သတင်း

ဝေဖန်မှုများနေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း MIC တိုင်းဦးစီးမှူး ကွင်းဆင်းစစ်ဆေး

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအတွင်း ခွင့်ပြုချက်မဲ့ လုပ်ဆောင်မှုများ၊ တရုတ် နိုင်ငံသား ဝင်ထွက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) တိုင်းဦးစီးမှ ကွင်းဆင်းစစ် ဆေးလျှက်ရှိကြောင်း MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်မှုအောက်ရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင် ခွင့်ပြုချက် ကျော်လွန် တည်ဆောက်မှုများကြောင့် စီမံကိန်းအား ယာယီရပ်ဆိုင်းထားရန် အစိုးရက ညွန်ကြားထားသည်။

ဦးသန့်စင်လွင် က “မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နံှမှု ကော်မရှင်က ခွင့်ပေးထားတဲ့ လုပ်ငန်းကတော့ သူသတ်မှတ်ထား တဲ့ လုပ်ငန်းအတိုင်းပဲ လုပ်လို့ရတယ်။ ဒါကို ကျော်လွန်ပြီး လုပ်တယ်ဆိုတဲ့ သတင်းမရသေးပါဘူး။ ဒါပေမယ့် ပြင်ပမှာတော့ ဒီလိုမျိုးလုပ်ငန်းတွေ လုပ်နေတယ်။ သတ်မှတ်ချက်မဲ့ လုပ်ငန်းတွေ ခွင့်ပြုချက်မရတဲ့ လုပ်ငန်းတွေ နောက်တခါ နိုင်ငံခြားသားတွေ လာတယ်ဆိုတဲ့ သတင်းတွေတော့ ရှိပါတယ်။ ကျနော်တို့ဆီက တိုင်းဦးစီးမှူုး ကွင်းဆင်းနေပါတယ်။ အဖြေတော့ မသိသေးပါဘူး” ဟု ပြောသည်။

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းဧရိယာ တစိတ်တပိုင်းအား Google Earth မှ ယခုနှစ် ဧပြီလက မြင်တွေ့ရသောပုံ

MIC အနေဖြင့် စီမံကိန်းအား ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြင့် မြေ ၂၅.၅ ဧကပေါ်တွင် အဆင့်မြှင့် လုံးချင်းအိမ်ရာ ၅၉ တည်ဆောက်ရန်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး တရုတ်လုပ် ငန်းစု JILIN  YATAI GROUP ၏ရင်းနှီးမြုပ်နှံမှုဖြင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်း တည်ဆောက် နေခြင်းဖြစ်သည်။ 

ချစ်လင်းမြိုင် ကုမ္ပဏီမှ ဒါရိုက်တာ တဦးဖြစ်သူ စောမင်းမင်းဦး က “စီမံကိန်းက ရပ်ထားတုန်းပါပဲ။ MIC ချည်းပဲ မဟုတ်ဘူး၊ ဌာနပေါင်းစုံလာပြီးတော့ ကြည့်တယ်။ တနေ့ကလာသွားတယ်။ ပြည်ထောင်စုက ဒုဝန်ကြီးလာပြီး ယာယီ ရပ်ဆိုင်းထားတဲ့နောက်ပိုင်း ဆက်လုပ်ဖြစ်မဖြစ်နဲ့ လူဝင်လူထွက်တွေလာစစ်တာ ဒါပါပဲ။ အရင်လုပ်တဲ့ ပုံစံအတိုင်းပါပဲ” ဟု ပြောသည်။

စီမံကိန်းအတွင်း ကာစီနိုလောင်းကစားရုံများ၊ ဟိုတယ်များ၊ ကုန်သေတ္တာရပ်နားကွင်း ပါဝင်မည်ဖြစ်ကြောင်း တ ရုတ်လုပ်ငန်းစုဘက်က ထုတ်ဖော်ပြသမှုများပြုလုပ်ခဲ့သည့်အပြင် စီမံကိန်းအတွင်း လေယာဉ်ကွင်း ထည့်သွင်း မည်ဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်လျှက်ရှိသည်။

ဦးသန့်စင်လွင် က “လေယာဉ်ကွင်းလည်း ကျနော်တို့ သတင်းရရှိထားမှုရှိသေးဘူး။ လေယာဉ်ကွင်းကတော့ သတင်းနည်းနည်း ကျယ်ပြန့်တာပေါ့။ လုပ်မယ်ဆိုရင် ကျနော်တို့ သိနိုင်ပါတယ်။ သို့သော်လမ်းဖောက် မြေညှိနေ တာမျိုး ဆိုရင်တော့ ကျနော်တို့ ဒါပြင်ပက သတင်းတွေရယ် နောက်တခါ Satellite (ဂြိုလ်တု) က ရထားတဲ့ ဟာအရ လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေ ရှိပါတယ်။ နယ်ခြားစောင့် တပ်ရှိပါတယ်။ နောက်တခါ တိုင်းရင်းသားအဖွဲ့အစည်းတွေ ရှိပါတယ်။ ထို့အတူပဲ သက်ဆိုင်ရာ တိုင်းစစ်ဌာန  ချုပ်လည်း ရှိပါတယ်။ အခြေအနေကိုတော့ ကျနော့်ဆီက ညွှန်ကြားရေးမှူး နယ်ဆင်းနေတာ ပြန်လာရင် သိရပါမယ်” ဟု ပြောသည်။

လေယာဉ်ကွင်းတည်ဆောက်မည့် သတင်းများနှင့် ပတ်သက်ပြီး စီမံကိန်းပူးတွဲ အကောင်အထည်ဖော်နေသည့် ချစ်လင်းမြိုင်ကုမ္ပဏီဘက်ကလည်း ငြင်းဆိုခဲ့ပြီး လေယာဉ်ကွင်း တည်ဆောက်ရေးအား တရုတ်လုပ်ငန်းစုနှင့် ပြောဆိုဆွေးနွေးထားမှုပင် မရှိကြောင်း စောမင်းမင်းဦး က ပြောသည်။

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းဧရိယာ တစိတ်တပိုင်းအား Google Earth မှ ယခုနှစ် နိုဝင်ဘာလက မြင်တွေ့ရသောပုံ

စောမင်းမင်းဦး က “လေယာဉ်ကွင်းက မလုပ်ပါဘူး။ အဲ့လောက်အဆင့်လဲမဟုတ်ပါဘူး။ သူတို့ဘက်ကလဲ ပြောဆိုထားတာ၊ တောင်းထားတာမရှိဘူး။ နောက်ပိုင်းစည်ကားလာလို့ ၁၀ နှစ်၊ ၂၀ အဆင်ပြေရင်တော့ စဉ်းစားမှာပေါ့” ဟု ပြောသည်။

မြို့သစ်စီမံကိန်း တည်ဆောက်ရန်အတွက် BGF ဘက်က ပြည်နယ်အစိုးရထံ မြေဧကလုပ်ကွက် အနေဖြင့် ၆၂ ဧက၊ ၆၆ ဧကနှင့် ၈၈ ဧက လုပ်ကွက်သုံးခု လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လတ်တလောတွင် ၆၂ ဧကကို သာ တရားဝင်ခွင့်ပြုထားခြင်းဖြစ်သည်။

ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရသေးသည့် ဧရိယာများတွင် လုပ်ကိုင်ခွင့်ရရှိရေးအတွက် BGF ဘက်က ဆက် လက်ညှိနှိုင်းလျှက်ရှိပြီး ခွင့်ပြုချက်ရရှိပါက ဒေသတွင်းမှ ပြောင်း၊ ပဲအစရှိသည့် ထွက်ကုန်များအား ကုန်ချော အ ဆင့်မြှင့်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ပါဝင်မည့် စက်မှုဇုံတခု အကောင်အထည်ဖော်ရန် အစိုးရနှင့် ညှိနှိုင်းထားမှုများရှိကြောင်းလည်း ချစ်လင်းမြိုင်ကုမ္ပဏီထံက သိရသည်။

စီမံကိန်းနှင့် ပတ်သက်၍ လောင်းကစားလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများ၏ လွှမ်းမိုးလာနိုင်မှုများအပေါ် ဒေသ ခံများအကြား စိုးရိမ်မှုများရှိနေပြီး စီမံကိန်းအပေါ် အစီအရင်ခံစာကိုလည်း ပြည်ထောင်စုအစိုးရထံ တင်ပြထား ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောထားသည်။

မျိုးပပစန်း ပူးပေါင်းရေးသားသည်။ 

ဆက်စပ်ဖက်ရှူရန် –

ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading