• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ

by ထက်နိုင်ဇော်
6 November 2019
in သတင်း
A A
၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးစိုးထွန်းရှိန် / မိုးမိုး / ဧရာဝတီ

၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးစိုးထွန်းရှိန် / မိုးမိုး / ဧရာဝတီ

27.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်တွင် ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လက်ရ ဖမ်းမိပြီ ဖြစ်ကြောင်း နေပြည်တော်မှ ရဲအရာရှိ တဦးက အတည်ပြုသည်။

ယနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ ၊ တာချီလိတ်ဘက်ရှိ ဆက်ဆံရေး ရုံးတွင် ဦးစိုးထွန်းရှိန်ကို မြန်မာဘက်က လွှဲပြောင်းလက်ခံခဲ့ပြီး မန္တလေးသို့ လေယာဉ်ဖြင့် ခေါ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
801
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
105
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.7k

“တာချီလိတ်ကနေ မန္တလေးကို လေယာဉ်နဲ့ပို့ဖို့ လုပ်နေတယ်။ အဲဒီကနေ ဘာဆက်လုပ်မလဲ ဆိုတာတော့ မသိရသေး ဘူး။ အခုလွှဲပြောင်း ရယူလိုက်တာလဲ နယ်မြေခံ ရဲတွေတောင် မပါဘူး။ အပေါ်က ဆင်းလုပ်တာ”ဟု အထက်ပါ နေပြည်တော်မှ ရဲအရာရှိက ပြောပြသည်။

ထိုသို့ ဖမ်းမိထားသည့် ဦးစိုးထွန်းရှိန်အား မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရုံးသို့ ပို့ဆောင် စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲအထူးသတင်းတပ်ဖွဲ့မှ ရဲအရာရှိတဦး ကလည်း ဧရာဝတီသို့ ပြောသည်။

ရန်ကုန်အခြေစိုက် မြန်မာနောင်း သတင်းဌာနက ဦးစိုးထွန်းရှိန်ကို ဘန်ကောက်တွင် မြင်ခဲ့ရကြောင်း သတင်း ထုတ်ဖော်ရေးသားခဲ့ပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားခံပြေး ကြေညာခံထားရသူ ဦးစိုးထွန်းရှိန် ဖမ်းဆီးရမိရေး ဆောင်ရွက်မည် ဖြစ်ကြောင်း နေပြည်တော်တွင် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့ဖူးသည်။

ဦးစိုးထွန်းရှိန်သည် ၎င်းပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်း မြို့နယ် တွင် မြေဧက ၆၀၀၀ ကျော် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿချိန်များ ကို ပေးသွင်းမှု မရှိသည့်အပြင် တရားမဝင် တူးဖော်မှုများ ပြုလုပ်သည်ဟု ဆိုကာ သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့် ခံထားရခြင်း ဖြစ်သည်။

ရမည်းသင်း မြို့မရဲစခန်းတွင် ဦးစိုးထွန်းရှိန်အား မြန်မာ့ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် တရားစွဲဆို ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် မတ်လအတွင်း တရားခံပြေး ကြေညာခဲ့သည်။

ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယနေ့ နေ့လယ်ပိုင်းတွင် လွှဲပြောင်းခဲဲ့ခြင်း ဖြစ်ပြီး လေကြောင်း ခရီးဖြင့် မန္တလးသို့ ဆက်လက် ပို့ဆောင်မည် ဖြစ်ကြောင်း နယ်စပ်အခြေစိုက် ရွှေတြိဂံ ဒေသ သတင်းလွှာ၊ TACHILEIK Nwes Agency နှင့် Mekong News တို့ကလည်း သတင်းများ ဖော်ပြထားသည်။

ဧရာဝတီမှ အကြီးတန်းသတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်

You may also like these stories:

မိုးထိ မိုးမိ လုပ်ကွက် အတွင်း အဂတိ လိုက်စားမှု ရှိ မရှိ စစ်ဆေးနေ

အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်

Your Thoughts …
Tags: ဦးစိုးထွန်းရှိန်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္မဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန် /  မိုးမိုး  / ဧရာဝတီ

အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်

by ထွန်းထွန်း
7 December 2018
13.6k

ကမ္ဘာ့ရတနာဘဏ်က လိမ်လည်မှုဖြင့် တိုင်ကြားမှုအပေါ် တရားလိုနှင့်သက်သေများအား ခေါ်ယူစစ်ဆေးမှုကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ်ရုံးထုတ်စဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

ဦးစိုးထွန်းရှိန် တတိယအကြိမ် ရုံးထုတ် ရွှေလုပ်ကွက် ရရှိခဲ့မှုကို စစ်မေး

by ဒီလှိုင်းဝင်း
26 November 2019
35.9k

သတ္တုတွင်း ဥပဒေဖြင့် ရမည်းသင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် အမျိုးသား ကြီးပွားတိုးတက် ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့ တတိယ အကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုအား လုပ်ကွက်နှင့် ပတ်သက်၍ စစ် ဆေးခဲ့ကြောင်း ရမည်းသင်း...

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်  / ဇော်ဇော် / ဧရာဝတီ

ဦးစိုးထွန်းရှိန်အမှု ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥပဒေ ကို သက်သေခံအဖြစ် လျှောက်ထား

by ဧရာဝတီ
25 December 2019
16.8k

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ သတ္တုတွင်းနည်းဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် တရားစွဲထားသော အမှုတွင် ၎င်း၏ ရှေ့နေဖြစ်သူက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် နည်းဥပဒေပုဒ်မ ၉၄...

ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည် စုံညီသြဝါဒါ ခံယူပွဲ ယနေ့ကျင်းပစဉ်  / ဧရာဝတီ

မဘသ အမည်ပြောင်းအဖွဲ့ထံ ရန်ကုန်တိုင်း စစ်ဌာနချုပ် ငွေကြေး ထောက်ပံ့လှူဒါန်း

by ထွန်းထွန်း
17 June 2019
83.2k

အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပခဲ့သည့် ယင်းညီလာခံသို့ သံဃာ တထောင်ကျော် တက်ရောက် ခဲ့ပြီး ယနေ့ နေ့ဆွမ်းအား ဦးစိုးထွန်းရှိန်က လှူဒါန်းကြောင်းလည်း အခမ်းအနားတွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံမှ ဖမ်းဆီးလာပြီး တာချီလိတ်လေဆိပ်တွင် ထီးများဖြင့် မိုးကာ ခေါ်ယူသွားသည့် ဦးစိုးထွန်းရှိန် / ရွှေတြိဂံ သတင်းလွှာ

ဦးစိုးထွန်းရှိန်ကို ချုပ်ရမန်ယူ

by ဒီလှိုင်းဝင်း
7 November 2019
16.8k

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်ရှောင်နေရာက ဖမ်းဆီးရမိခဲ့သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရမည်းသင်းမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူခဲ့သည်။

ရမည်းသင်းမြို့နယ်တရားရုံးတွင် ယနေ့တွေ့ရသည့် ဦးစိုးထွန်းရှိန် / သီဟလွင် / ဧရာဝတီ

နိုင်ငံခေါင်းဆောင်များ အနေဖြင့် အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေလို့ ဦးစိုးထွန်းရှိန်ပြော

by ကျော်မျိုး
24 February 2020
9k

အစိုးရသို့ ပေးရန်ရှိသည့် ရွှေများကို ပေးသွင်းရန် ကိစ္စနှင့် ပတ်သက်၍လည်း ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းက လည်း မန္တလေးတိုင်း တရားလွှတ်တော်တွင်လည်း တရားမကြောင်းအရ တရားစွဲဆိုထားသည်။

Next Post
Xiaomi ရဲ့ ပထမဆုံး စမတ်နာရီ "Mi Watch"

Xiaomi ရဲ့ ပထမဆုံး စမတ်နာရီ "Mi Watch" ကို တရားဝင် မိတ်ဆက်

CJ Myanmar အလုပ်သမားအခွင့် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (MICS) မှ လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်ကရှင်းလင်းပြောကြားနေစဉ် / ငြိမ်းဇော် /  ဧရာဝတီ

CJ Myanmar တိရစ္ဆာန် အစာထုတ်စက်ရုံ အလုပ်ရှင် အလုပ်သမားပြဿနာ ပြေလည်မှုရ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate