အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲဆိုထားသည့် ရခိုင်အသင်း(စင်ကာပူ) အဖွဲ့ဝင်များ အမှုတွင် ရက္ခိုင် စစ်တပ် (AA)နှင့် ပတ်သက်သည့် သက်သေခံနှစ်ခုနှင့် လိပ်စာကတ်ပြား တခုတို့ကို သက်သေခံအဖြစ် ယနေ့ တရားခွင်တွင် တင် သွင်းရာ တရားရုံးက လက်ခံလိုက်သည်။
တင်သွင်းသည့် သက်သေခံ ပစ္စည်းများမှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် ပြည်သူ့လွှတ်တော် အစည်း အဝေးမှတ်တမ်းနှင့် ၂၀၁၉ခု နိုဝင်ဘာ ၅ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတို့အပြင် အမှုတွင် ပါဝင်သည့် မြတ်လင်းဦး၏ အမည်နှင့် ဖုန်းနံပါတ်ပါ ကတ်တခုတို့ကို မြတ်လင်းဦး၏ ရှေ့နေ ဦးကျော်မျိုးထွန်းက တင်ပြခဲ့ခြင်းဖြစ်သည်။
ရှေ့နေ ဦးကျော်မျိုးထွန်းက “ကိုမြတ်လင်းဦးက တက္ကစီမောင်းသမား တဦးဖြစ်တဲ့ အတွက် သူ့ရဲ့ကတ်လေးကို သက်သေခံတင်တယ်၊ ဒါကို တရားရုံးက လက်ခံလိုက်တယ်၊ နောက်တပတ်ရုံးချိန်းမှာတော့ တရားလို ရဲမှူး တင့်ရွှေကိုစစ်တာ ပြီးမှာ ပါ”ဟု ပြောသည်။
သက်သေခံတင်သွင်းသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး မှတ်တမ်းတွင် မိတ္ထီလာမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာမောင်သင်းက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မ တော် KIA၊ တအန်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)အဖွဲ့များ၏ တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ် သည်။
ယင်းအဆိုဆွေးနွေးမှုတွင် တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့သည့် KIA ၊TNLA၊ MNDAA၊ ရက္ခိုင်စစ်တပ် AA အဖွဲ့များအား အကြမ်း ဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့က ရှင်းလင်း ဆွေးနွေးခဲ့ သော်လည်း လွှတ်တော်၌ မဲခွဲရာ ကန့်ကွက်မဲများသည့်အတွက် ယင်းအဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
နောက်ထပ် သက်သေခံဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသားများ ပါဝင်သည့်အဖွဲ့အား AA မှ ဖမ်းဆီးခေါ်ဆောင် မှု သတင်းတပုဒ် ဖော်ပြထားပြီး AA အား အကြမ်းဖက်အဖွဲ့အဖြစ် သုံးနှုန်းရေးသားထားခြင်း မရှိသည် ကို တွေ့ရသည်။
တပ်မတော်ဘက်ကတော့ AA နှင့်ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သာ ပြောဆို ထုတ်ပြန်လေ့ရှိ သည်။
အမှုနှင့်ပတ်သက်၍ ယနေ့တရားခွင်တွင် အမှုမှ တရားလိုဖြစ်သူ ရဲမှူးတင့်ရွှေအား စွပ်စွဲခံထားရသူများ၏ ရှေ့ နေက စစ်မေးခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့ ရုံးချိန်းတွင်လည်း ရဲမှူးတင့်ရွှေကိုသာ ဆက်လက် စစ်မေးမည်ဖြစ် သည်။
ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့အနေဖြင့် ဧပြီ ၇ ရက်နေ့က AA တည်ထောင်ခြင်း ၁၀ နှစ်ပြည်အခမ်းအနားအား စစ်ဝတ်စုံများ ဝတ်ဆင်ကာ သရုပ်ဖော်မှုများဖြင့် ကျင်းပခဲ့သည့်အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အွန်လိုင်းမှတဆင့် ဗီဒီယို Call ခေါ်ဆိုကာ မိန့်ခွန်းနားထောင်ခြင်းများပြုလုပ်ခဲ့သည့်အတွက် စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရကာ မြန်မာနိုင် ငံ ပြန်အရောက်တွင် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုအောင်မြတ်ကျော်(AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ) အပါ ၈ ဦးနှင့် တိမ်းရှောင်နေ သူ ကိုသန်းထွန်းနိုင်ပါ ၃ ဦးတို့အား အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ရဲမှူးတင့်ရွှေက တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းပြင် ရာဇဝတ်ကြီးအမှုအမှတ် (၈၇/၂၀၁၉)ဖြင့်လည်း ကိုအောင်မျိုးဝင်း(ခ)မျိုးဝင်းနှင့် တိမ်းရှောင်နေသူ ကို ကျော်ဟန်ပါ ၃ ဦးတို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် သီးခြားအမှုဖွင့်ကာ တရားစွဲဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များ အမှု “မြောက်ဦးစစ်တမ်း” စာအုပ် သက်သေခံဝင်
အမျိုးသားစာပေဆုရ “မြောက်ဦးစစ်တမ်း”စာအုပ် သက်သေခံဝင်မဝင် ဆုံးဖြတ်မည်
ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို
ရခိုင် အသင်း (စင်ကာပူ) အမှုတွင် ၁၆၀ ကျော် ထပ်ဖမ်းရန် ရှိဟု ဆို
ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ