• English
Sunday, September 24, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေနှင့် ရှေ့နေ ဦးကြီးမြင့်တို့ကို တပ်မတော် အမှုဖွင့်

          by ထက်နိုင်ဇော်
          1 November 2019
          in သတင်း
          Reading Time: 1 min read
          A A
          ရှေ့နေ ဦးကြီးမြင့် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် နှင့်  ကဗျာဆရာ စောဝေ

          ရှေ့နေ ဦးကြီးမြင့် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် နှင့် ကဗျာဆရာ စောဝေ

          21.9k
          VIEWS
          Share on FacebookShare on Twitter

          ထင်ရှားသည့် နိုင်ငံရေး လှုပ်ရှားသူများ ဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေနှင့် ရှေ့နေ ဦးကြီး မြင့်တို့ကို တပ်မတော်က တရားစွဲမှုအပေါ် တနသာၤရီတိုင်း၊ ကော့သောင်းမြို့နယ် တရား ရုံးမှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လက်ခံလိုက်ကြောင်း သတင်းရရှိသည်။

          ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်တွင် ၎င်းတို့ ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံပွဲ ပြုလုပ်စဉ် ဟောပြောရာတွင် တပ်မတော်နှင့် တပ်မတော် အကြီးအကဲများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ယခုလို တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ကမ်းရိုးတန်း တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်စင်ဦးက ပြောသည်။

          RelatedPosts

          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

          24 September 2023
          2.3k
          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          24 September 2023
          3.3k
          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          23 September 2023
          3.4k

          “သူတို့ ဟောပြောချက်တွေက ပြည်သူလူထုကို အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်တွေနဲ့ ပြော ဆိုခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့် ကော့သောင်းတရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အချိန်မှာ တရား ရုံးက အောက်တိုဘာလ ၁၇ ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး သန့်စင်ဦးက ပြောသည်။

          တပ်မတော်၏ တရားစွဲတင်မှုကို တရားရုံးက ၎င်းတို့ တင်ပြသည့် အချက်အလက်များကို စိစစ်ကြောင်း၊ ၎င်းတို့ ၃ ဦး ၏ ဟောပြောချက်များသည် တရားစွဲတင်ရန် အမှုမြောက်၊ မမြောက်ကို ရာဇသတ်ကြီး ပုဒ်မများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ကြောင်း၊ ယခုလို အမှုမျိုးကို ရဲစခန်းသို့ သွားရောက် တိုင်ကြားပါကလည်း တရားရုံး ဦးတိုက်လျှောက်ရန်သာ ညွှန်ကြားလေ့ ရှိကြောင်း ၎င်းက ပြောသည်။

          “တရားရုံးက စိစစ်ပြီးတော့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လွှဲပေးတယ်။ လွှဲပေးပြီးတော့မှ အမှုဖွင့်၊ အမှုဖွင့်ပြီးတော့မှ တ ရားရုံးက ပြန်ပြီးတော့မှ ဒီပုဒ်မအပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်တာ ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး သန့်စင်ဦး က ရှင်းပြသည်။

          တရားစွဲခံရသည့် ရှေ့နေ ဦးကြီးမြင့်ကမူ လွန်ခဲ့သည့် ၆ လခန့်က ကော့သောင်းမြို့ နယ် ပြုလုပ်သည့် အခြေခံ ဥပဒေ ထောက်ခံပွဲတခုတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြောင်းကို မိနစ် ၂၀ ခန့် ဟောပြောမိ၍ ယခုလို တရားစွဲခံရ ခြင်း ဖြစ် ကြောင်း၊ တပ်မတော်ကို ထိခိုက်အောင် ပြောဆိုခဲ့ခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

          “အဲဒီနေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ၁ နာရီ ၁၅ မိနစ်လောက် ဟောတယ်။ ကိုစောဝေက တနာရီလောက် ပြော တယ်။ ကျနော်က နေပူတာရယ်၊ အသက်ကြီးလာလို့ မောတာရယ်ကြောင့် မိနစ် ၂၀ တည်း ပြောတာ။ ပြောတာ ကလည်း အခြေခံဥပဒေ အကြောင်းပဲ ပြောတာ။ ကျန်တာ ဘာမှ မပြောဘူး”ဟု ဦးကြီးမြင့်က ရှင်းပြသည်။

          ၎င်းက ဆက်၍ “ဘယ်နိုင်ငံခြား အထောက်အပံ့နဲ့မှ ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်ထမင်းကိုယ်စား ပြီး တော့ တိုင်းပြည်အတွက် ပြောနေတာ။ ကျန်တဲ့သူတွေကလည်း ငါတို့ကို ကြည့်ပြီးတော့ နှုတ်ဆိတ်နေရင် တို့ တိုင်း ပြည် ပိုဆိုးသွားမှာပေါ့။ နှုတ်ကတော့ ဆိတ်နေလို့ မရဘူး။ ပြောသင့်တာကတော့ ပြောနေရမှာပဲ”ဟု ဆိုသည်။

          သို့သော် ကော့သောင်းမြို့နယ် တရားရုံးသည် တပ်မတော်၏ ဦးတိုက်လျှောက်ထားမှုကို ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၀၂ အရ တရားရုံးက မိမိတို့ကို ခေါ်မေးရမည် ဖြစ်ကြောင်း၊ နှစ်ဖက် အသံနားထောင် ချိန်ဆပြီးမှသာလျှင် ဆင်ခြေတုံ တရားဖြင့် ဆုံးဖြတ်ရမည် ဖြစ်သော်လည်း ယခုအခါ ဖြေရှင်းခွင့် မရခဲ့ကြောင်း ဦးကြီးမြင့်က ပြောသည်။

          “အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဦးတိုက်လျှောက်တယ်။ မနေ့ကပဲ အမှုကို လက်ခံလိုက်တယ်ဆိုတော့ အကြောင်း ကြားစာက မရောက်သေးဘူး။ ရောက်လာရင် ဆင့်ခေါ်ပြီးတော့ အာမခံ မပေးဘဲ ထောင်ထဲ တန်းပို့မလား၊ ဖမ်းဝရမ်းနဲ့ ပဲ တခါတည်း ဖမ်းမလား ဆိုတာတော့ သေချာမသိသေးဘူး။ လုပ်ထုံး လုပ်နည်းအရတော့ အဲဒီကို သွားပြီး ဆောင်ရွက် ရမယ့် သဘောရှိတယ်”ဟု ၎င်းက ပြောသည်။

          တပ်မတော်၏ တရားစွဲဆိုမှုများသည် ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာပြီး တပ်မတော်က တိုက်ရိုက် စွဲဆိုမှု ၂၄ မှုတွင် လူပုဂ္ဂိုလ် ၇၇ ဦး၊ တပ်မတော်ကို ဝေဖန်သဖြင့် ကြားမှ ဝင်ရောက်ဆွဲဆိုမှု ၆ မှု စုစုပေါင်း ၃၀ မှု ရှိကြောင်း၊ ယခု တွက်ချက်မှုသည် တပ်မတော်က တရားစွဲဆိုခဲ့သည့် မြဝတီကျောင်းတိုက် ဆရာတော်အမှု၏ ရှေ့မှ အမှုများသာ ဖြစ်ကြောင်း အသံအဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

          “တပ်ကနေပြီးတော့ တရားစွဲဆိုမှုဟာ ဧပြီလနောက်ပိုင်းမှာ ပိုပြီး မြင့်တက်လာတာမျိုး တွေ့ရတယ်။ အထူးသဖြင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေက ဦးဆောင်သူတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ဆက်တိုက် တရားစွဲဆိုမှုတွေ လုပ်လာတာကို တွေ့ရတယ်”ဟု မောင်ဆောင်းခက ပြော သည်။

          တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်တွင် သည်းခံမှု အတိုင်းအတာ ရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့ဖူးသည်။

          တပ်မတော်သည် ၎င်းကို အသရေဖျက်သည်ဟု ဆိုကာ ၎င်းကို ဝေဖန်သူများကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုလေ့ရှိပြီး ယခုအမှုတွင် တရားစွဲဆိုခံရသူတဦးဖြစ်သည် ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တပ်မတော်ကို ဝေဖန်သဖြင့် ထောင်ဒဏ်အပြစ်ပေးခံထားရသည်။

          ပုဒ်မ ၅၀၅ (က) မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တခုခုမှ အရာရှိ (သို့မဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ မိမိတာဝန်ဝတ္တရားကို မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် (သို့မဟုတ်) ထိုသို့ပြုစေတန်ရာသည့် အကြောင်းရင်းရှိလျှင် ထိုသူကို အများဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။

          ပုဒ်မ ၅၀၅ (ခ) မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်လာအောင် အများပြည်သူ ကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို အများဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

          တပ်မတော်၏ တရားစွဲခံရသူများထဲတွင် ဆရာတော်များ၊ သတင်းမီဒီယာများ၊ နိုင်ငံရေး ပါတီဝင်များ၊ နိုင်ငံရေး တက် ကြွ လှုပ်ရှားသူများ၊ တောင်သူများ၊ လူရွှင်တော်များအထိ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။

          ယမန်နေ့ကလည်း တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားလုံးများ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေသည့် စကားလုံးများပါဝင်နေသည့်အတွက်ဟု ဆိုကာ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ ၅ ဦးကို ပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ်တနှစ် ချမှတ်ခဲ့သည်။

          #IRWConstitution

          ဆက်စပ်လင့်ခ်

          ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၁ နှစ် ချမှတ်ခံရ

          တပ်မတော် တရားစွဲဆိုမှုများ ရုပ်သိမ်းရေး Blue Shirt Campaign ပြုလုပ်မည်

          ဂုဏ်သိက္ခာ ထိခိုက်သဖြင့် လူရွှင်တော်များကို တရားစွဲရသည်ဟု တပ်မတော် ပြော

          ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မရမ်းကုန်းတရားရုံးမှ ထောင်ဒဏ် ၁ နှစ်ချမှတ်

          Your Thoughts …
          Tags: ကဗျာဆရာ စောဝေပုဒ်မ ၅၀၅ (က)ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရှေ့နေဦးကြီးမြင့်
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          စာရေးဆရာမ ဒေါ်သန်းမြင့်အောင်  / ဧရာဝတီ

          ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

          by ဧရာဝတီ
          11 February 2022
          12.5k

          ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှာ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က...

          အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

          ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

          by ဧရာဝတီ
          30 January 2022
          5.5k

          အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

          ၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

          ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

          by ဧရာဝတီ
          14 May 2022
          13.7k

          အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်ကို စစ်ကောင်စီက လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။

          စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်  ပိုပို အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ

          လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

          by ဧရာဝတီ
          14 May 2022
          22.8k

          ပိုပိုက သူ့ဘဝအတွက် အရေးပါတဲ့အရာတွေကို တက်တူးအဖြစ် မှတ်တမ်းတင်ထားပြီး သူ့စီးရီး အခွေနာမည်တွေကိုပါ တက်တူးအနေနဲ့ မှတ်တမ်းတင် ထိုးတဲ့အထိ ဂီတကို ရူးသွပ်သူပါ။

          အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင်မြင်တွေ့ရသည့် အကယ်ဒမီ ပိုင်ဖြိုးသု / ဧရာဝတီ

          ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

          by ဧရာဝတီ
          25 March 2023
          8.3k

          စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆန်ခါတင်စာရင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ပုဒ်မ ၅၀၅-က ထုတ်ခံထားရသော၊ ထောင်ဒဏ်ကျခံနေရသော သရုပ်ဆောင်၊ ဒါရိုက် တာများ၏ ဇာတ်ကားများကိုပါ ထည့်သွင်းထားကြောင်း သိရသည်။

          သရုပ်ဆောင် မြတ်နိုးအေး  / Myat Noe Aye's Facebook

          အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော

          by ဧရာဝတီ
          6 April 2021
          30.4k

          “စိတ်ပူပေးတဲ့ တယောက်စီအတွက် ကျေးဇူးပါ။ ဘေးကင်းအောင် ရှင်သန်ပါ့မယ်” လို့ မြတ်နိုးအေးက ပြောထားပါတယ်။

          Next Post

          မကြာခင် ဖွင့်လှစ်တော့မယ့် တောအုပ်ထဲက ကျောင်းကလေး (ရုပ်/သံ)

          ဘိန်းစာရွက်ပြုတ်တိုက်သည့် ဓလေ့ ပပျောက်ရေးလှုံ့ဆော် (ရုပ်/သံ)

          ဘိန်းစာရွက်ပြုတ်တိုက်သည့် ဓလေ့ ပပျောက်ရေးလှုံ့ဆော် (ရုပ်/သံ)

          No Result
          View All Result

          Recommended

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          3 days ago
          8.4k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          2 weeks ago
          26.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved