• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်မဲမြို့အနီး နွားကားတစီး ပစ်ခတ်ခံရမှု တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

by ဒီလှိုင်းဝင်း
2 November 2019
in သတင်း
A A
ပစ်ခတ်ခံခဲ့ရသည့် နွားကား

ပစ်ခတ်ခံခဲ့ရသည့် နွားကား

9.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအနီး မန္တလေး-မူဆယ်လမ်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ မနက်ပိုင်းက နွားကားတစီး ပစ်ခတ်ခံခဲ့ရပြီး တဦး သေဆုံး၍ ၂ ဦး ဒဏ်ရာ ရရှိကာ နွား ၅ ကောင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 

ပစ်ခတ်ခံရသည့် နွားကားမှာ ကျောက်ဆည်မြို့က နွားတင်ပို့သည့် ကုမ္ပဏီတခုဖြစ်ကြောင်း သိရပြီး ပစ်ခတ်မှု၏ လက်သည်မှာ မည်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုတော့ မသိရှိရသေးကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့ က ဧရာဝတီသို့ ပြောသည်။ 

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
262
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
538
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
200

ကျောက်မဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦး က “ဖြစ်စဉ်ဖြစ်ပွားတာ မှန်ပါတယ်၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရသေးပါဘူး၊ လူတဦးသေဆုံးပြီး နွား ၅ ကောင်သေဆုံးတယ်၊ ပြီးတော့ ၂ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံးကို ပို့ထားပါတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံရသူများမှာ ကျောက်ဆည်မြို့နေသူများဖြစ်ပြီး ယာဉ်မောင်း ကိုမျိုးဝင်း (ခ) ကိုတင်ချိုဝင်းမှာ ဦးခေါင်းတွင် ၂ ချက်၊ တင်ပါးတွင် တချက်ထိမှန်ခဲ့ကာ ရရှိခဲ့သည့်ဒဏ်ရာကြောင့် နေရာတွင် သေဆုံးခဲ့ပြီး နွားထိန်း အဖြစ်လိုက်ပါလာသူ ကျော်ဆန်းဦးမှာ ဘယ်ဘက်လက် ကျည်ဆံထိမှန် ဒဏ်ရာရခဲ့သလို မောင်လှမှာ တင်ပဆုံ ကျည်ဆံ ထိမှန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရ၊ သေဆုံးသူများကို ကျောက်မဲမြို့မှ နမ့်ခုံးလူမှုကူညီရေးအသင်းက သွားရောက်၍ ကူညီသယ်ဆောင်ပေးမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင် အဖွဲ့များက ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေကြခြင်းကြောင့် ကျွဲနွားတင်ပို့သူများ စိုးရိမ်မှုမှုများ ဖြစ်ပေါ်နေလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူ တင်ပို့ရောင်းချသူများအသင်း က အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း က ပြောသည်။

ဦးကျော်ခိုင်ဝင်း က “ကျနော်တို့ နွားကားတွေ မကြာခဏ ပစ်ခတ်ခံနေရတယ်၊ ဘယ်သူကပစ်နေတာလဲဆိုတာ အခုထိ မသိရဘူး၊ ပစ်ခတ်မှုခံနေရတာကို နိုင်ငံတော်ဘက်က ကာကွယ်ပေးတာမျိုး မရှိဘူး၊ နောက်ပြီး ကျနာ်တို့က အစိုးရဆီမှာ တရားဝင်အခွန်ဆောင်ပြီး လုပ်နေကြတာ၊ ပစ်ခံရနေရတာနဲ့အတူ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက် ခံနေတာတွေကိုလည်း ပေးနေရတယ်” ဟု ပြောသည်။

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊  ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့များ လှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်မှုများပြုလုပ်နေမှုနှင့်ပက်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမှ ဝန်ခံခြင်း မရှိသော်လည်း ပစ်ခတ်ခံရမှုသည် လက်နက်ကိုင်အဖွဲ့များ၏ ငွေကြေးကောက်ခံမှုများနှင့် သက်ဆိုင်နေပြီး  ယခင်ကတည်းက ပစ်ခတ်မှုများရှိကြောင်း၊ ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၈ ဦးထက်မနည်း၊ ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိခဲ့ကြောင်း ကျွဲနွားတင်ပို့သူများ ထံက သိရသည်။

ခင်ဦးမြို့နယ်မှ နွားကုန်သည် ကိုစိုးမင်း က “နွားတွေကို တရားဝင်ခွင့်ပြုတဲ့အချိန်က မကြာခဏဆိုသလို သေနတ်နဲ့ အပစ်ခံနေရတာ၊ အခုလိုပစ်ခတ်ခံနေရာတာကို ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြဘူး၊ တရားဝင်ခွင့်ပြုချက်နဲ့ သွားတဲ့အချိန် ကတည်းက ပစ်ခတ်ခံနေရတာ ၁၅ ကြိမ်ထက် မနည်းရှိပြီ” ဟု ပြောသည်။

နိုင်ငံတော်အစိုးရက အသက် ၅ နှစ်နှင့်အထက် ကျွဲ၊ နွား အထီးများကို သင်းကွပ်၍ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချခွင့်ကို သတ်မှတ်အခွန်များ ပေးဆောင်စေကာ အစိုးရက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က စတင် ခွင့်ပြုပေးထားကြောင်း သိရသည်။

ကျွဲ၊ နွားကားများ ပစ်ခတ်ခံရမှုအနေဖြင့် ၁၆ ကြိမ်ခန့်ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့် ကလည်း ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ် တွင်  အမည်မသိ လက်နက်ကိုင် တစုက ပစ်ခတ်ခဲ့ခြင်းကြောင့်ယာဉ်မောင်းနှင့် နွားထိန်းအဖြစ်လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရ ရှိခဲ့သလို ကားပေါ်ပါ နွား ၁၈ ကောင်မှ ၄ ကောင်သေဆုံးခဲ့ကြောင်း၊ ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့များကလည်း ကျွဲ၊ နွားတင်ပို့သည့် ကားများကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိမှုများလည်း ရှိကြောင်း သိရသည်။

ကျွဲ၊ နွားများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် တင်ပို့သည့်အချိန်မှ လက်ရှိအချိန်ထိ ကျွဲနွားတင်ပို့သည့် ကားများကို ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ကားလမ်းပေါ်တွင်မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံနေရခြင်းများအပြင် လက်နက်ကိုင်အဖွဲ့များ၏  ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခံနေခြင်းများကိုလည်း ပြုလုပ်ခံနေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်မှ ကိုသန့်ဇင်ဝင်းက “အခုလိုဖြစ်နေတဲ့ ကိစ္စတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးကနေလုပ်တဲ့ ပြည်ထောင်စုအဆင့်က လူကြီးတွေနဲ့ ကျနော်တို့နဲ့ တွေ့တဲ့ အစည်းအဝေးမှာတင်ပြပါတယ်၊ သူတို့ပြောတာက တောဘက်နဲ့ အဆင်မပြေရင်၊ မပေးချင်ဘူး ဆိုရင် ဒီအလုပ်ကို မလုပ်နဲ့၊ မသွားကြနဲ့လို့ပဲ ပြောနေတာ၊ သူတို့လည်း လက်နက်ကိုင်တွေနဲ့ ညှိနေတာ မရဘူးလို့ပဲ ဖြေပါတယ်” ဟု ပြောသည်။

တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံနေမှုနှင့် ပက်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားမှုများ ယနေ့အချိန်ထိ မရှိဘဲ သတင်းပေး တိုင်ကြားလာလျှင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်ပေးသင့်သည်များကို လုပ်ဆောင်ပေးမည်ဟု ပြောကြားထားသည်။

ပြည်ပသို့ ကျွဲ၊ နွားများ တင်ပို့ရောင်းချခြင်း လုပ်ငန်းကို မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးများရှိ နွားမွေးတောင်သူများနှင့် နွားမွေးမြုရေး ကုမ္ပဏီများက လုပ်ဆောင်နေကြခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်ဒေသကြီး ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ တန့်ဆည်၊ ရွှေဘိုနယ်က အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

ယခုအခါ ကျွဲနွားတင်ပို့သည့် ကားများ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်သွား ကားလမ်းပေါ်တွင် မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံနေရခြင်းနှင့် ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံနေရမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများထံ စာတင်သွားရန်ရှိကြောင်းစစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူ တင်ပို့ရောင်းချသများအသင်း က သိရသည်။

၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွှွက်မှု ကိန်းဂဏန်း အရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်းရှိပြီး အစိုးရက တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင်တရားဝင် တင်ပို့ခွင့်ပြုခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ရရှိထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

You may also like these stories:

KIA က နွားကားမောင်းသူကို ပြန်ပေးဆွဲပြီး ပိုက်ဆံတောင်း

အစိုးရကို အခွန်၊ သူပုန်ကို ဆက်ကြေးပေးနေရသော်လည်း ကျွဲနွား ကုန်ကားများ လုံခြုံမှု မရှိ

Your Thoughts …
Tags: ကျောက်မဲနွားကားပစ်ခတ်ခံရမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

by ဧရာဝတီ
28 June 2024
7.2k

NUG ကတော့ ရှမ်း-မန်းလို့တော့ ပြောတာပေါ့နော်၊ ကျနော်ကတော့ နောင်ချိုကို တိုက်တဲ့အနေအထားက ကျောက်ဂူ၊ အင်တောကနေတဆင့် ရပ်စောက် ရှမ်းတောင်ပေါ့နော်၊ ရှမ်းတောင်ကနေမှတဆင့် ကရင်နီဘက်အထိ ထိုးဖောက် ချိတ်ဆက်သွားနိုင်တယ်လို့ မြင်ပါတယ်

စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

by သူရမောင်
29 November 2023
6.4k

ကျောက်မဲအထွက် အေရှားဝေါ တိုးဂိတ်ထဲမှာရောက်ရှိနေတဲ့ စစ်ကြောင်းကို TNLA ဘက်က နိုဝင်ဘာလ ၂၇ ညနေ ၅ နာရီခန့်မှာ နာရီဝက်အကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး

ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
6 August 2024
4.1k

လတ်တလော ကျောက်မဲမြို့ပေါ် ဖုန်း ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်နေဆဲဖြစ်ပြီး လျှပ်စစ်မီးလည်းပြတ်တောက်နေကာ သောက်သုံးရေများ အလုအယက်ဝယ်ယူနေရကြောင်း

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

by ဧရာဝတီ
12 November 2023
3.2k

ကျင်တီတံတားတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ကျောက်မဲမြို့ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁) မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဆက်တိုက်ပစ်ခတ်နေကြောင်း

မိုင်းငေါ့မြို့သိမ်းတိုက်ပွဲအပြီး ကျောက်မဲဒေသခံတချို့ မြို့ကို စွန့်ခွာလာ

မိုင်းငေါ့မြို့သိမ်းတိုက်ပွဲအပြီး ကျောက်မဲဒေသခံတချို့ မြို့ကို စွန့်ခွာလာ

by ဧရာဝတီ
10 January 2024
2.4k

မိုင်းငေါ့မြို့ကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်း အဖွဲ့များ သိမ်းပိုက်ပြီးနောက် နယ်မြေချင်းထိစပ်နေသည့် ကျောက်မဲမြို့နေလူထု အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိကာ မြို့အား စွန့်ခွာတိမ်းရှောင်

ရှမ်းမြောက် တိုက်ပွဲများ ပြန်ဖြစ်

ရှမ်းမြောက် တိုက်ပွဲများ ပြန်ဖြစ်

by ဧရာဝတီ
25 June 2024
2.3k

ဟိုင်ဂင်သဘောတူညီချက်အပေါ် စစ်တပ်လိုက်နာနိုင်မှုအား သံသယရှိပြီး တအာင်းဒေသအတွင်း အချိန် မရွေး တိုက်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် လုံခြုံရေး၊ စားနပ်ရိက္ခာတို့ ကြိုတင် ပြင်ဆင်ကြရန်

Next Post
မြန်မာတွေနှစ်သက်မယ့် ကိုရီးယားစတိုင်ပုစွန်ပဲငံပြာရည်စိမ်

အရသာထူးခြားတဲ့ ကိုရီးယားစတိုင် ပုစွန်ပဲငံပြာရည်စိမ်

Fortuna’s Eye ရုပ်ရှင်

သေခါနီးလူတွေကို ဖောက်ထွင်းကြိုမြင်နိုင်တဲ့ “Fortuna’s Eye”

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate