အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ သက်တမ်း အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်သည်။
ယနေ့ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ နာယက၏ တာဝန်ရှိမှု အပိုင်းမှ လွှတ် တော် သို့ ပြောကြားစဉ် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ဦးတီခွန်မြတ်က “ပထမတချက်ကတော့ လက်ရှိ ဒုတိယ သက်တမ်းအတွင်း ဆောင်ရွက်နိုင်ပါ့မလား ဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒီကိစ္စကို အရင်ဆုံး စတင်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း တာဝန်တခုအနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သို့ တင်ပြ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဥပဒေကြမ်း တခုကို နောက်သက်တမ်းကို ဆက်လက်ပြီး လွှဲယူသွားသော အစဉ်အလာ မရှိသည့် အတွက် ယခုကဲ့သို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းကိုလည်း လက်ရှိ သက်တမ်းတွင်ပဲ ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ရခိုင်အမျိုးသား ပါတီဝင် (ANP) ဦးဖေသန်းက “ဒီသက်တမ်းမှာ ပြီး မပြီး ဆိုတာက သူတို့ ဘယ် လောက်ထိ အဲဒီ အချက် တွေကို မြန်မြန်ဆန်ဆန် တင်ပေးနိုင်မယ် ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ယခု အစိုးရ သက်တမ်းအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများအား အပြီးသတ် ဆောင်ရွက်နိုင်မည် မဟုတ်ဟု ထင် မြင်ကြောင်း၊ ဥပဒေ ပုဒ်မ တခုချင်းကို ပြင်ဆင်မည်ဆိုလျှင်၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပါမှသာ ပြင်ဆင်နိုင်မည့် ကိစ္စဖြစ် သဖြင့် ပြီးစီးအောင် ဆောင်ရွက်မည် ဆိုပါက အချိန်အတော်ကြာ ယူရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တဦးဖြစ်သူ NLD ပါတီ၏ ပုဗ္ဗသီရိ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် (ဦးတင်သစ်) က “၄၅ ဦး ကော်မတီရဲ့ ဆောင်ရွက်ချက်ကလည်း မကြာခင် ပြီးဖို့ ရှိ ပါတယ်။ အခု ၁၄ ကြိမ်မြောက် လွှတ်တော် သက်တမ်းဆိုတော့ လာမည့် ၁၅ ကြိမ်မြောက် လွှတ်တော်မှာ ဆိုရင်တော့ ၄၅ ဦးကော်မတီရဲ့ ဥပဒေကြမ်းက တင်သွင်း နိုင်ပါလိမ့်မယ်။ ပုဒ်မ အကုန်လုံးကို တင်သွင်းနိုင်မှာပါ။ ဒီသက်တမ်း အတွင်းမှာ အပြီးသတ်နိုင်မှာပါ” ဟု ပြောဆိုသည်။
ထို့ပြင် လွှတ်တော်အတွင်း ဖွဲ့စည်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာများကို ဆွေးနွေးစဉ် လွှတ်တော် ကိုယ်စားလှယ်အချို့က မေးခွန်းများထည့်သွင်း မေးမြန်းနေကြခြင်း ရှိနေသဖြင့် ယင်း သို့ အစီရင်ခံစာတခု ဆွေးနွေးချိန် မေးခွန်းမေးမြန်းခြင်းသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းရှင်း လင်း လင်း သိရှိနားလည်ရန် ဦးတီခွန်မြတ်က ဆိုသည်။
ထို့ကြောင့် ဆက်လက် ဆွေးနွေးကြမည့် အစီအစဉ်များကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ အရ အစည်း အဝေးတွင် လိုက်နာရမည့် စည်းကမ်းများကို အလေးထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချင်းချင်း ရိုင်းပင်ကူ ညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေမည့် အပြုအမူ၊ အေပြောအဆိုများကို ဂရုပြုကြရန် သတိပေး ပြော ကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန်၊ ဖြည့်စွက် ပယ်ဖျက်ရန် အချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သော အစီ ရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၉ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် မဲခွဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်နှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ သတိပေးခံရ
ခြေ/ဥ ပြင်ဆင်ရေး တိုင်းရင်းသားများ၏ တောင်းဆိုမှုကို ဦးစားပေးရမည်ဟု တပ်ချုပ် ပြော
ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်နိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ ဆုံးဖြတ်ချက် NLD သဘောထားဖြစ်နေဟု တပ်မတော် ပြော
ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော