သတင်း

ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ရန် တရားရုံး ခွင့်မပြုဟုဆို

Want create site? Find Free WordPress Themes and plugins.

Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ ရှေ့နေ ဒေါ်စုဒါလီအောင် အပေါ် တရားစွဲဆိုထားသည့် အမှုတွင် သက်သေအဖြစ် ပါဝင်နေသည့် ဒေါ်ဥမ္မာလှိုင်၏ သား ၂ဦးကို သက်သေအဖြစ် ပယ်ဖျက်ပေးရန် တင်ပြခဲ့သော်လည်း ပုဗ္ပသီရိမြို့နယ် ဥပဒေ အရာရှိမှ ခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအမှုကို ကိုင်တွယ် စစ်ဆေးနေသည့် ပုဗ္ပသီရိမြို့နယ် ဥပဒေအရာရှိ ဒေါ်နှင်းအိဖြူက “တရားလိုဒေါ်ဥမ္မာလှိုင်က သား ၂ဦးကို သက်သေအဖြစ်က ပယ်ဖျက်ဖို့ လာလျှောက်ပါတယ်၊ ဥပဒေအရ ခွင့်မပြုပါဘူး” ဟု ယနေ့ရုံးတော်သို့ တင်ပြသည်။

ယနေ့ ဒီဇင်ဘာ ၂ ရက် အဆိုပါအမှု၏ ၅ကြိမ်မြောက် ရုံးချိန်းတွင် သက်သေအဖြစ် ပါနေသည့်
ဒေါ် ဥမ္မာလှိုင်၏ သား၂ ဦး ကို စစ်ဆေးရန် ဖြစ်သော်လည်း ကလေးများမှာ စာမေးပွဲရှိသဖြင့် လာရောက်နိုင်ခြင်း မရှိဘဲ၊ စာမေးပွဲရက်မှ ကင်းလွတ် သည့် နေ့ကို နှစ်ဖက်ရှေ့နေများ ညှိနှိုင်းရာတွင် လာမည့် ဒီဇင်ဘာ ၁၆ ရက် ၌စစ်ဆေးရန် မြိုနယ် တရား သူကြီး ဒေါ်သန္တာညွှန့်က ချိန်းဆိုလိုက်သည်။

ယင်းအမှုတွင် စွပ်စွဲခံရသူ ဒေါ်စုဒါလီအောင်ဘက်မှ ရှေ့နေအဖြစ်ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေဦးခင် မောင်ဇော်က “ဥပဒေ အရာရှိက စပြီး တင်ပြပါတယ်။ ဒေါ်ဥမ္မာလှိုင်က သူ့သား ၂ ယောက်ကို သက်သေစာရင်းကနေ ပယ်ပေးဖို့ လျှောက်တယ်။ ဒါပေမယ့် ဥပဒေရုံးကနေ အဲ့ဒါကို လက်မခံဘူး။ သူတို့က ဆက်ပြီးတော့ စစ်မှာပါ။ သက်သေစာရင်း အဖြစ်ပဲ ဆက်တည်တယ်” ဟု ပြောသည်။

ထို့ကြောင့် လာမည့် ၆ ကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့သို့ ချိန်းဆိုထားပြီး ထိုနေ့တွင် အမှုစစ်ရဲအရာရှိနှင့် ဒေါ် ဥမ္မာလှိုင်၏ သား ၂ဦးကိုစစ်ဆေးရန် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးမှာ ကလေးသူငယ်များဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၉၆ နှင့် နည်းဥပဒေများအရ အများပြည်သူ မမြင်နိုင်သည့် တရားသူကြီး ရုံးခန်းတွင် သီးခြားစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ကာယကံရှင်၊ အမှုသည်များ၊ နှစ်ဖက်ရှေ့နေများ၊ သက်သေတို့ပါဝင်မည်ဖြစ်ကြောင်း ကိုအောင်ကြီး ၏ ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ နေပြည်တော် ဒက္ခိဏခရိုင် တရာရုံး၌ တရားခွင် စစ်ဆေးမှု အခြေအနေများကို ဒေါ်စုဒါလီအောင်က သတင်းထောက်များအား ပြန်လည်ပြောကြားစဉ် ထွက်ဆိုချက်အတိုင်း ပြန်လည် ပြောပြရာမှ ယခုကဲ့သို့ ပြန်လည် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်ဥမ္မာလှိုင်သည် ဗစ်တိုးရီးယား၏ ဖခင် အပါအဝင် ဖခင်၏ အစ်ကိုနှင့် အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကို အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ကူညီနေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ကို လည်း နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ် ပတ္တာ နယ်မြေရဲစခန်း တွင် စက်တင်ဘာ ၂၆ ရက်နေ့က ကလေးသူငယ် ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဗုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းမှ သိရသည်။

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍လည်း ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးမှာ သက်သေအဖြစ် ပါဝင်နေ၍ သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် ဒေါ်ဥမ္မာလှိုင်က ဒက္ခိဏ ခရိုင်ဥပဒေရုံးတွင် အသနားခံစာတင်ထားကြောင်း အောက်တိုဘာလအတွင်းက စစ်ဆေးသည့် တရားခွင် စစ်ဆေးမှုတွင် ဒေါ်ဥမ္မာလှိုင်က တရားခွင်အတွင် ပြောဆိုဖူးသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးမှာ လူမှုကွန်ရက်တွင် ပြောဆိုခံနေရသဖြင့် ကျောင်းသွားရန်ပင် ခေါ်ရခက်နေပြီး ဈေးကဲ့သို့ လူများသည့်နေရာများ ဆိုပါက ပို၍ ခက်ခဲကြောင်းလည်း ဒေါ်ဥမ္မာလှိုင်က ဆိုသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူလေး ဗစ်တိုးရီးယား မေလ ၁၇ ရက်က လိင်အကြမ်းဖက် ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့ လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့ (CID) ၏ စစ်ဆေး ချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ ကားမောင်းသူ အောင်ကြီးဖြစ်သည်ဟု ဆိုကာ ဇူလှိုင်လ ၄ ရက်နေ့က အောင်ကြီးကို တရားစွဲတင်ခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန် –

ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို

Wisdom Hill မှ ဒေါ်ဥမ္မာလှိုင်က ရှေ့နေ ဒေါ်စုဒါလီအောင်ကို စွဲဆိုမှု၊ သက်သေများ စတင်စစ်ဆေး

အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading