ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်သို့ လူကုန်ကူးခံရသူ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်း အမှုတွင် ပတ်သက်သည့် သံသယ တရားခံ မအေးသက်မာ၏ ဓာတ်ပုံကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ် ရေး အဖွဲ့ (လူကုန်တား) မှ အတည်ပြုသည်။
ကျောက်တံတား မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက “သူက ကျနော်တို့ ဒီအမှုမှာ သံသယ တရားခံတဦး ဖြစ်တယ် ဆို တာ မှန်ပါတယ်။ အခု သူတို့ရဲ့လိပ်စာပါ အိမ်တွေမှာ မရှိဘူး။ ကျနော်တို့ ဒလမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ လူကုန်တား ရဲတပ် ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီးတော့ ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်” ဟု ဆိုသည်။
လူကုန်ကူးခံခဲ့ရသော အသက်၂၀ နှစ် အရွယ်ရှိ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ ကိုမြတ်သူရထွန်းကို ဖျာ ပုံမြို့နယ်ရှိ ခါးပြတ်ရွာရှိ ကျားဖောင် လုပ်ငန်းခွင်သို့ စည်းရုံး ခေါ်ဆောင်ခဲ့ကြသူများထဲမှ ဖောင်ဦးစီး ဖြစ်သူ အသက် ၄၂ နှစ် အရွယ်ရှိ ကျော်အောင်နှင့် အသက် ၄၂ နှစ် အရွယ်ရှိ ကိုအောင်ဗလ(ခေါ်) ဗလကြီးတို့ ၂ ဦးကို ဖမ်းဆီးထားပြီး ယနေ့ တွင် ကျောက်တံတား တရားရုံး၌ ချုပ်ရမန် ယူခဲ့သည်။
ကိုမြတ်သူရထွန်းကို ထိန်းချုပ်စေခိုင်း စည်းရုံးခဲ့ကြသူများ ဖြစ်သည့် ရန်ကုန်တိုင်း ဒလမြို့နယ်နေ မအေးသက်မာနှင့် မိခင် ဖြစ်သူ ဒေါ်နိုင်နိုင်ကျော်၊ ဒေါ်အန်းကုန်း၊ ဖျာပုံမြို့နယ်ရှိ ကိုသန်းကျော်နှင့် အမျိုးသား ၁ ဦးတို့သည် လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်လျက် ရှိသည့် အတွက် ရဲတပ်ဖွဲ့မှ ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကျားဖောင်တွင် ရောင်းစားခံရသူ အမှု၊ ၂ ဦးဖမ်းမိထား
ဖျာပုံမြို့နယ်ရှိ ကျားဖောင်တွင် ရေလုပ်သားအဖြစ်ရောင်းစားခံရသူ အမှု လူကုန်တားရဲ စိစစ်နေ
ပင်လယ် ကျားများနှင့် ရေအဆုံး ကုန်းတဝက်