ တိုက်ခိုက်သင့်ပါက တိုက်ခိုက် ရမည် ဖြစ်ကြောင်း ယမန် နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့ သည်။

ရခိုင်တိုက်ပွဲကာလအတွင်း အစိုးရက AA စစ်ဦးစီးချုပ် မိသားစုဝင်များကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုမှုများ ရှိသလို AA အဖွဲ့မှလည်း အောက်တိုဘာလ ၁၁ ရက်နေ့က မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး အပါအဝင် ကားပေါ်ပါ သူ ၃၁ ဦးကို မြောက်ဦးအလွန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီး

Your Thoughts …
Tags: AAတပ်မတော်ရခိုင်ရသေ့တောင်ရွှေနဒီ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကမ္ဘာကျော် အချိုရည် အမှတ်တံဆိပ် Coca-Cola

စွန့်ပစ် ပလတ်စတစ်တွေကို Recycle လုပ်ပြီး အချိုရည်ဘူးအဖြစ် ပြန်အသုံးပြုမယ့် Coca-Cola

ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ  / ညီညီသူ / ဧရာဝတီ

အားလပ်ရက် အပန်းဖြေသူများနဲ့ စည်ကားနေတဲ့ ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate