ထိုင်းနိုင်ငံ ပြည်နယ် ၉ ခုတွင် အနိမ့်ဆုံးလုပ်ခလစာကို ၆ ဘတ် တိုးမြှင့်လိုက်ပြီး ကျန်နေရာများတွင် ၅ ဘတ် တိုးမြှင့်မည်ဟု အမျိုးသား လုပ်ခလစာကော်မတီ ယနေ့ ကြေညာကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆူသီဆူကို ဆိုလ်၏ ပြောဆိုချက်ကို ကိုးကားပြီး The Nation သတင်းက ဆိုသည်။
ချွန်ဘူရီ၊ ဖူးခက်၊ ဘန်ကောက်၊ ပထုန်ဌာနီ၊ နွန်သာဘူရီ၊ စမွတ်ပရာကန်၊ စမွတ်စခုန်နှင့် ပရာချင်ဘူရီ ပြည်နယ်များတွင် တနေ့လျှင် ၆ ဘတ်ပိုမိုရရှိမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဖူးခက်နှင့် ချွန်ဘူရီပြည်နယ်တို့တွင် အလုပ်လုပ်ကိုင် နေသူများ အနေဖြင့် တနေ့ ၃၃၆ ဘတ် အမြင့်ဆုံးရရှိမည်ဖြစ်ပြီး နာရာသီဝပ်နှင့် ပတ်တန်နီပြည်နယ်တို့တွင် တနေ့ ၃၁၃ ဘတ်ဖြင့် အနိမ့်ဆုံးရမည်ဖြစ်သည်။
ထိုသို့ လုပ်ခလစာ ချိန်ညှိုခြင်းသည် စီးပွားရေးအခြေအနေအတွက် သင့်တော်သည်ဟု အလုပ်သမားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်ကယုံကြည်သည်။ ချိန်ခွင်လျှာညီလာပြီး ထိုင်းစီးပွားရေအတွက် အကျိုးရှိမည်ဟု ဆိုသည်။
ထိုကော်မတီသည် အထက်ပါဆုံးဖြတ်ချက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီတွင် အသက်ဝင်ရေးအတွက် အစိုးရသို့ အမြန်ဆုံးတင်သွင်းမည်ဖြစ်သည်။
You may also like these stories:
ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်
ထိုင်းအခြေစိုက် မက်ခရို စူပါမားကက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်