• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကြား မြေနုကျွန်းအငြင်းပွားမှု အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်

by ကောင်းမြတ်မင်း
31 October 2019
in သတင်း
A A
သာစည်ကျွန်း ကျေးရွာသားများ မြေနုကျွန်းပေါ်တွင် စိုက်ပျိုးရန် ပြင်ဆင်နေစဉ်  /  Kyaw Swe

သာစည်ကျွန်း ကျေးရွာသားများ မြေနုကျွန်းပေါ်တွင် စိုက်ပျိုးရန် ပြင်ဆင်နေစဉ် / Kyaw Swe

9k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း ရွှေတောင်မြို့နယ် တရုတ်မှော် ကျေးရွာအုပ်စု သာစည်ကျေးရွာနှင့် ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ထန်းတပင် ကျေးရွာကြားရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနုကျွန်းကိစ္စကို သက်ဆိုင်ရာ နှစ်ဖက် တိုင်းဒေသကြီး အစိုးရမှ အမြန်ဆုံး ညှိနှိုင်း ဖြေရှင်းပေးရန် လိုအပ်နေကြောင်း သိရသည်။

အဆိုပါ မြေနုကျွန်းအား ထန်းတပင်ကျေးရွာနှင့် သာစည်ကျွန်း ကျေးရွာတို့ကြား အောက်တိုဘာလ၂၂ ရက်က နှစ်ဖက် မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (လယ်စီ)မှ ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီးနောက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင် စဉ် နှစ်ဖက် ဒေသခံများကြား အခြေအနေ တင်းမာမှုများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကြံခင်းမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ဧရာဝတီကို ပြောသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
943
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
79
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
918

ဦးကျော်ကျော်လွင်က “ကျနော်တို့ နှစ်ဖက် လယ်စီအဖွဲ့နဲ့ ရှင်းပေးထားလို့ နှစ်ဖက် သဘောတူညီမှုအရ လုပ်ပေးခဲ့တာ ရှိပါတယ်။ အဲဒီနောက် ရွှေတောင် သာစည်ကျွန်းဘက်က တောင်သူတချို့က မျှပေးထားတာ မကျေနပ်လို့ ဒီဘက်ကို ကျူးလုပ်တာတွေရှိတဲ့အတွက် ကျေးရွာ လယ်စီတွေနဲ့ ပြန်ပြီးတော့ ညှိလိုက်ကြပြီးတော့ ကြံခင်းဘက်က နည်းနည်း နောက်ဆုတ်ပြီး တိုင်းတာပေးခဲ့တာတွေ ရှိတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “အဲဒါကိုမှ တောင်သူ ၂ ဦး ၃ ဦးက သဘောမကျသေးလို့ ဒီဘက်ကို ဝင်ကျူးတာတွေ ရှိတယ်။ အဲဒီတော့ ဒီဘက် တောင်သူက လက်မခံတော့တဲ့ အတွက် လိုအပ်လာရင် သူတို့ တောင်သူအချင်းချင်း တရားစွဲဖို့ လုပ်တာတွေ ရှိတယ်” ဟု ပြောဆိုသည်။

မြေနုကျွန်း ပိုင်ဆိုင်မှုအား ညှိနှိုင်းဆောင်ရွက်ပေးရန်၂၀၁၉ ဇူလိုင်လတွင် သာစည်ကျွန်းကျေးရွာမှ ပဲခူးတိုင်း လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (လယ်စီ)အား တိုင်ကြားခဲ့ပြီးနောက် နှစ်ဖက်မြို့နယ်အဆင့် လယ်စီအဖွဲ့များက အောက်တိုဘာလ၂၂ ရက် တွင် ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ကာ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည့် အပေါ် ကျေနပ်မှု မရှိခြင်းဖြစ်ကြောင်း ရွှေတောင်မြို့နယ် သာစည်ကျွန်းရွာမှ ကိုဇော်မင်းက ပြောသည်။

ပဲခူးတိုင်း ရွှေတောင်မြို့နယ်နှင့် ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တို့အကြားရှိ ဧရာဝတီမြစ်အတွင်း ပေါ်ထွန်းနေသည့် အငြင်းပွားနေသည့် မြေနုကျွန်းအား ပြသ ကောင်းကင်မြေပုံ

“အခု ဖြစ်နေတာက ထန်းတပင်ပိုင်တာက ဧက ၆၀၀ ကျော် ရှိတယ်။ ကျနော်တို့ ပိုင်တာက ဧက ၁၀၀ ကျော်ပဲ ရှိတာ။ သူတို့ လာညှိတုန်းက အဆင်ပြေတယ်ဆိုတာ မြေနုကျွန်းကို ၅၀ ရာခိုင်နှုန်းစီ ခွဲယူဖို့ ပြောတယ် ထင်တာ။ အခုဟာက ကျနော်တို့ရဲ့ ဧက ၁၀၀ ကျော်ထဲက ၅၀ ကိုပဲ ခွဲပေးလိုက်ရတာ။ နှစ်ဖက် တိုင်းအစိုးရ ကိုယ်တိုင်လာကြည့်ပြီး ဆုံးဖြတ်စေ ချင်တယ်။ အဲဒီလို လာကြည့်ပြီးဆုံးဖြတ်ပေးရင် ကျေကျေနပ်နပ် ကျနော်တို့ လက်ခံပါတယ်။ အခုဟာက နိုင်ထက်စီးနင်း လုပ်သလို ခံစားနေရလို့ပါ” ဟု ၎င်းက ပြောပြသည်။

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း နှစ်တိုင်းကြား မြေနုကျွန်းပိုင်ဆိုင်မှု ညှိနှိုင်းရာတွင် နှစ်ဖက်အစိုးရနှင့် လွှတ်တော် ကိုယ်စား လှယ်များကြား ညှိနှိုင်းဆောင်ရွက်ရာတွင် အဆင်ပြေသော်လည်း တောင်သူများကြား နားလည်မှု ရရှိရန် ဆောင်ရွက်ရာ တွင် အခက်အခဲများ ရှိကြောင်းနှင့် အောက်တိုဘာလ၂၂ ရက်က ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေကိုသာ မကြာခင် တိုင်းအစိုးရထံ အမှုတွဲတင်သွားရန် စီစဉ်ထားကြောင်း ရွှေတောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝေ က ဧရာဝတီကို ပြောသည်။

၎င်းက “သက်ဆိုင်ရာ ရပ်ကျေး လယ်စီတွေနဲ့ မြို့နယ် လယ်စီတွေက ညှိနှိုင်းဆုံးဖြတ်ပြီးသွားပြီလေ။ အမှုတွဲ တင်ဖို့ပဲ ရှိ တော့တယ်။ ပထမတော့ အုပ်ချုပ်ရေးမှူး ပြောတော့ အဆင်ပြေသွားပြီလို့ ပြောတယ်။ တိုင်းနှစ်တိုင်း ညှိတာ အဲဒီအမှုတွဲကို ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တင်ဖို့ပဲ ရှိတော့တယ်။ နှစ်ဖက် လယ်စီက ညှိနှိုင်းပေးထားတာပဲ။ ကျနော်တို့ ကိုယ်စားလှယ် တွေက ဆုံးဖြတ်ချက် ချပေးလို့ မရဘူးလေ။ အခု ညှိနှိုင်းပေးထားတာကို ကျနော်တို့ အမှုတွဲ မကြာခင် တင်မှာပါ” ဟု ဆို သည်။

အဆိုပါ မြေနုကျွန်းပေါ်တွင် ရာသီပေါ်သီးနှံများဖြစ်သည့် မြေပဲ၊ ပြောင်း၊ နှမ်း၊ ခရမ်းချဉ်၊ ကစွန်းဥ၊ စိမ်းစားဥ အစရှိသည် တို့ကို စိုက်ပျိုးကြပြီး မြေဆီသြဇာလည်း ကောင်းမွန်ကြောင်း သိရသည်။

သာစည်ကျွန်း ကျေးရွာမှ ကိုဇော်မင်းက “အခု နှစ်ဖက်စလုံး စိုက်ပျိုးရေး လုပ်ဖို့ ကွင်းထဲ ဆင်းကုန်ကြပြီ။ နှစ်ဖက်စလုံးက ကိုင်းခုတ်ဓားကိုယ်စီနဲ့ ကျနော်တို့ ရွာသားတွေကိုလည်း မနည်း ထိန်းနေရတယ်။ နှစ်ဖက်အစိုးရက ကိုယ်တိုင်လာရှင်းမှ အဆင်ပြေမယ်။ ဒီအတိုင်းဆို အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲ တပ်ဖွဲ့တွေလည်း ကျနော်တို့ အကြောင်းကြားထားပါတယ်” ဟု ဆက်လက် ပြောသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ထန်းတပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက် သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

သာစည်ကျွန်းကျေးရွာ မြေနုကျွန်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍ ၁၉၆၈ ခုနှစ်တွင် တကြိမ်၊ ၁၉၉၅ ခုနှစ်တွင် တကြိမ် ရွှေတောင်မြို့နယ်နှင့် ကြံခင်းမြို့နယ် ဒေသခံများကြား နှစ်ဖက် အဆင်ပြေမှု ရရှိရန် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၂ လယ်ယာမြေ ဥပဒေထွက်ပေါ်လာပြီးနောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ယခုလို အငြင်းပွားမှုများ ပြန်လည် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ယခုလို မြေနုကျွန်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း မကွေးတိုင်း ရေနံ ချောင်းမြို့နယ် မာန်မြေကျေးရွာ အုပ်စု၊ ဖရဲကျွန်း ကျေးရွာသားများနှင့် ကျမ်းကိုင် ကျွန်းကျေးရွာ အုပ်စု၊ ကံသာကျေးရွာ သားများ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၃၉ ဦး သေဆုံးသည် အထိ ဖြစ်ပွားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

လူ ၃၉ ဦးအသက်နဲ့ လဲခဲ့ရတဲ့ ဧရာဝတီ မြစ်ကမ်းစပ်က မြေ ၇ ဧက 

မြေနုကျွန်း ပဋိပက္ခ ၁၀ ရက်အတွင်း စစ်ဆေးရန် ဝန်ကြီးချုပ် ညွှန်ကြား

Your Thoughts …
Tags: မြေနုကျွန်းအငြင်းပွားမှု
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသည့် ရုပ်အလောင်းများအား တွေ့ရစဉ်  / ရေနံမြေသားလေး

လူ ၃၉ ဦးအသက်နဲ့ လဲခဲ့ရတဲ့ ဧရာဝတီ မြစ်ကမ်းစပ်က မြေ ၇ ဧက

by ကောင်းမြတ်မင်း
4 August 2019
78.5k

ဖရဲကျွန်းရွာဘက်က လူ ၃၈ ဦး ဧရာဝတီမြစ်အတွင်း ပျောက်ဆုံးခဲ့ရာမှာ ဇူလိုင် ၂၈ ရက်အထိ ၂၇ လောင်း ဆယ်ယူနိုင်ခဲ့ပြီး ၁၁ ဦးပျောက်ဆုံးနေပါတယ်။ ကံသာရွာသားတဦးကတော့ အခင်းဖြစ်ပွားတဲ့နေ့က ရရှိတဲ့ ဒဏ်ရာကြောင့် နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ထိုက်သင့်တဲ့ လုပ်အားခ ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လှိုင်သာယာ စက်မှုဇုန်က အလုပ်သမားများ  / ဧရာဝတီ

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖွံ့ဖြိုးရေး အတွက် အဟန့်အတားဖြစ်လာနိုင်

by ဒီလှိုင်းဝင်း
22 January 2019
7.3k

မြန်မာနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမားများအကြား အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင် သည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

မြေယာပြဿနာဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းနယ်စပ်နဲ့ပဲခူးတိုင်းနယ်စပ် ကောင်းကင်မြေပုံ

ပဋိပက္ခကြီးထွားလာမှာ စိုးရိမ်နေရတဲ့ ဧရာဝတီ-ပဲခူးတိုင်းကြားက မြေနုကျွန်းလုပွဲ

by ဆလိုင်းသန့်စင်
7 December 2019
29.2k

ဦးမြင့်ရွှေတို့ အနေနဲ့ကတော့ ရွှေတောင်မြို့နယ်အတွင်းက မြေတွေဟာ ရွှေတောင်ဒေသခံတွေသာ ရရှိစိုက် ပျိုးသင့်တယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း ကြံခင်းဘက်က လုပ်ကိုင်နေတဲ့ မြေနုကျွန်းပေါ်မှာ အိမ်ဆောက် တာ၊ အပင်စိုက်တာတွေ ဝင်ရောက် လုပ်ကိုင်တာလို့ ပြောပါတယ်။

--

ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်

by သက်နှင်းထွေး
8 November 2020
20k

အဲဒီလို စုတ်ပြဲသွားတဲ့မဲကို မဲရုံတာဝန်ကျသူတွေက စောင့်ကြည့်သူတွေကို ပြသပြီး ပယ်မဲ မလုပ်ဘဲ အတည်ပြုလိုက်တာ ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှ ကိုယ်စား လှယ်လောင်း ဦးကျော်ဇေယျက...

ပဋိပက္ခ ဖြစ်ပွားခဲ့သော ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ကျောင်းတိုက်  / mgwa / Facebook

တောင်သာ ဘုန်းကြီးကျောင်း ပဋိပက္ခ ၂၇ ဦး အမှုဖွင့်ထား

by ဒီလှိုင်းဝင်း
19 April 2019
55.1k

မန္တလေးတိုင်း ဒေသကြီး တောင်သာ မြို့နယ် ငြိမ်းချမ်း တောရ ဓမ္မရိပ်သာ ကျောင်းတိုက် ပဋိပက္ခ ဖြစ်စဉ် အတွင်း ကျေးရွာ ၂ ရွာမှ ၂၇ ဦးကို အမှု ဖွင့်လှစ်ထားကြောင်း

ဇာတ်ဝင်ခန်းမှာ ပါဝင်တဲ့ တရုတ်နိုင်ငံထုတ် ထမင်းသုပ်

တရုတ်နိုင်ငံထုတ် ထမင်းသုပ်ကို အသုံးပြုလို့ ကိုရီးယားဒရာမာ “Vincenzo” ဝေဖန်ခံရ

by မစ်ကီ
17 March 2021
10.3k

ကင်မ်ချီဟာ နှစ်နိုင်ငံကြား ယဉ်ကျေးမှု ထုတ်ကုန်အဖြစ် သူပိုင် ကိုယ်ပိုင် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို အငြင်းပွားဖွယ်ဖြစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့တာပါ။

Next Post
မီးလောင်သွားတဲ့ Shuri ရဲတိုက်

ဂျပန်နိုင်ငံ နာဟာမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Shuri ရဲတိုက် မီးလောင်

တပ်ချုပ်နှင့် KNU ဥက္ကဌ တို့သည် ယခင်ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုအဖြစ် တွေ့ဆုံလေ့ ရှိသည်/ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့် တွေ့ဆုံခြင်းက ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်ကြောင်း KNU ပြော

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate