• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်

by ထက်ခေါင်လင်း
15 November 2019
in သတင်း
A A
ယနေ့ ရုံးထုတ်လာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမ / ထက်ခေါင်လင်း / ဧရာဝတီ

ယနေ့ ရုံးထုတ်လာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမ / ထက်ခေါင်လင်း / ဧရာဝတီ

17.7k
VIEWS
Share on FacebookShare on Twitter

ရက္ခိုင် စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့အား အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကို လက်ခံလိုက်ကြောင်း ယနေ့တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးမိုးဆွေက ပြောသည်။

အဆိုပါ အမှု လက်ခံလိုက်ခြင်းမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ စုံစမ်းချက်များ အရ တရားစွဲတင်သည့် အချက်ကိုသာ လက်ခံခြင်းဖြစ်ပြီး တရားစွဲဆိုမှု ခိုင်လုံခြင်း၊ မခိုင်လုံခြင်းကို ပြောခွင့် မရှိသေးကြောင်း၊ မိမိတို့အနေဖြင့် အမှုစစ်ဆေး ပေါ်ပေါက်ချက်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
181
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
261
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
26

ဦးမိုးဆွေက “နောင် စွဲတင်လာမယ့် အခြေအနေရောက်ရင် ဥပဒေနဲ့အညီ ကျနော်တို့က ဆက်လက် ဆောင်ရွက်မှာပါ။ ဒီနေ့ ရမန်ပေးလိုက်တာကလည်း ဥပဒေနဲ့ အညီ ဒီအမှုနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း ထုချေလို့ ရပါတယ်။ ရှေ့နေ ရှေ့ ရပ်တွေနဲ့လည်း အမှုကို ခုခံချေပပိုင်ခွင့် အခွင့်အရေး အပြည့်အဝ ရှိပါတယ်ဆိုပြီး ပြောလိုက်ပါတယ်။ ရှေ့နေ ငှားရမ်းပြီးရင် ကျနော်တို့က မှုခင်း စီမံခန့်ခွဲမှုအရ စပါမယ်။ ဒီ စီမံခန့်ခွဲမှု နည်းလမ်းတွေ အရ နောင်ရှေ့ဆက်ပြီး ဘာလုပ်ရမယ် ဆိုတာ သူတို့ ကြိုတင် ပြင်ဆင်လို့ ရအောင် ရုံးချိန်း ပေးလိုက်တာပါ” ဟု ပြောဆိုသည်။

အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မှ ရန်ကုန်သို့ ပြန်လာသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ဦးကျော်နိုင်နှင့် လာကြိုသည့် ဇနီးဖြစ်သူ မယမင်းမြတ်(ခ) မိုးနှင်းဖြူ တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်း ဆီးခဲ့ပြီးနောက် သတင်းရဲတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူး မင်းခိုင်က တရားလို ပြုလုပ်ကာ မရမ်းကုန်းမြို့မ ရဲစခန်း၌ အကြမ်းဖက် မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အဆိုပါ ပုဒ်မဖြင့် ပြစ်မှု ထင်ရှားကြောင်း စီရင်ခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ် အထိ ကျခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယနေ့ တရားခွင်အတွင်း စွပ်စွဲခံရသူ မယမင်းမြတ်က မိမိကို တရားရုံးထုတ်ရာတွင် လက်ထိပ်ခတ်ဖြင့် ရုံးထုတ်ခြင်းသည် တခြားသော စွပ်စွဲခံရသူများနှင့် ရုံးထုတ်ရာ၌် လက်ထိပ်မခတ်ဘဲ ရုံးထုတ်ခြင်းများ ရှိနေခြင်းနှင့် မည်ကဲ့သို့ ကွဲပြားမှု ရှိနေကြောင်း၊ ပထမဆုံး ချုပ်ရမန် ယူစဉ်ကလည်း မိမိနာမည်ကို တရားခွင်အတွင်း ပြောကြားခဲ့ခြင်း မရှိဘဲနဲ့ ယခုမှ မိမိ နာမည်ကို ပြောကြားခဲ့သလို ၁ လနီးပါး ချုပ်နှောင်ထားခြင်းက မည်သည့် အတွက်ကြောင့်နည်းဟု ရဲတပ်ဖွဲ့နှင့် တရားသူကြီးတို့ အား မေးခွန်းထုတ်ခဲ့သည်။

ရုံးထုတ်ရာတွင် လိုက်ပါဆောင်ရွက်ရသည့် ရဲအရာရှိတဦးက မိမိတို့သည် ရဲလက်စွဲ ဥပဒေ ပုဒ်မ ၃၈၂ အရ ယုံကြည်ထိုက်သော တရားခံဖြစ်လျှင် လက်ထိပ်မခတ်နိုင်သော်လည်း မယုံကြည်ထိုက်သော တရားခံဟု ယူဆလျှင် လက်ထိပ်ခတ်ခြင်းသာ ဖြစ်ကြောင်း၊ ဥပဒေအရ ပြုလုပ်ရခြင်း ဖြစ်သည်ဟု တရားခွင်အတွင်း အပြန်အလှန် ပြောကြားကြသည်။

ထိုကဲ့သို့ လက်ထိပ်ခတ်ခြင်း မခတ်ခြင်းမှာ မိမိတို့ တရားရုံးနှင့်မဆိုင်ဟု မြို့နယ် တရားသူကြီး ဦးမိုးဆွေကလည်း မယမင်းမြတ်ကို ပြန်လည် ပြောဆိုခဲ့သည်။

ထို့ပြင် မယမင်းမြတ်၏ ပထမဆုံး ရမန်ယူစဉ်က နာမည် မပါဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ဦးမိုးဆွေက “ကျနော် တိုင်စာမှာ ပါတဲ့အတိုင်းကို ဖတ်ပြခဲ့ပါတယ်။ နာမည်တွေလည်း ပြောခဲ့ပါတယ်။ အမှုစစ်ဆေးမယ့် ရဲတပ်ဖွဲ့တွေကို အမှုဆက်လက် ဆောင်ရွက်နိုင်ရန်၊ စွပ်စွဲခံရသူတွေကို ဆက်လက် စစ်ဆေးနိုင်ရန် မရမ်းကုန်း ရဲစခန်းမှာပဲ ချုပ်ထားဖို့ ချုပ်ရမန်ပေးခဲ့ပါတယ်။ သူ မကြားမိလို့ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

စွပ်စွဲခံရသူ ၂ ဦးကို လာမည့် နိုဝင်ဘာ၂၉ ရက်တွင် ထပ်မံချိန်းဆိုထားပြီး တရားလိုဘက်မှလည်း သက်သေ ၁၂ ဦးကို တရားရုံးသို့ တင်ပြထားကြောင်း သိရသည်။

ယခုလို မိမိတို့ကို စွပ်စွဲနေခြင်းသည် တကယ် တရားမျှတမှု ရှိရဲ့လား၊ မိမိ၏ အမျိုးသား ဖြစ်သူ ဦးကျော်နိုင်သည်လည်း မည်သည့် ပြစ်မှုနှင့်မှ ပြည်နှင်ဒဏ် ပေးခံရသူတဦး မဟုတ်ကြောင်း မယမင်းမြတ်က တရားရုံး အထွက်တွင် သတင်း မီဒီယာများကို ပြောဆိုသွားသည်။

မယမင်းမြတ်က “ထွန်းမြတ်နိုင်ရဲ့ မိသားစု ဖြစ်ရုံနဲ့ ကျမတို့ကို ဒီလို ဖမ်းချုပ်ထားတာ ဘာ သဘောလဲရှင့်။ ဒါ တရားလား။ ကျမ အမျိုးသားက နေမကောင်းဘူး။ အဲဒါကို ဘယ်သူက တာဝန်ယူမှလဲ။ အဲဒါလည်း ကျမ သိချင်ပါတယ်” ဟု ဆိုသည်။

ဦးကျော်နိုင် အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိသည့် AA တပ်ဖွဲ့ဝင်ဟု ယူဆရသူ ၄ ဦး အမှုမှ တိမ်းရှောင်နေသည့် မောင်မောင်စိုးနှင့် အတူ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံမှ တဆင့် လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ အမှုဖွင့် တိုင်ကြားချက်တွင် ဖော်ပြထားသည်။

ထို့နောက် စက်တင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း၊ စရိတ်များကိုလည်း ဦးကျော်နိုင်က ကျခံပေးသည့် အပြင် ကူညီမှုအတွက် မောင်မောင်စိုးအား ထိုင်းဘတ်ငွေ နှစ်ထောင် ထောက်ပံ့ခဲ့ကြောင်း တိုင်ကြားချက်၌ ပါရှိသည်။

ဦးကျော်နိုင်နှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးမှုသည် မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိခြင်းနှင့် ဆက်စပ်မှု ရှိနေပြီး ဦးကျော်နိုင်အား ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ၂၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောထားသည်။

You may also like these stories:

မူးယစ်မှုဖြင့် တရားစွဲခံရသည့် ARG ဥက္ကဋ္ဌ သက်သေမခိုင်လုံ၍ ပြန်လွှတ်

ရခိုင်အသင်း(စင်ကာပူ)အမှု ၊ AA နှင့်ပတ်သက်သည့် သက်သေခံနှစ်ခု တရားရုံးလက်ခံ

ကျောက်တော် မိုင်းခွဲတိုက်ခိုက်မှုတွင် တပ်မတော်မှ အကျအဆုံးရှိဟု AA ဆို

Your Thoughts …
Tags: AA စစ်ဦးစီးချုပ်မယမင်းမြတ်(ခ) မိုးနှင်းဖြူအကြမ်းဖက်မှု တိုက်ဖျက်ရေးဦးကျော်နိုင်
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ

by နေ့သစ် နှင့် ခွာညို
11 March 2024
389

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ ယခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာရှိ သတင်းဌာန ၁၀၀ နီးပါးမှ အမျိုးသမီး ၃၁ ဦး အပါအဝင် သတင်းသမား စုစုပေါင်း ၂၀၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်

သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်

by ဧရာဝတီ
6 May 2024
332

မြန်မာတွင် သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်ဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် / ဧရာဝတီ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

by အဂ္ဂအောင်
10 May 2022
41.5k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

မန္တလေးခရိုင် တရားရုံး / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေးက AA ဖောက်ခွဲရေးအမှု တရားလိုကို စတင် စစ်ဆေး

by ဒီလှိုင်းဝင်း
15 November 2019
30.4k

စစ်တဲ့ အခါမှာ စွပ်စွဲခံရသူ စုစုပေါင်း ၉ ဦးပါ။ ၃ ဦးကတော့ အပြေးဖြစ်ပါတယ်၊ ၆ ဦးထဲက အဓိကကျတဲ့ စွပ်စွဲခံရသူ ၃ ဦးကတော့ ရှေ့နေ ငှားထားတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  / AA

ရခိုင်ပြည်နယ်တွင် CDM လူပ်ရှားမှုကို မလိုလားဟု AA စစ်ဦးစီးချုပ် ပြော

by ဧရာဝတီ
11 April 2021
147.2k

အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီး နောက် အာဏာသိမ်း စစ်ကောင်စီ ယန္တရားများ ပုံမှန် လည်ပတ်မှု မရှိစေရန် ဒီမိုကရေစီရေး လိုလားသူများ၏ အကြမ်း မဖက်သည့်...

သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် ဂုဏ်ယူတာပေါ့၊ နိုင်ငံရေးမှာ သူများတွေလဲ ပေးဆပ်နေကြရ တာပဲ။ ဒါပေ မယ့် CDM လုပ်တာ၊ အာဏာဖီဆန်တာလောက်ပဲ ရှိတာကို ဒီလို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ တပ်ပြီး ထောင်ချတာ တော့ တော်တော်များတယ်။ ဥပဒေအရ အယူခံဆက်ပြီး တက်သွားမှာပါ

အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှ CDM ရဲ ဒုတပ်ကြပ် ဟန်လင်းမြင့် ထောင်၂၆ နှစ် ချခံရ

by ဧရာဝတီ
22 August 2022
7.9k

လက်ရှိတွင် အင်းစိန်ထောင်အတွင်း အကျဉ်းချခံထားရသည့် ကိုဟန်လင်းမြင့် အနေဖြင့် အစာအိမ် ဝေဒနာ ခံစားနေရ သည့်အတွက် ပြင်ပမှ ဆေးများ ပေးပို့နေရပြီး စတင် ဖမ်းဆီးခံရစဉ်ကလည်း စစ်ကြောရေး၌ ရိုက်နှက်နှိပ်စက်ခံရမှု များကြောင့် နံရိုးကျိုး ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း သိရသည်။

Next Post
Huawei ကုမ္ပဏီ

အမေရိကန်ပိတ်ပင်မှုကို လက်တွဲရင်ဆိုင်ခဲ့တဲ့ ဝန်ထမ်းများကို ဆုကြေးပေးရန် Huawei စီစဉ်

သရုပ်ဆောင် ခါရာ / ယုဖြူဟန် / ဧရာဝတီ

“ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်”ထဲက ဇာတ်ရုပ်က အပြင်ကပုံစံနဲ့ တူတယ်လို့ ခါရာ ပြော

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate