ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်းတို့ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ တဖက်တဂိုးစီ သရေကျခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၁၃ မိနစ်၌ နောက်ခံလူ စိုးမိုးကျော်က ထောင့်ကန်ဘောကို ခေါင်းတိုက်၍ မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူပေးမှားယွင်းမှုမှတဆင့် မလေးရှားအသင်း တိုက်စစ်မှူး ဟာဒီ ဖာယတ် (ကျောနံပါတ် ၉) က ချေပဂိုး သွင်းယူခဲ့သည်။
ပထမပိုင်း ပွဲကစားချိန် ၁၅ မိနစ်ကျော်အထိ မြန်မာအသင်း ကစားကွက်အသာဖြင့် မလေးရှားဘက်သို့ ထိုးဖောက်ကစားနိုင် ခဲ့သော်လည်း ချေပဂိုးရပြီးနောက် မလေးရှားအသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် မြန်မာအသင်းအပေါ် ပြန်လည် ဖိအား ပေးကစားနိုင်ခဲ့သည်။
ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန် ထိုးဖောက်ကစား သော်လည်း ထပ်မံဂိုးသွင်းနိုင်ခြင်း မရှိသဖြင့် ပထမပိုင်းပြီးချိန်တွင် တဖက်တဂိုးစီ သရေကျနေခဲ့သည်။
ပွဲချိန် ၁၃ မိနစ်၌ နောက်ခံလူ စိုးမိုးကျော်က ထောင့်ကန်ဘောကို ခေါင်းတိုက်၍ မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူပေးမှားယွင်းမှုမှတဆင့် မလေးရှားအသင်း တိုက်စစ်မှူး ဟာဒီ ဖာယတ် (ကျောနံပါတ် ၉) က ချေပဂိုး သွင်းယူခဲ့သည်။
မြန်မာအသင်းကွင်းလယ်သည် မလေးရှားအသင်းတိုက်စစ်ကို ထိရောက်စွာ ဖြတ်တောက်ကစားနိုင်ခြင်း မရှိသလို မြန်မာအသင်း တိုက်စစ်ကိုလည်း ထိရောက်စွာ ပံ့ပိုးနိုင်မှု အားနည်းနေခဲ့သည်။
အထူးသဖြင့် မြန်မာယူ ၂၂ အသင်းမှ ခေါ်ယူအားဖြည့်ထားသည့် သက်ကြီးကစားသမား ၂ ဦးဖြစ်သော လှိုင်းဘိုဘိုနှင့် စည်သူအောင်တို့မှာ ယူ ၂၂ အသင်းမှ ကြယ်ပွင့်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေတို့နှင့် ချိတ်ဆက် ကစားနိုင်မှု အားနည်းနေခြင်း၊ မလေးရှားအသင်း ကွင်းလယ်နှင့် နောက်တန်း၏ကစားပုံ ကျစ်လစ်မာကျောနေမှုကြောင့် မြန်မာအသင်း ကစားကွက် ပျက်နေခဲ့သည်။
ယနေ့ပွဲစဉ်တွင် မလေးရှားကွင်းလယ်လူ၏ အနိမ့်ကန်ချက်ကို မြန်မာအသင်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံး အနေ အထားဖြင့် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် မလေးရှားအသင်း၏ ပြစ်ဒဏ်ဘောကန်ချက် ဘားတိုင် ထိခဲ့ သည့်အတွက် မြန်မာအသင်း ရှုံးနိမ့်မည့်အခြေအနေမှ လွဲချော်ခဲ့သည်။
မြန်မာအသင်းဘက်မှ ထက်ဖြိုးဝေနှင့် လှိုင်းဘိုဘိုတို့၏ အဝေးကန်ချက်များကိုလည်း မလေးရှားဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်သည့်အတွက် ပွဲပြီးချိန်တွင် တဖက်တဂိုးစီဖြင့် သရေကျခဲ့သည်။
မြန်မာသင်းမှာ ဆီးဂိမ်းပြိုင်ပွဲ အုပ်စု (က) တွင် အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး နိုဝင်ဘာ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီးဖိုင်နယ်တက်ရေး အတွက် အဓိက ပြိုင်ဘက်အသင်းဖြစ်သည့် အိမ်ရှင် ဖိလစ်ပိုင် ယူ ၂၂ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
You may also like this story:
မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး