ဒီမိုကရေစီအား ကျွနု်ပ်တို့၏ နေ့စဉ်ဘဝ၌ ပေါင်းစပ်ခြင်း ဆောင်ပုဒ်ဖြင့် လူသားတို့ အကြောင်း “အနုသုတေသနပွဲတော်” ကို နိုဝင်ဘာလ ၃၀ရက်မှ ဒီဇင်ဘာလ ၃ရက်အထိ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းက ဦးဆောင်ကာ လူသားအနုပညာဖြင့် လူသားများနှင့် အနီးဆုံးသို့ ရောက်စေရန် ရည်ရွယ်၍ အဆိုပါ ပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၃ရက်အထိ ရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။
ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဒေါ်မြတ်သက်သစ္စာက “အနုပညာနဲ့ သုတေ သနဟာ သာမန်အားဖြင့် ကြည့်ရင် မတူညီတဲ့ နယ်ပယ်နှစ်ခုလို့ ထင်ကြပါမယ်။ အမှန်တော့ ဘယ်လိုမှ ခွဲခြားလို့ မရ အောင် ယှဉ်တွဲပေါင်းစပ်နေတဲ့ လူသားဆိုင်ရာအရည်အသွေးတခုပါ”ဟု ပြောသည်။
အဆိုပါပွဲတော်ကို ပြည်သူလူထုအား သုတေသနလုပ်ငန်းများနှင့် နီးစပ်မှုရှိစေရန်၊ သုတေသနတွေ့ရှိချက်များကို သိမြင် အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်တွင် အနုသုတေသနဆိုင်ရာ ဟောပြောဆွေးနွေးခြင်း၊ အနုသုတေသနဆိုင်ရာ သုတေသန တွေ့ရှိ ချက်များကို တင်ဆက်ဖတ်ကြားခြင်း၊ အနုသုတေသနအားဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပန်းချီ၊ ကာတွန်း၊ ဓါတ်ပုံ၊ ရုပ်ရှင်များ ခင်းကျင်းပြသခြင်းစသည့် အဓိကလုပ်ငန်း ၃ရပ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။
အနုသုတေသနဆိုင်ရာ ဟောပြောဆွေးနွေးခြင်းတွင် အနုပညာရှင်နှင့် သုတေသီများမှ ၎င်းတို့၏ အတွေ့အကြုံ များကို အခြေခံ၍ အနုသုတေသန အကြောင်းကို ရှင်းလင်းဖွင့်ဆိုခြင်း၊ အနုသုတေသီတို့၏ အနုသုတေသန ဖြစ်စဉ်နှင့် ဖန်တီး တင်ဆက်မှု၊ အနုသုတေသနသည် လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှုှုှုနှင့် ဒီမိုကရေစီ အတွက် မည်သည့် အဓိပ္ပါယ်ရှိသလဲစသည့် အကြောင်းအရာများအပေါ် အခြေခံ၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အနုသုတေသနဖြင့် ဖန်တီး ဖော်ထုတ်ထားသည့် ပန်းချီ၊ ကာတွန်း၊ ရုပ်ရှင်များကို ခင်းကျင်းပြသခြင်းတို့အပြင် အမျိုးသမီး များ နိုင်ငံရေးတွင် ပါဝင်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခြင်း၊ ငြိမ်းချမ်းရေး၊ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ဖယ်ထုတ်ခြင်း(အမျိုးသမီးနှင့် LGBT၊ IDPs၊ နယ်စပ်ဒေသရှိ ပြည်သူများစသည့် အကြောင်း အရာများ အပေါ် မူတည်၍ စကားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပီပြင် လာစေရန်နှင့် မျှတ၍ အားလုံးပါဝင်မှုရှိသော လူမှုစီးပွားရေးဖွံ့ဖြိုးမှုအတွက် ပါဝင်ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာ၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကကဏ္ဍ၊ လွှတ်တော်နှင့် အစိုးရဌာနအဖွဲ့အစည်းများကို သတင်းအချက်အလက်နှင့် အထောက်အထားအခြေပြု မူဝါဒအကြံပြုချက်များ ပံ့ပိုးနိုင်ရန်အတွက် ဆောင်ရွက်နေသည့် သုတေသနအဖွဲ့အစည်းတခုဖြစ်သည်။
You may also like these stories:
လူထုဒေါ်အမာ ၁၀၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပမည်
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို
မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ