• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

by ဧရာဝတီ
15 November 2019
in သတင်း
A A
၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွါသွားကြသူ ဒုက္ခသည်မျာ / Reuters

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွါသွားကြသူ ဒုက္ခသည်မျာ / Reuters

22.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသည် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုကြသူ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ကျူးလွန်သည်ဟူသော စွပ်စွဲချက်များ အတွက် အပြည့်အ၀ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။

ထို လူနည်းစု မွတ်စလင်များကို မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် သွေးထွက်သံယိုများသော စစ်ရေးဖြိုခွင်းမှု အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်နှင့် အရေးယူရန် တောင်းဆိုမှုကို တရားသူကြီးများက ထောက်ခံခဲ့သည်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.4k
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
220
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
123

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားက တရားစွဲဆိုမှုတွင် အမည်ဖော်ပြပြီး တပတ်အကြာတွင် ICC က အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး ICJ တွင်လည်း လူမျိုးတုန်းသတ်ဖြတ်မှုအတွက် သီးခြားရင်ဆိုင်ရသည်။

ထိုသို့  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး စွပ်စွဲ ဆောင်ရွက်လာမှုများသည် သမာသမတ် မရှိတော့သလို ဘက် ၂ ဘက် အမြင်ကိုလည်း ထည့်သွင်းစဉ်းစားမှု မရှိတော့သည်ကို တွေ့ရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့  ပြောသည်။

စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် မြန်မာနှင့်ပတ်သက်သော ICC ၏ စီရင်ခွင့်အတွင်း စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ကိုင်ရန် တရားလို ရှေ့နေများကို ICC က ခွင့်ပြုခဲ့သည်။

ထိုစွပ်စွဲချက်များတွင် စနစ်တကျ အကြမ်းဖက်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် နိုင်ငံမှမောင်းထုတ်ခြင်း၊ ရိုဟင်ဂျာများကို လူမျိုးဘာသာ အခြေခံဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ ပါဝင်သည်ဟု ICC က ဆိုသည်။

လူမျိုးစုသုတ်သင်သည် သို့မဟုတ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကာလကြာရှည်စွာ ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်မဟုတ်သော်လည်း ရိုဟင်ဂျာများ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင်း၊ ထိုရာဇဝတ်မှုများကို စီရင်ခွင့်ရှိကြောင်း ICC က လွန်ခဲ့သောနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပဏာမ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ICC ရှေ့နေချုပ် ဖက်တူ ဘန်ဆောင်ဒါကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ခွင့်ပြုခဲ့ပြီး သူက အပြည့်အ၀ စုံစမ်းစစ်ဆေးမှုလုပ်ရန် ယခုနှစ် ဇူလိုင်လက လျှောက်ထားခဲ့သည်။

အနောက်အာဖရိကမှ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲပြီး သဟိဂ်အခြေစိုက် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော ICJ တွင်လည်း အမှုဖွင့်လိုက်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာက စွဲဆိုသော ထိုအမှုအတွက် ပထမအကြိမ်ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်သည်။
ICJ သည် ပုံမှန်အားဖြင့် နိုင်ငံများအကြား ဥပဒေ အငြင်းပွားမှုနှင့် နယ်စပ်အငြင်းပွားမှု ပြဿနာများကို ကိုင်တွယ်လေ့ရှိသော်လည်း မကြာသေးမီက စတင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်များ ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်လာသည်။

တဖက်က ICC တွင်မူ အမှုသည် လူပုဂ္ဂိုလ်တဦးခြင်းအပေါ် အာရုံစိုက်ပြီး နိုင်ငံတာဝန် ဝတ္တရားအပေါ် အခြေမစိုက်ဘဲ သဘောတရားအရ ဆိုပါက မြန်မာဗိုလ်ချုပ်ကြီးများအတွက် ဖမ်းဝရမ်းထုတ်ခြင်းသို့ ဦးတည်နိုင်သည်။

အလားတူ စွပ်စွဲမှုများအတွက် အာဂျင်တီးနား နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က စွဲဆိုသောအမှုမှ မြန်မာအရာရှိများ၏ အမည်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဖော်ပြထားပြီး ထိုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသော ပထမဆုံးအမှုဖြစ်လာသည်။

ရိုဟင်ဂျာနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံအများအပြား၏ ဥပဒေပါ အယူအဆရှိသော အကြွင်းမဲ့တရားစီရင်ခွင့် အယူအဆအရ ထိုအမှုကို အာဂျင်တီးနားနိုင်ငံတွင် ဖွင့်ခဲ့သည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဖက်အရပ်ဖက် ခေါင်းဆောင်များကို ရိုဟင်ဂျာများ ရင်ဆိုင်ရသည့် လူသားရပ်တည်မှုကို ခြိမ်းခြောက်ခံရခြင်းအတွက် တရားဥပဒေကို ရင်ဆိုင်ရန် ထိုအမှုက တောင်းဆိုသည်။

အာဂျင်တီးနားတရားရုံးသည် စပိန်အာဏာရှင် ဖရန်စစ်စကို ဖရန်ကိုနှင့် တရုတ်မှ ဖာလန်ဂေါင်စသည့် အခြား အကြွင်းမဲ့ စီရင်ခွင့် အမှုများကိုလည်း ကိုင်တွယ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားသော စစ်ရေးဖြိုခွင်းမှုကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် လွန်ခဲ့သောနှစ်က သတ်မှတ်ခဲ့ပြီး ထိုအမှုကို ICC သို့လွှဲပေးရန် လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။

သို့သော် ICC သည် ၎င်း၏ အစီအစဉ်ဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သောကြောင့် ထိုသို့လုပ်ရန် မလိုတော့ပေ။

You May Also Like These Stories :

ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို

Your Thoughts …
Tags: ICC အတည်ပြုကျူးလွန်မှုစစ်ဆေးမြန်မာရိုဟင်ဂျာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ

by ဧရာဝတီ
6 November 2024
28k

စစ်ခေါင်းဆောင်သားနှင့် အပေါင်းအပါများ လုပ်ကိုင်သော လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းအတွက် ရှေ့ထွက် လုပ်ဆောင်ပေးနေသူမှာ ကိုကြည်သာဟန် ဖြစ်သည်ဟုလည်း ကားလောက အသိုင်းအဝိုင်းက ဆိုသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.6k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

Next Post
ဒေါသထွက်နေတဲ့ အမျိုးသမီးနဲ့ ကြောင်ပုံ Meme

ဒေါသထွက်နေတဲ့ အမျိုးသမီးနဲ့ ကြောင်ပုံ Meme နောက်ကွယ်က အကြောင်း

ဒေါ်အောင်ဆန်းစုကြည်သာမက ယခင်သမ္မတ ဟောင်းဦးသိန်းစိန်ကိုလည်း အမှုတွင် အမည်ဖော်ပြထားသည်

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate