• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICJ ကိစ္စ သင်ခန်းစာယူရန် သူရဦးရွှေမန်းပြော

by မိုးမိုး
8 December 2019
in သတင်း
A A
သူရဦးရွှေမန်း  /  မိုးမိုး / ဧရာဝတီ

သူရဦးရွှေမန်း / မိုးမိုး / ဧရာဝတီ

16.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် ကိစ္စမှာ နိုင်ငံအတွက် သင်ခန်းစာယူရမည့် ကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တည်ထောင်သူ သူရ ဦးရွှေမန်းက  “ဒါ သင်ခန်းစာပဲ။ အဲ့အတိုင်းပဲ အလုပ်တခု လုပ်တဲ့ အခါမှာစည်းလုံးညီညွှတ်မှုများကို ပျက်ပြယ်စေတဲ့ ကိစ္စရပ်များကို သင်ခန်းစာ ယူပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့ လိုမယ်လို့ ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
26
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
22
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
33

ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်ရှိ သူရဦးရွှေမန်း နေသည့် ရာဇသင်္ဂဟ လမ်း၊ အမှတ် A 3 အိမ်ဝန်းအတွင်း၌ ကျင်း ပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံအငယ်လေးမှ တရားစွဲဆိုခြင်းကိုခံရခြင်းမှာ မြန်မာ ပြည်သူ/ သား အနေဖြင့် စည်းလုံးမှု ရှိရန် လိုအပ် ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖြေရှင်းမှုမှာ လေးနက်မှု ရှိသ ကဲ့သို့ မိမိ အနေဖြင့်လည်း ထောက်ခံကြောင်း နှင့် တာဝန်ခံပြီး သွားရောက်သည့် အပြင်တာဝန်ကျေအောင်ဆောင် ရွက်စေ လိုကြောင်း သူရ ဦးရွှေမန်းက ဆက်ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “အဓိက ဆိုလိုချင်တာက ရခိုင်မြောက်ပိုင်း ကိစ္စကို ဖြေရှင်းတဲ့ အခါမှာ အင်အား အလွန်အကျွံ သုံးမှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း အသိအမှတ်ပြုထားခဲ့တယ်။ အဲ့လို ပြဿနာကို ရှေ့လျောက် ဖြေရှင်းတဲ့ အခါမှာ ဒီလို အင်အား အလွန်အကျွံ သုံးတဲ့ ကိစ္စတွေကို သတိထားရမယ်လို့ ဆိုလို ချင်ပုံရပါတယ်။ ကျနော်လည်း အဲ့လိုပဲ မြင်ပါတယ်”  ဟု မှတ်ချက်ပေးသည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုံခြုံရေးတပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အား တန်ပြန်ထိုးစစ်ဆင်မှုတွင် လူသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့သည် ဒုက္ခသည်များပြန်လည် ပို့ဆောင်ရေးကို အနည်းဆုံး စာရွက်ပေါ်တွင် သဘော တူညီထားကြပြီးဖြစ်သော်လည်း လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မ ဟုတ် အနည်းငယ်သာ ရှိနေသည်။

ပြဿနာ၏ ရင်းမြစ်မှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရ ဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ် စေမည်ဟု ရပ်ခံထားသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို  လူ မျိုးတုံးသတ်ဖြတ်ခြင်း ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းချိုး ဖောက်သည်ဟု ဆိုကာ နယ်သာလန်နိုင်ငံ၊ The Hague  မြို့ရှိ ကုလသမဂ္ဂတရားရုံး (ICJ) ၌ နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲ ဆိုခဲ့သည်။

ထိုသို့ တရားစွဲဆို မှုကို ဒီဇင်ဘာ    ဒုတိယပတ်အတွင်း ကြားနာမှုစတင်မည်ဟု ယင်းတရားရုံးက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကြားနားမှုကို အများပြည်သူရှေ့တွင် ဒီဇင်ဘာ  ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းကာလအတွင်း ဂမ်ဘီယာတင်သွင်းထားသည့် ယာယီအပြစ်ပေး အရေးယူရန် တောင်းဆိုချက်ကို ဦးစားပေးဆောင်ရွက် မည်ဖြစ်သည်။

ကြားနာမှု အစီအစဉ်အရ ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက ပထမဦးဆုံး နှုတ်ဖြင့်ကြားနာခြင်း (Oral Observation) ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဒီဇင်ဘာ ၁၁ ရက်တွင် နှုတ်ဖြင့် ကြားနာခြင်း ပေးမည်ဖြစ်သည်။ ဒုတိယ အကြိမ်ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဂမ်ဘီယာကနံနက်ပိုင်း၊ မြန်မာက ညနေပိုင်းတွင် ထွက်ဆိုမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Your Thoughts …
Tags: ICJUPBသူရ ဦးရွှေမန်း
မိုးမိုး

မိုးမိုး

...

Similar Picks:

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

by စွယ်တော်
22 March 2025
6.1k

တဖက်တွင် AA အနေဖြင့် ရန်သူ များလာစေရန်အတွက် စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးရန် ARSA ကို အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

အာဏာသိမ်းမှု နှစ်နှစ်ကြာသော်လည်း တိုင်းပြည်ကို မထိန်းချုပ်နိုင်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်  / သရုပ်ဖော် - Tania Vicedo/Nikkei Asia

ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်

by Dominic Faulder
4 February 2023
15.4k

ဗိုလ်ချုပ်များသည် တိုင်းပြည်ကို မည်သည့်အတွက် ထိုသို့ အုပ်ချုပ်နေကြသနည်း ဆိုသည့်မေးခွန်းမှာ ကျွမ်းကျင်သူများ ဖြေဆိုရန် ကြိုးစားနေသော မေးခွန်းဖြစ်သည်။

Next Post
ကြယ်ငါးပွင့်အဆင့် Port Lympne Hotel and Reserve Kent

ကျား၊ ခြင်္သေ့စတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ရင်း တည်းခိုနိုင်မယ့် ဟိုတယ်

လူပျိုကြီးပါဗျာ

လူပျိုကြီးပါဗျာ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate