• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ဘုရင်ဝါဒဖြင့် လုပ်ချင်တိုင်း လုပ်၍ မရဟု AA ကို သမ္မတ ရုံး သတိပေး

by မိုးမိုး
15 November 2019
in သတင်း
A A
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သော တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသော AA ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ  / ဧရာဝတီ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သော တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသော AA ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ / ဧရာဝတီ

33.4k
VIEWS
Share on FacebookShare on Twitter

အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အကြမ်းဖက် ဖမ်းဆီးခံရမှု အပေါ်ကို စစ်ဘုရင် ဝါဒမျိုးဖြင့် လုပ်ချင်တိုင်း လုပ်၍ မရကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ သမ္မ တအိမ်တော်တွင် လစဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “စစ်ဘုရင် ဝါဒနဲ့ လုပ်ချင်တိုင်းလုပ် အဲ့လိုမျိုးတော့ လက်ခံလို့ မရဘူး” ဟု ဧရာဝတီ၏ မေးမြန်းမှုကို ထိုသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
41
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
62
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
17

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူလူထုက ရွေးချယ်ထားပြီး ပြည်သူ့ကိုယ်စားပြုသူ၊ ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုသူဖြစ်သဖြင့် ၎င်းကို အကြောင်းမဲ့ဖမ်းဆီးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြအာဏာကို ထိပါးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးငွေတောင်းသည့် လုပ်ရပ်မှာလည်း တိုင်းရင်းသားအခွင့်အရေး တောင်းဆိုခြင်းလည်း မဟုတ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

AA အပေါ် ထိုသို့ ပြောဆိုမှုကို AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော် လည်းဆက်သွယ်၍ မရခဲ့ပါ။

ရခိုင်ပြည်နယ်ထဲတွင် တပ်မတော်နှင့် AA ဘက်မှ လွှတ်တော်ကိုယ်စားလှယ် သာမကဘဲ အရပ်သားများပါ ဖမ်းဆီး ခံရမှု ရှိနေကြောင်း၊ ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးမှာ နှစ်ဖက်စလုံးက လုပ်ရိုး လုပ်စဉ်ကိစ္စသာဖြစ်ကြောင်း တဖက် နှင့် တဖက် မခံမရပ်နိုင်အောင် ပြောနေကြမည် ဆိုပါက အမုန်းတရားများ ပိုလာပြီး၊ အမျိုးသား ရင်ကြားစေ့ ရေးကို အနှောက်အယှက် ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသား ပါတီဝင် ဦးဖေသန်းက ဆိုသည်။

ဦးဖေသန်းက “သူတို့ရဲ့ မူဝါဒ လမ်းစဉ်၊ သူတို့ရဲ့ ခရီးလမ်းကို ခလုတ်တိုက်တယ်ရင်တော့ သူတို့က ဖမ်းဆီးစစ်ဆေး တာတွေ လုပ်မှာပဲေလေ။ ဒါက ၂ ဖက်စလုံးက လုပ်ရိုး လုပ်စဉ်လို့ပဲ မြင်တယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့ ဒီလို နည်းနည်း အသံကျယ်တဲ့ သဘောမျိုးပေါ့။ ဒါကတော့ ၂ ဖက်စလုံးက လုပ်လေ့လုပ်ထ ရှိတဲ့ လုပ်ရပ်လို့ပဲ မြင်တယ်” ဟု ဧရာဝတီသို့ပြောသည်။

AA အဖွဲ့ လုပ်ကိုင်နေသည်မှာ အထူးသဖြင့် တပ်မတော်သားစစ်စစ်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ သစ်တော ဝန်ထမ်းများဖမ်းဆီးခြင်းသည် နိုင်ငံတော်၏ ဝန်ထမ်းများကို ဓါးစာခံလုပ်ခြင်းဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် AA အဖွဲ့ စတင်လှုပ်ရှားချိန်ကတည်းက သောင်းကျန်းသူ နှိမ်နင်းရေး စစ် ဆင်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် တပ်မတော် အနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် မှာကြားထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

နေပြည်တော်သို့ လွှတ်တော်တက်ရောက်ရန် ထွက်လာစဉ် နိုဝင်ဘာလ ၃ ရက်နေ့က လမ်းခရီး၌ အဖမ်းခံခဲ့ရသည့် အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဖမ်းခံရသူများအနက်မှ ကျန်သူများအားလုံးကို ပြန် လည်လွှတ်ပေးလိုက်သော်လည်းပဲ ဦးဝှေ့တင်း အားဆက်လက်ဖမ်းဆီထားခြင်းဖြစ်သည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် ထိုသို့ ဖမ်းဆီးခံရခြင်း အပေါ်ကို မိခင် အဖွဲ့အစည်း ဖြစ်သည့် အမျိုးသားလွှတ် တော် တွင် ဖြစ်ဖြစ်ချင်း ယင်းကဲ့သို့ ကိစ္စရပ်မျိုး မလုပ်သင့်ကြောင်း၊ ပြန်ပြီး လွှတ်ပေးသင့်သည့်အကြောင်း၊ နောက်ဆုံး အက်ရှင် တခုခု ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဦးစိုင်းသီဟကျော်ကပြောသည်။

ဦးစိုင်းသီဟကျော် က “ဒီလို အချိန်ဆွဲပြီး ထားမယ်ဆိုရင် ကျနော်တို့ နိုင်ငံသားရဲ့ အသက် အန္တရာယ်ကို တန်ဖိုးမထားရာ ရောက်တယ်လို့ ခံစား မိပါတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ်ရှိ ပလက်ဝ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ဟားခါးမြို့အခြေစိုက် ချင်း အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များ၊ ဘာသာရေးဆိုင်ရာအဖွဲ့များ၊ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့ အခြေ စိုက်ချင်းလူငယ်အဖွဲ့များ၊ ချင်းကျောင်းသားအဖွဲ့များ၊ ချင်းအမျိုးသမီး အဖွဲ့များနှင့် ချင်းလူမှုကူညီရေးအဖွဲ့ပေါင်း ၄၃ ဖွဲ့က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ် ပြန်လွတ်ပေးရန်အတွက် အရေးကြီးအဆို တင် သွင်းပြီးဆွေးနွေးကြမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သည်။

Your Thoughts …
Tags: AAသမ္မတရုံးဦးဇော်ဌေး
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆိုနေစဉ်  /  အဲမလီ / ဧရာဝတီ

လူမှုဖူလုံရေးကြေး အလွဲသုံးစားလုပ်ခံရ၍ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

တိုင်းရင်းသား ဒေသတခုမှာ စာသင်ကြားနေတဲ့ ကလေးငယ်တွေ / လဲ့လဲ့ / ဧရာဝတီ

တိုင်းရင်းသားစာပေသင်ကြားရေး ဆရာခန့်အပ်မှု သတ်မှတ်ချက် ဖြေလျှော့မည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate