• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် ငါးသည်လှေ သေနတ်ပစ်ခံရမှု အမျိုးသမီးတဦး သေဆုံး

by မင်းအောင်ခိုင်
10 November 2019
in သတင်း
A A
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဒေါ်ဦးခင်သန်း  / ခိုင်စံလင်း (fb )

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဒေါ်ဦးခင်သန်း / ခိုင်စံလင်း (fb )

38.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာက ဇနီးမောင်နှံ ၂ ဦးမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်  ၈ နာရီကျော်အချိန်ခန့်က ၎င်းကျေးရွာအနီးရှိ ရွာသာယာ ကျေးရွာသို့ ဟွန်ဒါ စက်တပ် လှေဖြင့် ငါးရောင်းပြီး အပြန်တွင် တပ်မတော် စစ်ကြောင်းက သေနတ်ဖြင့် လှမ်း၍ ပစ်ခတ်လိုက်သည့်အတွက် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ  ပစ်ခတ်ခံရသည့်  ဇနီးမောင်နှံမှာ အသက် ၃၅ နှစ်အရွယ်  ဦးမောင်လှအေးနှင့် ဇနီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ် ဦးခင်သန်းတို့ ဖြစ်ပြီး ဇနီးမှာ သေနတ်ဒဏ် ရာဖြင့် လှေပေါ်တွင် သေဆုံးသွားခဲ့ကြောင်း  ကာယကံ ရှင် ဖြစ်သူ ဦးမောင်လှအေးက ပြောသည်။ 

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
246
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
287
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
484

ဦးမောင်လှအေးက “ကျနော်တို့ ၂ ယောက် ရွာသာယာရွာသို့ ငါးသွားရောင်းပါတယ်။ အဲဒီရွာမှာ စစ်သားတွေက အိမ်ထောင်စု စာရင်းတွေ စစ်နေပါတယ်။ ကျနော်တို့ကိုလည်း မေးတယ်။ ဘယ်ရွာကလဲ၊ နာမည်တွေ မေးပါတယ်။  ကျနော်တို့က ဆင်းရဲသားတွေပါ ငါးလာရောင်းတာလို့ ပြောတယ်။ သူတို့လည်း ဘာမှ မလုပ်ပါဘူး။ ကျနော်တို့ စက်လှေနဲ့ ပြန်လာပြီး။ အဲဒီမှာ ရွာထိပ်က စစ်သားတွေက လှမ်းပစ်ပါတယ်။ သူတို့ လှမ်းခေါ်လား၊ မခေါ်လား ဆိုတာ စက်သံနဲ့ ကျနော်ကြားလည်း မကြာဘူး။ ကျနော်တို့မှာ အပြစ်မရှိတော့ ဒီလို ပစ်မယ်မှန်းလည်း မထင်လို့ ပြန်လာကြတာပါ” ဟု ဧရာဝတီသို့ ပြောသည်။ 

ထိုသို့ ပစ်ခတ်ခံရပြီး ဦးမောင်လှအေးမှာ ဇနီးသည် ကျည်ဆန်ထိမှန်ခြင်းကို မသိသည့်သဖြင့် ဟွန်ဒါစက်လှေအား ဆက်လက်မောင်းနှင်လာကြောင်း၊ လှေဦးပိုင်းတွင် လိုက်ပါ လာသော ဇနီးမှာ နောက်ကို တဖြည်းဖြည်း လဲကျသွားသည့် အချိန်မှ ကျည် ဆန် ထိမှန်ခြင်းကို သိရှိရကြောင်း ၎င်းက ပြောသည်။  

မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ကာယကံရှင်တွေ ပြောပြတာကတော့  ယိုးချောင်းထဲက ရွာသာယာကို ငါးရောင်းဖို့ သွားတာမှာ အဲဒီရွာမှာ ရှိတဲ့တပ်က ဆိပ်ကမ်းဖောင်တော်ကနေ လှမ်းပစ်တယ်လို့ ပြောတယ်။ မယားက စက်လှေပေါ်မှာပဲ  သေဆုံးသွားတယ်။ လင်ကတော့ ကျည်ချော်တဲ့ ဒဏ်ရာ အနည်းငယ် ရတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။ 

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဧရာဝတီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ  ၎င်းဖြစ်စဉ်ကို မသိသေးကြောင်း ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော် အဲဒီ သတင်းကို မကြားမိသေးဘူးဗျ။ မေးကြည့် လိုက်မယ်နော” ဟု  ဧရာဝတီသို့ ဖြေကြားသည်။

စစ်ရေးပဋိပက္ခပြင်းထန်နေသော ရခိုင်ပြည်နယ်အတွင်း  တပ်မတော်က မသင်္ကာမှုဖြင့် ပစ်ခတ်သည့် အတွက် ကျေးရွာသားများမှာ သေဆုံး၊ ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားသကဲ့သို့ ရက္ခိုင့်တပ်မတော် (AA) ၏ ပြန်ပေးဆွဲမှု ဖမ်းဆီးသတ်ဖြတ်မှုများကိုလည်း ကြုံနေကြရသည်။ 

ယခုဖြစ်စဉ်တွင်  မသင်္ကာဖွယ်ရာ ကောင်းလောက်အောင် အချိန်အခါနှင့် အခြေအနေ မရှိကြောင်း၊ တဘက်တွင်လည်း တရားဥပဒေ စိုးမိုးမှု မရှိသည့်အခြေအနေကြောင့် တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိဘဲ ယခုကဲ့သို့  ဖြစ်ပျက်နေသည့် အခြေအနေများ ကအလွန် စိုးရိမ်စရာ ကောင်းကြောင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

ဦးဖေသန်း က  “စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့  မသင်္ကာမှုဖြင့် ပစ်ခတ်ခံရတာတွေ တော်တော်များများဖြစ်နေတယ်။ အခု အခြေအနေကတော့ လှေပေါ်မှာ ယောင်္ကျားတွေ ၅ ယောက်၊ ၆ ယောက်ပါလာတာလဲ မဟုတ်ဘူး။ ယုန်ထင်၊ ကြောင်ထင် ဖြစ်လောက်အောင် မသင်္ကာဖြစ်စရာ အနေအထားလည်း မရှိဘဲ  ဒီလို ပစ်ခတ်တာတော့ မဖြစ်သင့်ဘူး” ဟု ဧရာဝတီသို့ ပြေသည်။

လက်ရှိအချိန်တွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဆေးစစ်ချက်များ ရယူရန်  ဝက်ရူးကျေးရွာမှနေ စက်လှေဖြင့် မြေပုံမြို့သို့ သယ်ယူလာ ကြောင်း ကျေးရွာသားများက ပြောသည်။

You may also like these stories:

ကျောက်တော်တွင် မြေမြှုပ်မိုင်းကွဲ၍ အရပ်သား  ၁ ဦးထိမှန်

ဘူးသီးတောင် ဆင်သည်ပြင်ရွာသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးဟုဆို

ရွှေနဒီ ရေယာဉ်ပေါ်မှ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများ ထိန်းသိမ်းစစ်ဆေးခံနေရ

Your Thoughts …
Tags: မြေပုံမြို့နယ်ရခိုင်ပြည်နယ်သေနတ်မှန်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
အချုပ်သား ထွက်ပြေးမှုဖြစ်ပွားခဲ့သည့် ပုသိမ်မြို့ နယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်က အချုပ်သား ၃ ဦးထွက်ပြေးမှု ရဲ ၅ ဦး အချုပ်ထဲရောက်

ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဟာ ၂ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖုန်းဈေးကွက် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် အတက်ပြ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.2k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4.1k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate