• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်းရင်းသားစာပေသင်ကြားရေး ဆရာခန့်အပ်မှု သတ်မှတ်ချက် ဖြေလျှော့မည်

by ဇူးဇူး
16 November 2019
in သတင်း
A A
တိုင်းရင်းသား ဒေသတခုမှာ စာသင်ကြားနေတဲ့ ကလေးငယ်တွေ / လဲ့လဲ့ / ဧရာဝတီ

တိုင်းရင်းသား ဒေသတခုမှာ စာသင်ကြားနေတဲ့ ကလေးငယ်တွေ / လဲ့လဲ့ / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

ကျောင်းသားဦးရေ နည်းပါးသော ကျောင်းများတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် ဆရာ/ဆရာမ ခန့် ထားရေးနှင့် ပတ်သက်၍ ဖြေလျှော့ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ဒု ဝန်ကြီးက “ပညာရေးဝန်ကြီးဌာနက မူလသတ်မှတ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၄၀ ရှိမှ ဆရာ ၁ ဦးခန့်မယ့် အစား ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ရှိရင် ဆရာ ၁ ဦး ခန့်ထားပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဆိုသည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
92
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
89
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
38

နိုဝင်ဘာလ ၁၄ ရက် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေး၌ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမာန် လောမောင်း မေးမြန်းသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုင်းရင်းသား စာပေသင်ကြားသည့် ဆရာ/မ များ ထပ်မံ ခန့်ထားပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည့် အပေါ် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်းက မင်းတပ်မြို့နယ်တွင် တိုင်းရင်းသား စာပေသင်ကြားသူ ပေါင်း G (Grade)1, G- 2, G- 3 စုစုပေါင်း ၅၀၄၉ ဦးရှိရာ တိုင်းရင်းသားစာပေ သင်ကြားရမည့် ဆရာ/ဆရာမ ဦးရေ ၁၅၇ ဦးကို တင်ပြခဲ့သော်လည်း ၄၈ ဦးသာ ခန့်ထားသဖြင့် ၁၀၉ ဦး ခန့်အပ်ရန် ကျန်နေသေးကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

ဆက်လက်၍ ၎င်းက ထို ၄၈ ဦးသည်လည်း မြို့ပေါ်ကျောင်းနှင့် မြို့ပေါ် ဝန်းကျင် ကျောင်းများ၌သာ ခန့်ထားသည်ကို တွေ့ရှိရကြောင်း၊ တောင်ပေါ်ဒေသ ဖြစ်သည့် အလျှောက် ကျောင်းသားဦးရေ ၄၀ ပြည့်ရန် လေးငါးကျောင်း ပေါင်းမှ သာလျှင် ပြည့်နိုင်မည် ဖြစ်ပြီး တကျောင်းနှင့် တကျောင်းသည်လည်း အနည်းဆုံး ၄ မိုင်မှ ၁၀/၁၅ မိုင်ထိ ကွာဝေးကာ ဆိုင်ကယ်လမ်း ရှိသကဲ့သို့ ခြေကျင်ဖြင့် သွားရသည့် လမ်းများလည်း ရှိနေကြောင်း ရှင်းလင်း ပြောဆိုသည်။

ဦးမာန်လောမောင်းက “ဆရာမ တဦးမှ အဆိုပါ ကျောင်းများကို လိုက်လံသင်ကြားပေးပါက အမောဆို့ သေဖို့ပဲ ရှိတော့ တယ်။ ဖြစ်နိုင်ပါက တကျောင်းလျှင် ၁ ယောက်နှုန်း ခန့်ထားပေးနိုင်မှ ပိုမို ထိရောက်မယ်လို့ ထင်မိပါတယ်။ တိုင်းရင်း သား စာပေများကို သင်ကြားနိုင်ချင်ရင် အဲဒီလိုမှ မခန့်ထားဘူး ဆိုရင်တော့ ဗန်းပြ သင်ကြားရေးသာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ချင်းပြည်နယ် မင်းတပ်မြို့နယ် အတွင်း G-1, G-2, G-3 ကျောင်းသား စုစုပေါင်း ၄၀ ဦး နှင့် အထက်ရှိသော ကျောင်းများတွင် ၂၀၁၇-၁၈ ပညာသင်နှစ်၌ Teaching Assistant (TA) ၁ ဦးနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ TA ၄၈ ဦး စုစုပေါင်း ၄၉ ဦး ခန့်ထားပေးခဲ့ပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သတ်မှတ် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများတွင် ခန့်ထားပေးနိုင်ခြင်း မရှိခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည် စိစစ်မှုအရ မင်းတပ်မြို့နယ်၌ ကျောင်းသားဦးရေ တိုးလာသည့်အတွက် TA ၅ ဦး ထပ်မံ ခန့်ထားပေးရန် စိ စစ်ဆောင်ရွက်နေသည် ဟုလည်း ၎င်းက ရှင်းလင်း ပြောဆိုသည်။

ချင်းပြည်နယ်တွင် လူဦးရေ ၄ သိန်း ၇ သောင်းခန့်သာ ရှိသော်လည်း ဘာသာစကား ၅၃ မျိုးရှိရာ မည်သည့် တခုကိုမျှ ချန်ထား၍ မရကြောင်း၊ ကလေးဦးရေ ၄၀ အနက် ၁၀ ဦးတမျိုး၊ ၂ ယောက် တမျိုး၊ ၅ ယောက် တမျိုးဖြစ်နေ၍ အများစု ဘာသာကို သင်ပေးမည် ဆိုသော်လည်း အခြေခံ ဥပဒေအရ လူနည်းစု၏ အခွင့်အရေးကို ထိခိုက်မည် ဖြစ်ကြောင်း ဦးဝင်းမော်ထွန်းက ဧရာဝတီကို ပြောသည်။

“အဲဒီတော့ အခု Data based ပေါ့။ နေရာနဲ့ မူလတန်းကျောင်းနဲ့ အဲဒီမှာ လူက အမှန် ဘယ်နှစ်ယောက်ရှိတာလဲ၊ ဘယ်လိုစကားပြောတဲ့ ကလေးက ဘယ်နှစ်ယောက်လဲ အထိ လိုက်လုပ်ရတယ်။ သင်မယ့်လူ ၂၀ မှ မရှိဘဲနဲ့ ဆရာ ခန့်ရင် စာရင်းစစ်က ကျနော်တို့ကို တွယ်လိမ့်မယ် မရဘူး။ အဲဒီလိုလေးတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ချင်းပြည်နယ်၌ ဘာသာစကား ၅၃ မျိုး အနက် ဘာသာစကား ၂၀ ခန့် သင်ကြားပေးလျက် ရှိ ကြောင်း သိရသည်။

ယခုလို တိုင်းရင်းသား ဘာသာစာပေ သင်ကြားပေးခြင်းသည် မိမိတို့၏ ဘာသာစကားကို ပိုမို နီးစပ်မှုရှိပြီး သိခွင့်ရ သည့်အပြင် ထိန်းသိမ်းသည့် ပုံစံမျိုးဖြစ်ရာ ကောင်းမွန်ကြောင်း၊ ကလေးတွင် တီးတိန်၊ မီဇိုး၊ ဟားခါး၊ ဖလမ်း ၄ ခုကို အဓိက သင်ကြားပေးသည်ကို တွေ့ရကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်မှ ဆလိုင်းတေရက ပြောသည်။

“ဖြစ်နိုင်လို့ ရှိရင် မူလတန်းအဆင့်မှာ ကိုယ့်ဘာသာစကားကို ပိုပြီး သင်ကြားပေးရင် သူတို့ရဲ့ နားလည်မှုနှုန်း ပညာ သင်ယူမှုနှုန်း ပိုကောင်းမယ် ထင်တယ်။ ချင်းမှာဆို မြန်မာစာနဲ့ ကလေးတွေကို တိုက်ရိုက်သင်ရင် တအားစိမ်းတယ် လေ။ ကိုယ့်ဘာသာ မဟုတ်တော့ မသိဘူး။ ဒါကြောင့် ကိုယ့်ဘာသာစကားနဲ့ မူလတန်းမှာ သင်ရင် ပိုပြီး ကောင်းမွန် မယ်” ဟုလည်း ၎င်းက အကြံပြုသည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသား ဘာသာစာပေ သင်ကြားရေးနှင့် ပတ်သက်၍ သင်ကြားရေး အပိုင်းကို တာဝန်ယူသော်လည်း မူဝါဒပိုင်း ဆိုင်ရာတွင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူဆောင် ရွက်သည်ဟု ဒု ဝန်ကြီးက ရှင်းပြသည်။

လတ်တလောတွင် အက္ခရာ ရှိပြီးသား တိုင်းရင်းသား ဘာသာစကား ၆၄ မျိုးကို အတည်ပြုပေးထားပြီး ဆရာ ခန့်အပ် ခြင်း၊ စာအုပ်ရိုက်ပေးခြင်း၊ သင်ခန်းစာ ပြုစုပေးခြင်းတို့ ဆောင်ရွက်ပေးကြောင်း ၎င်းက ပြောသည်။

ဦးဝင်းမော်ထွန်းက “အသင်ခံမယ့်သူတွေက သေချာဖို့ လိုတယ်။ ဒါ သင်မယ်၊ ဒီဒေသမှာ ဒါသုံးတယ်၊ ဒီစာ ရှိတယ်။ ဒါကို အများအားဖြင့် လက်ခံတယ်။ ဒါ သေချာဖို့ လိုတယ်။ လူခန့်ပေးတာ၊ နေရာပေးတာ၊ စာအုပ်ရိုက်ပေးတာ ဒါက လုပ်လို့ရတယ်။ ဘာမှ မခက်ခဲဘူး။ လုပ်လည်း လုပ်ပေးချင်တယ်” ဟု ဆိုသည်။

ပညာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သာမက ကျောင်းဘာသာရပ်များ သင်ကြားရာ၌ အထောက်အကူပြု နေ့စားလပေး ဆရာ၊ ဆရာမ TA နှင့် တိုင်းရင်းသား ဘာသာ စာပေသင်ကြားမည့် Language Teacher များ ခန့်ထားနိုင်ရေး ၂၀၁၆ မှ စတင်ကာ မူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့ကြောင်း ဒု ဝန်ကြီးက ပြောသည်။

တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများ၌ G1, G2, G3 ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး ရှိမှသာ TA ၁ ဦးနှုန်းဖြင့် ခန့်ထားပေးခဲ့ရာ Teaching Assistant ၆၉၃၅ ဦးနှင့် Language Teacher ၁၇၅ ဦး စုစုပေါင်း ၇၁၁၀ ဦး ခန့်ထားပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Teaching Assistant –TA သည် ဆယ်တန်းအောင်ပြီးသူ ဖြစ်ရမည်ကာ ယာယီဝင် လုပ်ပြီးနောက် ဆရာဖြစ် သင် တန်း ဆက်တက်ရမည် ဖြစ်ကြောင်း၊ နယ်ခံများကို ဦးစားပေး ခန့်အပ်ပြီး TA များသည် ၎င်းတို့၏ ဘာသာစကား သင် ကြားခြင်းအပြင် ၎င်းတို့၏ ဘာသာစကားကို အသုံးပြုကာ ပင်မ သင်ရိုးကိုလည်း ဝိုင်းကူသင်ပေးကြောင်း၊ အများအား ဖြင့် ၎င်းတို့သည် တပတ်လျှင် ၅ နာရီ သင်ရပြီး ထိုအတွက် ငွေကျပ် ၃ သောင်း သတ်မှတ်ထားကြောင်း သိရ သည်။

You may also like these stories:

ငြိမ်းချမ်းရေးအတွက် ပညာရေးမဟာဗျူဟာနှင့်ကျောင်းဆရာများ လိုနေပြီ

ပညာရေးက မြှားဦးဖြစ်ရမည်

Your Thoughts …
Tags: တိုင်းရင်းသားစာပေပညာရေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

သူတို့ ပျော်မနေကြပါ

သူတို့ ပျော်မနေကြပါ

by သာဦး
28 December 2024
4.9k

“ကျနော် ၁၆ နှစ်ကတည်းက တပ်ထဲဝင်တာ။ အိမ်ပြန်မရောက်တာ နှစ်ပေါက်နေပါပြီ။ အမေ့ဆီ ဖုန်းဆက်တော့ ‘နင် ပြန်မလာနဲ့၊ ရွာက နင့်ကို သတ်ချင်နေတာ၊ ရွာလည်း မီးရှို့ခံရလို့ ကုန်ပြီ’ လို့ ပြောတယ်”

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

by ဧရာဝတီ
30 January 2025
3.6k

ထရမ့်၏ အမိန့်သည် ဒီမိုကရက်တစ်ပြည်နယ် ရှေ့နေချုပ်များထံမှ နောက်ထပ် စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်ရသည်။

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

by အောင်ဇော်
26 February 2024
3.6k

နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

by Rajeev Bhattacharyya
21 November 2023
2.8k

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

Next Post
အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ငယ်ရွယ်စဉ်မှာတည်းက ခံစားရနိုင်ပါတယ်

တဦးတည်းသော သားသမီးတွေဟာ အဝလွန်နိုင်ခြေပိုများကြောင်း လေ့လာတွေ့ရှိ

Human Rights Tulip Myanmar 2019 ရရှိသူ တဦးဖြစ်သည့် ကိုသက်ဆွေဝင်း

နယ်သာလန် လူ့အခွင့်အရေးဆိုင်ရာဆု ကိုသက်ဆွေဝင်းနှင့် အမျိုးသမီးများအဖွဲ့ချုပ်တို့ ရရှိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate