သတင်း

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရသည် ၎င်း၏ တာဝန်ဝတ္တရားများကို လွဲရှောင်မည် မဟုတ်ကြောင်းနှင့် လက်တွေ့ကျပြီး မျှတသည့်နည်းလမ်းဖြင့် ထိုပြဿနာကို ချဉ်းကပ်သည့် မိတ်ဆွေများနှင့်အတူ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ရိုဟင်ဂျာနှင့် ပတ်သက်သည့်မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ဘန်ကောက်တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် ASEAN-UN ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေသော ဒုက္ခသည်များ ဘေးကင်းလုံခြုံ ဆန္ဒအလျောက် သိက္ခာရှိစွာ ပြန်လည်ပို့ဆောင်ရေး လိုအပ်သော အခြေအနေများ ဖန်တီးရန် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်းပြောခဲ့သည်။

“မြန်မာအစိုးရဟာ အစိုးရက ကာကွယ်ပေးရမယ့်သူတွေအားလုံးရဲ့ လုံခြုံရေးနဲ့အခွင့်အရေးတွေကို စောင့်ရှောက်ဖို့ တာဝန်ကို ရှောင်ရှားမှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုအခမ်းအနားတွင်ပင် ပရိသတ်များကိုပြောသည်။

ရခိုင်ပြည်နယ်ပြဿနာသည် လွန်စွာရှုပ်ထွေးသည့် ပြဿနာဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများသည် ထိုဒေသသို့ရောက်ရှိနေသည့်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ယူသည်ကာလ ထက်ဆယ်ဆပိုမိုကြာနေပြီဖြစ်သောကြောင့် ထို့ကြောင့် အခြေအနေ၏ ရှုပ်ထွေးမှုကို တစုံတရာနားလည်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်စုကြည်က ဂူတာရက်၏ မှတ်ချက်ကို တုံ့ပြန်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ချုပ်ဆိုထားသော နှစ်ဖက်သဘောတူညီမှု၊ ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများဖြစ်သော UNHCR နှင့် UNDP တို့နှင့်ချုပ်ဆိုထားသော သုံးဖက် သဘောတူစာချုပ်များနှင့်အညီ အတည်ပြုနိုင်သော ပြန်လာသူများကို လက်ခံရန် မြန်မာနိုင်ငံက အပြည့်အဝဆုံးဖြတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပြီး ထိုပြဿနာတွင်ကူညီသောကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN၊ ASEAN အတွင်းရေးမှူးချုပ်ရုံး၊ ASEAN သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီညှိနှိုင်းရေးဌာနတို့အားကျေးဇူးတင်ကြောင်း ပြောသည်။

ထိုနောက်မြန်မာနိုင်ငံသည် လက်တွေ့ကျပြီး မျှတသည်နည်းလမ်းဖြင့် ရခိုင်ပြည်နယ်မှုပြဿနာများကို ချဉ်းကပ်သည့်မိတ်ဆွေများနှင့်အတူ လုပ်ကိုင်သွားရန် မြန်မာနိုင်ငံ၏ ရည်ရွယ်ချက်ကိုလည်း ထပ်မံအတည်ပြုပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လက အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့(ARSA) ကလုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ပြီးနောက် ပြုလုပ်သော မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူ ၇၃၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်။ ARSA ကိုအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။ ကုလသမဂ္ဂက ထိုအကျပ်အတည်းသည် လူမျိုးစုသုတ်သင်မှုအတွက် ဖတ်စာအုပ်ပါ ဥပမာဖြစ်သည်ဟုပြောပြီး နိုင်ငံတကာလေ့လာသူများက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဖေါ်ပြသည်။ မြန်မာနိုင်ငံက ထိုအသုံးအနှုန်း ၂ ခုလုံးကို ပယ်ချသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသည် ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေး သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖေါ်မှု အကြိမ်ကြိမ်ပျက်ကွက်နေပြီး ထိုနှောင့်နှေးမှုအတွက် တဖက်နှင့်တဖက် အပြစ်တင်နေကြသည်။

လွန်ခဲ့သောအပတ်ကပြန်လာသည့် ၄၆ ဦးအပါအဝင် ယခုအချိန်အထိ နှစ်နိုင်ငံသဘောတူစာချုပ်အရမဟုတ်ဘဲ ဆန္ဒအလျှောက်ပြန်လာသူ ၃၉၇ ဦးသာရှိသေးသည်။ ထိုဒုက္ခသည်များ နယ်စပ်မှ ခြေလျှင်ဖြစ်စေ၊ လှေဖြင့်ဖြစ်စေ ပြန်လာကြသည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အဆိုအရ သိရသည်။

You May Also Like These Stories:

အာဆီယံ အဖွဲ့နဲ့ လူ့အခွင့်အရေး 

ဘက်မလိုက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောစကားကို မြန်မာ ကန့်ကွက် 

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည် ၄၀ ကျော် ထပ်ဝင်လာ 

Did you find apk for android? You can find new Free Android Games and apps.
Loading