သတင်း

ဂျာမန်ခရီးသွား မိုင်းနင်းမိပြီး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် အင်္ဂါနေ့က မြေမြှုပ်မိုင်းပေါ် ဆိုင်ကယ်ဖြတ်သန်းမောင်းနှင်မိသောကြောင့် ဂျာမန်ကမ္ဘာလှည့်တဦးသေဆုံးပြီး အာဂျင်တီးနား အမျိုးသမီးတဦး ဆေးရုံတင်လိုက်ရသည်။

သူတို့နှစ်ဦးသည် သီပေါမြို့နယ်မှ အနောက်ဖက် ၂၅ ကီလိုမီတာအကွာရှိ ပန်ညောင်နှင့် ခွန်ပေါက်ကျေးရွာများအကြား ဆိုင်ကယ်ဖြင့်ခရီးသွားနေစဉ် ယခုလို မြေမြုပ်မိုင်းထိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ကို ကူညီခဲ့သည့် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့ကပြောသည်။ ထိုရွာနှစ်ခုအကြားလမ်းသည် မြေနီလမ်းဖြစ်ပြီး လမ်းကြမ်းသောကြောင့် အာဂျင်တီးနားနိုင်ငံသူမှာ ဆိုယ်ကယ်နောက်မှ လမ်းလျှောက်လိုက်လာခဲ့သည်ဟု ဆိုသည်။ ရှေ့မှသွားနေသည့် ဆိုင်ကယ်က မိုင်းနင်းမိချိန်မှာ အင်္ဂါနေ့ ညနေ ၅ နာရီဝန်းကျင်ဖြစ်သည်ဟု သိရသည်။

“အဲဒီအမျိုးသားက ရွာလမ်းမှာဆိုင်ကယ်စီးနေပြီး မိုင်းပေါ်က ဖြတ်မောင်းမိတာ။ အသက်က ၄၀ ကျော်အရွယ်လောက်ရှိပါတယ်။ ရင်ဘတ်၊ နံဘေး၊ ခါးနဲ့ ခြေထောက်တွေမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ အဲဒီနေရာမှာပဲ သေဆုံးသွားတာပါ” ဟု နယ်စည်းမခြား ပရဟိတအဖွဲ့ (သီပေါ)မှ ကိုမျိုးက ပြောသည်။

“အမျိုးသမီးက ဆိုင်ကယ်နောက်က လမ်းလျှောက်လိုက်လာတာဆိုတော့ ဒဏ်ရာမရဘူး။ ဒါပေမယ့် သူက အရမ်းကြောက်နေပြီး ရှော့ခ်ရသွားတဲ့ အနေအထားရှိတယ်” ဟုလည်း သူပြောသည်။

ထိုကမ္ဘာလှည့် ခရီးသည်နှစ်ဦး သွားလာနေသောနေရာသည် မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ မကြာခဏ ဖြစ်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင်တည်ရှိသည်။ ကျောက်မဲနှင့်သီပေါမြို့နယ်ဝန်းကျင် ကျေးရွာများ၊ မြို့နှင့် အလှမ်းဝေးသော ကျေးရွာများသို့ ခရီးသွားလာခြင်း အထူးသဖြင့် နိုင်ငံခြားခရိးသည်များသွားလာခြင်းကို ကန့်သတ်ပိတ်ပင်ထားသည်။ သို့သော် အဆိုပါ ဒေသတွင်းရှိ ကျေးရွာများသည် ခရီးကြမ်းသွားလိုသူများကို စွဲဆောင်နေဆဲဖြစ်သည်။

ဂျာမန်အမျိုးသား၏ အလောင်းကို သီပေါဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ရန်ကုန်ရှိ ဂျာမန်သံရုံးသို့ အကြောင်းကြားထားသည်ဟု အထက်ပါ စေတနာဝန်ထမ်းအဖွဲ့ကပြောသည်။

“ သူတို့ နှစ်ယောက်လုံးအတွက် လိုအပ်တာတွေ စီစဉ်ဖို့ သံရုံးက တာဝန်ရှိသူတွေ ဒီနေ့ရောက်မယ်လို့ သံရုံးကပြောတယ်” ဟု ကိုမျိုးပြောသည်။

( Zarni Mann ၏ German Tourist Killed by Landmine in Myanmar’s Shan State  ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

မိသားစု အသိုက်အမြုံလေး ဖျက်ဆီးခံလိုက်ရတဲ့နေ့

နမ့်ဆန်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀ ခန့် ဖျားနာနေ

ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံထားရသည့် လားရှိုးမြို့ မှ ထိတ်လန့်နေသည့် ပြည်သူများ စကားသံ

Did you find apk for android? You can find new Free Android Games and apps.
Loading