မြန်မာရေတပ်က နောက်ဆုံးဝယ်ယူထားသော မုတ္တမအမည်ရှိ ဘက်စုံထောက်ပို့သင်္ဘောသည် ရုရှားနိုင်ငံ ဗလာဒီဘော့စတော့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ကြောင်း ဒေသခံမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
ထိုရေယာဉ်၏ ဓါတ်ပုံအများအပြားကို VL.ru Novosti Vladivostok (News Vladivostok) အမည်ရှိ ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။
ထိုရေယာဉ်ကို တောင်ကိုရီးယားမှ ဒေဆွန် သင်္ဘောတည်ဆောက်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီ DAE SUN Shipbuilding & Engineering Co., Ltd က တည်ဆောက်ခဲ့သည်။ ထိုရေယာဉ်အတွက် ကန်ထရိုက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်နိုင်သော်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လက ဘူဆန်တွင် သင်္ဘောဖွင့်ပွဲလုပ်မှသာ အများပြည်သူသိရှိခြင်းဖြစ်သည်။
ယခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ အပ်နှံသည်။ ယခုအခါ ထိုသင်္ဘောသည် တောင်ကိုရီးယားမှ မြန်မာသို့ ခရီးတွင် ပထမဆုံး ရုရှားတွင် ဆိုက်ကပ်ခြင်းဖြစ်သည်။
သင်္ဘော၏ ဒီဇိုင်းမှာ တောင်ကိုရီးယားနိုင်ငံက အင်ဒိုနီးရှားရေတပ်အတွက် တည်ဆောက်ပေးသည့် Makassar အတန်းအစားသင်္ဘောအပေါ်အခြေခံသော်လည်း အမြင်အရဆိုပါက ဖိလစ်ပိုင်ရေတပ်မှ Tarlak အတန်းအစားနှင့်တူနေသည်။
ထိုပုံစံသင်္ဘောမျိုးကို အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ်ပိုင်နှင့် မြန်မာအတွက် ၁၀ စီးသာ တည်ဆောက်ရသေးသည်။ သင်္ဘောမှာ အလွန်ဈေးနှုန်းသင့်သည်ဟု ဆိုသည်။
ထိုရေယာဉ်သည်အလျှား ၁၂၂ မီတာနှင့်အနံ ၂၂ မီတာရှိပြီး ရေဖယ်ထုတ်နိုင်သောပမာဏမှာ ၁၁၃၀၀ တန်ရှိသည်။ ပင်လယ်ပြင်တွင် ရက်ပေါင်း ၃၀ နေနိုင်ပြီး ရေမိုင် ၈၆၀၀ အကွာအဝေးအထိသွားနိုင်သည်။ ယင်းသည် မြန်မာရေတပ်၏ အကြီးဆုံးသဘောင်္ဖြစ်သည်။
မုတ္တမကို ကုန်း-ရေ ပူးပေါင်းစစ်ဆင်ရေး၊ တပ်ဖွဲ့သယ်ယူပို့ဆောင်ရေး၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးတို့အတွက် သုံးရန် ပုံစံထုတ်ထားသည်။ ထိုရေယာဉ်တွင် ကုန်းပတ်အနိမ့်တခုနှင့် ရဟတ်ယာဉ်ကွင်းနှင့်ထားရန်နေရာ ၂ ခုပါဝင်သည်။
ယခု ခရီးစဉ်သည် မြန်မာရေတပ်ရေယာဉ်တစီးအနေဖြင့် ဗလာဒီဘော့စတော့သို့ ပထမဆုံးလာရောက်ခြင်းဖြစ်သည်။
You May Also Like These Stories:
ဘင်္ဂလားပင်လယ်အော်မှ ကီလိုရေငုပ်သင်္ဘော သက်ရောက်မှု
တရုတ် စစ်ရေးပြ အခမ်းအနားသည် အမေရိကန်နှင့် ထိုင်ဝမ်ကို ရည်ရွယ်